We'd like to send you notifications of the latest posts and updates
စီးပွါးရေး အလုပ်အကိုင်
မိမိထက်ကြီးကဲသူ၏ ကူညီမစမှုကြောင့် လုပ်ငန်းများ အောင်မြင်မှုရရှိမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ အောင်မြင်မှုများကို နှစ်ကြိမ်နှစ်ခါ ကြုံတွေ့ရမည့်ကာလဖြစ်သည်။ ဝန်ထမ်းများ အလုပ်တွင် ရာထူးတိုးခြင်း၊ လစာတိုးခြင်းများ ကြုံတွေ့ရမည်။ မိမိလက်အောက်ငယ်သား၏ လေးစားခြင်းကိုခံရတတ်သည်။ စီးပွားရေးလုပ်ငန်းများစတင်လုပ်ကိုင်ရန် ကောင်းသောအချိန်ကာလဖြစ်သည်။ ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများ ပရိဘောဂလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ မြေယာလုပ်ငန်းများ အကျိုးပေးမည်။ ငွေအစုလိုက်အပုံလိုက် ဝင်ခြင်းများကြုံတွေ့ရတတ်သည်။ အိုးသစ်အိမ်သစ်ဝင်ခြင်း (သို့) အိမ်ပြင်အိမ်ဆောက်ရခြင်းများကြုံမည်။ အထည်၊ ထီး၊ ဖိနပ်၊ နာရီရောင်းဝယ်ရေးလုပ်ငန်းများ၊ ဓာတ်ဆီ၊ ဒီဇယ်ရောင်းဝယ်ရေး လုပ်ငန်းများလုပ်ကိုင်ပါကလည်း အောင်မြင်မှုရရှိနိုင်သည်။ စနေသားသမီးများ၊ တနင်္ဂနွေသားသမီးများနှင့် လုပ်ငန်းစပ်တူလုပ်ကိုင်ပါကအဆင်ပြေမည်။
လူမှုရေး
ဘာသာရေးကိစ္စများ ဆောင်ရွက်ရတတ်သည်။ သင်တန်းတက်ရောက်ခြင်း၊ စာမေးပွဲဖြေဆိုခြင်း၊ အင်တာဗျူးကိစ္စများ အောင်မြင်မည်။ အောက်လက်ငယ်သားများ၏ ဝမ်းသာစရာ သတင်းကောင်းများကြားရမည်။ မိမိနေအိမ်သို့ ကိုးကွယ်စရာ ရုပ်ထုပုံတော်များဝင်လာမည်။ ထိုသို့ဝင်လာလျှင်လည်း ကောင်းသည်။ မသိနားမလည်သောပညာရပ်အသစ်များ သင်ကြားရတတ်သည်။ အမှုအခင်းကိစ္စများ ဆောင်ရွက်ရတတ်သည်။ သူခိုးခိုးခံရကိန်းရှိသည်။ ငွေလူလိမ်ခံရတတ်သည် ရုတ်တရက် ခရီးသွားရတတ်သည် မိမိကိုးကွယ်သောဘုန်းကြီး အိမ်သို့ကြွလာမည် သူတပါးပြသာနာများကြားတွင် ပါဝင်ဖြေရှင်းပေးရတတ်သည်။
ကျန်းမာရေး
ကျန်းမာရေးတွင် ခြေလက်ထိခိုက်ဒဏ်ရာရခြင်း၊ ကျောအောင့်ရင်အောင့်ဖြစ်ခြင်း၊ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရခြင်းများဖြစ်တတ်သည်။ ကျန်းမာရေးတွင်စိုးရိမ်စရာမရှိပါ။ ဆေးကုသနေသူများ ဆရာကောင်းသမားကောင်း၊ ဆေးကောင်းဝါးကောင်းတွေ့မည်။
အချစ်ရေး
မိမိချစ်သူအတွက်ကြောင့် ပျော်ရွှင်ရတတ်သည်။ ချစ်သူရည်းစားမရသေးသူများ ချစ်သူရည်းစားရရှိမည်။ ယခုနှစ်တွင် သင့်သည် စန်းပွင့်မည့်ကာလဖြစ်သည်။ ကြာသပတေး သားသမီး၊ သောကြာ သားသမီးဖြစ်ပါက အဆင်ပြေပါလိမ့်မည်။
အိမ်ထောင်ရေး
မိမိအိမ်ထောင်ဘက်နှင့် မကြာခဏ စကားများရတတ်သည်။ သိပ်မကြာခင် ပြန်လည်အဆင်ပြေသွားပါလိမ့်မည်။ သားသမီးရှိက သားသမီးကြောင့်စိတ်ညစ်ရတတ်သည်။
ဆောင်ရန်။ ။ အဝါရောင်
ရှောင်ရန်။ ။ အပြာရောင်
အကျိုးပေးဂဏန်း။ ။ ၂၊ ၇၊ ၅
ယတြာ။ ။ အမွှေးတိုင် (၁၁) တိုင်အားမနုစာရီ နတ်သမီးကို တိုင်တည်ပြီးလှူတန်းပြီး လိုရာဆုတောင်းလိုက်ပါ။
စီးပွါးရေး အလုပ်အကိုင်
လုပ်ငန်းသစ် အလုပ်ကိုင်သစ်များ တိုးချဲ့လုပ်ကိုင်ရကိန်းရှိသည်။ ထိုသို့လုပ်ကိုင်နေစဉ် ကာလအတွင်း လုပ်ငန်းထဲတွင် အပြိုင်အဆိုင် အတိုက်အခံပေါ်တတ်သည်။ စိုးရိမ်စရာမရှိပါ မကြာခင်ကာလတွင် ပြန်လည်အဆင်ပြေသွားပါလိမ့်မည်။ အတိုက်အခံများကြားတွင် အောင်မြင်နေမည်> မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများရရှိမည်။ ဝန်ထမ်းများ အလုပ်နေရာပြောင်းရွှေ့ရတတ်သည်။ အလုပ်ထဲတွင် စိတ်မဝင်စားဘဲဖြစ်နေမည်။ အလုပ်နှင့်ပတ်သက်ပြီး ခရီးသွားရလျှင်ကောင်းသည် အဆက်အသွယ်ကောင်းများရရှိခြင်း လုပ်ငန်းနေရာ တိုးချဲ့ရခြင်းများကြုံမည်။ နိုင်ငံရပ်ခြားနှင့်ပတ်သက်သော ကိစ္စများအဆင်ပြေမည်။ အထူးသဖြင့် ရေကြောင်းခရီးနှင့် ပတ်သက်သော ကိစ္စများအဆင်ပြေမည်။ မြေယာလုပ်ငန်း၊ ပဲလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ပါကအဆင်ပြေမည်။ မြေဝင်ကိန်းလည်းရှိသည် သွပ်သံသစ် ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ အဆင်ပြေမည် စပ်တူလုပ်ငန်း ရှယ်ရာလုပ်ငန်းများ မလုပ်ပါနှင့်အဆင်မပြေနိုင်ပါ။ လူလိမ်ခံရတတ်သည် ဆန်ဆီဆေးဆား ရောင်းဝယ်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းနှင့်ပတ်သက်သော လုပ်ငန်းများလုပ်ကိုင်ပါက အဆင်မပြေနိုင်ပါ။ လုပ်ငန်းစတင်လုပ်ကိုင်မည့်သူများ မိမိလုပ်ငန်း အောင်မြင်မှုရရှိမည့် အချိန်ကာလဖြစ်သည်။
လူမှုရေး
အမှုကိစ္စများ ဖြေရှင်းရတတ်သည် အမျိုးသမီးတစ်ဦးကြောင့် စိတ်ညစ်ရတတ်သည် ရပ်ဝေးမှ သတင်းကောင်းကြားရမည်။ အဝေးမှဆွေမျိုးများ ရောက်လာမည်။ အလှူမင်္ဂလာဆောင်ကိစ္စများ ပြုလုပ်ရတတ်သည် ငွေဝင်မည်။ လာဘ်ကောင်းရရှိမည်။ မိမိမိတ်ဆွေ အပေါင်းအသင်းများအား အလွယ်တကူမယုံပါနှင့်။ မိမိအလွန်ခင်မင်ရင်းနှီးရသူများကြောင့် စိတ်ညစ်ရတတ်သည်။ ပြည်တွင်းပြည်ပ ခရီးများသွားရတတ်သည်။ သင်တန်းများ တက်ရောက်ရတတ်သည်။ ပညာရေးအလွန်ကောင်းသည်။
ကျန်းမာရေး
ကျန်းမာရေးတွင် နားဥပါဒ်ပေးတတ်သည်။ ဦးခေါင်းပိုင်းထိခိုက်ဒဏ်ရာရခြင်း၊ အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်းများကြုံမည်။ သတိထားပါ။
အချစ်ရေး
အချစ်ရေးတွင် မိမိချစ်သူထံမှ သတင်းကောင်းကြားရမည်။ ချစ်သူနှင့်အတူ ပျော်ရွှင်စရာခရီးတစ်ခုသွားရလိမ့်မည်။
အိမ်ထောင်ရေး
အိမ်ထောင်ရေးတွင် ကြားလူအနှောင့်အယှက်ပေါ်တတ်သည်။ မိမိအိမ်ထောင်ဘက်နှင့် မကြာခဏဆိုသလို စကားများရမည်။ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားမှုများ နားလည်မှုလွဲမှားမှုများကြောင့် ဝေးကွာရတတ်သည်။
ဆောင်ရန်။ ။ အဝါရောင်၊ အပြာရောင်၊ အစိမ်းရောင်
ရှောင်ရန်။ ။ ခရမ်းရောင်
အကျိုးပေးဂဏန်း။ ။ ၆၊ ၂၊ ၁
ယတြာ။ ။ မေမြို့ပန်း (၅) ပွင့်အား ဘုရားလှူပြီး လိုရာဆုတောင်းလိုက်ပါ။
စီးပွါးရေး အလုပ်အကိုင်
တနယ်တကျေးသို့ သွားရောက်လုပ်ကိုင်ရသော လုပ်ငန်းတစ်ခု လုပ်ကိုင်ရကိန်းရှိသည်။ ။ လုပ်ငန်းထဲတွင်လည်းကောင်း မိမိပတ်ဝန်းကျင်တွင်လည်းကောင်း မိမိအားမကောင်းကြံသူများ ရှိနေတတ်သည်။ အပြိုင်အဆိုင်အတိုက်အခံ အလွန်များသောကာလဖြစ်သည်။ ရန်စကားများပြောရတတ်သည်။ ဝန်ထမ်းများမိမိထက် ရာထူးအားဖြင့်ကြီးမြင့်သောသူ၏ ကူညီမစမှုကိုရရှိမည်။ အောက်လက်ငယ်သားများ မိမိအားပြန်လည် တော်လှန်ခြင်းကြောင့် စိတ်ညစ်ရတတ်သည်။ သူတစ်ပါးအတွက် သက်သေလိုက်ပေးရတတ်သည်။ စပ်တူရှယ်ရာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ သူတစ်ပါးအတွက် အကူအညီပေးလိုက်ရခြင်းကြောင့် ငွေကြေးများကုန်ဆုံးသွားတတ်သည်။ မကြာမီကာလအတွင်း စီးပွားတက်ခြင်းကြုံမည်။ စီးပွားရေးလုပ်ငန်း လုပ်မည်ဆိုပါက စနေနာမ်၊ တနင်္ဂနွေနာမ် လုပ်ငန်းများအကျိုးပေးသည်။ အထည်၊ ထီး၊ ဖိနပ်နာရီ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်း၊ အုတ်လုပ်ငန်းများ အကျိုးပေးသည်။ စနေသားသမီး၊ တနင်္ဂနွေသားသမီးများနှင့် လုပ်ငန်းလုပ်ကိုင်ပါကအဆင်ပြေမည်။
လူမှုရေး
အဝေးမှဆွေမျိုးတစ်ဦး၏ ကျန်းမာရေးညံ့သော သတင်းကြားရမည်။ စိတ်အကျဉ်းအကျပ် ရောက်စရာများ ကြုံတွေ့ရတတ်သည်။ အိမ်သစ်ဝင်ခြင်း၊ အိမ်ပြင်ရခြင်းများကြုံမည်။ မိတ်ဆွေများနှင့် စကားအခြေအတင် ပြောဆိုရတတ်သည်။ သူတစ်ပါး၏ အမှုကိစ္စများတွင် ကြားဝင်ဖြေရှင်းပေးရခြင်း၊ အာမခံ လိုက်ပေးရခြင်းများကြုံမည်။ လာဘ်လာဘဘ်ရရှိမည်။ စိတ်ချမ်းသာစရာများ ကြုံရတတ်သည်။ မိမိထက်ငယ်ရွယ်သူ (သို့) အောက်လက်ငယ်သား၏ မင်္ဂလာသတင်းကြားရမည်။ စာချုပ်စာတမ်း စာရွက်စာတမ်းနှင့် ပတ်သက်သောကိစ္စများ သတိထားပါ။ သောကနှင့်ယှဉ်သော ခရီးများသွားရတတ်သည်။ အဆင်မပြေနိုင်ပါ။ လမ်းခရီးတွင် အချိန်ကြံ့ကြာခြင်းများ ကြုံတွေ့ရတတ်သည်။ ပညာရေးအခက်အခဲကြုံမည်။
ကျန်းမာရေး
ကျန်းမာရေး အညံ့ကြုံမည် ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း၊ ကျောအောင့်ရင်အောင့်ဖြစ်ခြင်း၊ ကား၊ စက်ဘီး ၊ ဆိုင်ကယ်များစီးလျှင်သတိထားပါ။
အချစ်ရေး
ချစ်သူရည်းစားများ မိမိချစ်သူနှင့် မကြာခဏ စကားများရမည့် ကာလဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ၊ နားလည်မှု လွဲမှားမှုများကြောင့် လမ်းခွဲရကိန်းရှိသည်။
အိမ်ထောင်ရေး
အိမ်ထောင်ရေး အရှုပ်အရှင်းဖြစ်တတ်သည်။ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းမရသော ပြသာနာများပေါ်မည်။ လူပျိုအပျိုများ အိမ်ထောင်ကျကိန်းရှိသည်။
ရှောင်ရန်။ ။ နီညို၊ အညိုရောင်
ဆောင်ရန်။ ။ စိန် ၊ ဇီးညွန့်ဆောင်ပါ
အကျိုးပေးဂဏန်း။ ။ ၇၊ ၉၊ ၂
ယတြာ ။ ။ ဒန်း(၇) ညွန့်အိမ်ဘုရားတွင်လှူပြီးလိုရာဆုတောင်းပါ။
စီးပွါးရေး အလုပ်အကိုင်
ဇာတာရှင်သည် ယခုနှစ်မှာ အလုပ်အကိုင်စီးပွားရေးနှင့်ပတ်သတ်ပြီး လေးလအတွင်းမှာ ငွေဝင်မယ်။ ရွှေဝင်မယ်။ ရေတွင်းရေကန်တွေ တူးရတက်တယ်။ မြေကိစ္စ၊ အမြွေကိစ္စ၊ မိသားစုကိစ္စလေးတွေ အတိုက်အခံပေါ်မယ်။ စိတ်ညစ်စရာတွေကြုံမယ်။ အလှူဒါနလေးတွေတော့ ပြုလုပ်ရတက်ပါတယ်။ အရောင်းအဝယ်သမားတွေ လာဘ်ရွှင်ပါလိမ့်မယ်။ ငွေကဝင်မယ်၊ အထွက်လည်းများနေတက်ပါတယ်။ အလုပ်မှာတော့ အတိုက်အခံပေါ်မယ်၊ ရန်ပေါ်မယ်။ စကားအခြေအတင်တွေ ပြောနေရတက်ပါတယ်။ လေးလကျော်ပြီး နောက်ပိုင်းကာလတွေမှာ ငွေကြေးအတွက် ပူပင်စရာလေးတွေကြုံလာမယ်။ ငွေချေးငှား၊ အာမခံခြင်းမပြုလုပ်ရ၊ ပြန်မရတက်။ ငွေကိုအကြောင်းပြုပြီး စိတ်ညစ်ရတက်တယ်။ အလုပ်မှာရန်ပေါ်မယ်။ အလုပ်အကိုင်ထစ်ငေ့ါနေတာ၊ လွဲလျှော်နေတာလေးတွေ တွေ့ကြုံလာရတက်တယ်။ ဘယ်လိုလုပ်ငန်းမျိုးပဲ လုပ်လုပ် အပြိုင်အဆိုင်၊ အတိုက်အခံတွေကြုံတွေ့ပြီးမှ အောင်မြင်မယ်။ ကိုယ်ကွယ်စရာ ဘုရားဆင်းတုတော်၊ ဓာတ်ပုံတွေဝင်လာလျှင် ထီထိုးပါ။ ဘာသာရေး များများပြုလုပ်ပေးပါ။ စိတ်ဖီးစီးမှုတွေ ပေါ်လာတက်ပါတယ်။ မိသားစုရေးကိစ္စတွေ၊ မိတ်ဆွေတွေနှင့် အဆင်မပြေဖြစ်တက်ပါတယ်။ ရွှေဝင်မယ်။ အိမ်မှာ လူဝင်လူထွက်တွေများနေပါလိမ့်မယ်။ တောင်အရပ်ကနေ စုပ်၊ လာဘ်တွေ ဝင်လာပါလိမ့်မယ်။ စက်ပစ္စည်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝင်မယ်။ ခရီးထွက်ရကိန်းကြုံမယ်။ သူတစ်ပါးကိစ္စတွေ ဝင်မပါမိပါစေနှင့်။ ယခုနှစ်မှာ အကျိုးပေးမည့် အလုပ်အကိုင်တွေမှာ အင်္ဂါနံတွေဖြစ်တဲ့ - ဆန်၊ ဆီ၊ စားသောက်ကုန်၊
စက်ပစ္စည်း၊ စပ်တူ၊ ရှယ်ယာ။ ဗုဒ္ဓဟူးနံတွေ - လူသုံးကုန်၊ လ္ဘက်ရည်ဆိုင်၊ ရွှေ၊ ရေ၊
အလှပြင်ဆိုင်၊ ဝပ်ရှော့၊ လျှပ်စစ်ပစ္စည်းဆိုင်။ တနင်္လာနံ - ကုန်စုံ၊ ကုန်ခြောက်၊ ငါးပိ၊
ငါးခြောက်၊ ခြံ၊ ကား၊ ကျောက်၊ ကွမ်း လုပ်ငန်းတွေမှာ အကျိုးပေးသောအလုပ်တွေဖြစ်ပါတယ်။
လူမှုရေး
လူမှုရေးမှာ အတိုက်အခံတွေ များနေမယ်။ စကားအခြေအတင် ပြောရတတ်တယ်။ အမှု့အခင်းဖြစ်တက် (သတိရှိပါ)။ သူတပါး မကောင်းပြောဆိုခြင်း၊ မကောင်းသောအတက်ပညာဖြင့် ပြုစားခြင်းခံရတက်တယ် (သူများကျွေးတာမစားရ)။ အမွေ၊ မြေအတွက် စကားပြောရတက်တယ်။ အမှု့မဖြစ်အောင်နေပါ။ အမှု့ဖြစ်လျှင်ကြာမယ်။ အကြီးအကဲတွေကူညီမယ်။ စကားပြောတာ သတိထားပြောပေးပါ (ချိူသာယဉ်ကျေးစွာ ပြောဆိုတက်ရန်လိုပါတယ်)။ (ဘာသာရေးများများလုပ်ပါ) ။
ကျန်းမာရေး
ဆီး၊ မျက်စိ၊ အစာအိမ်၊ ဝမ်းဗိုက်နှင့်ပတ်သတ်တာ၊ ဦးခေါင်းပိုင်းမကြည်တာ၊ သွေးပေါင်ကျ၊ သွေးအားနည်း၊ မူးမော်ခြင်း၊ အာရုံကြော၊ အကြောတက်တာတွေ၊ စက်ပစ္စည်းနှင့်ပတ်သတ်ပြီး ထိခိုက်ဒဏ်ရာရတာ၊ အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရတတ်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။
အချစ်ရေး
ငယ်ရွယ်သူများ အချစ်ရေးမှာ အဆင်မပြေမှုလေးတွေတော့ မကြာခဏတော့ ဖြစ်နေပါလိမ့်မယ်။ စန်းပွင့်တဲ့နှစ်တွေ ဖြစ်နေပေမယ့် ရွေးချယ်ရ ခက်နေတတ်ပါတယ်။ အချစ်ရေးမှာ ကြားလူဝင် အနှောင့်အယှက်တွေ ပေါ်နေမယ်။ သဝန်တို၊ စိတ်မချမှု့တွေလည်း ဖြစ်ပေါ်နေပါလိမ့်မယ်။ ယခုနှစ်အတွက်တော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ရှိနေပါလိမ့်မယ်။
အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာ ယခုနှစ်တွင် မကြာခဏဆိုသလို အတိုက်အခံတွေ ဖြစ်နေတက်တယ်။ မိသားစုကိစ္စ၊ ညီအစ်ကိုမောင်နှစ်မ ကိစ္စတွေကြောင့် ပြဿနာတွေဖြစ်တတ်တယ်။ ကြားလူဝင် အနှောက်အယှက်ပေါ်မယ်။ စီးပွားရေးအဆင်ပြေချိန်မှာ အိမ်ထောင်ရေးဇယားရှုပ်တာ၊ အပျော်အပါးလိုက်စားပါက တက်လာမယ့်အညွှန့် ပြန်ကျိုးတတ်ပါတယ်။ အိမ်ထောင်ရေးမှာ ကတောက်ကဆ မကြာခဏတော့ဖြစ်နေပါလိမ့်မယ်။
ဆောင်ရန် ။ ။ နီလာ၊ သန္တာကျောက် ၊ အဖြူရောင်
ရှောင်ရန် ။ ။ အချို၊ အမဲသား
အကျိုးပေးဂဏန်း ။ ။ ၅၊ ၁၊ ၈
ယတြာ ။ ။ မွေးနေ့မှာ ရေလှူပါ။ ရွက်လှ(၄) ညွန့်လှူပြီး လိုရာဆုတောင်းပါ
စီးပွါးရေး အလုပ်အကိုင်
ကြာသပတေးသားသမီးများအတွက် ယခုနှစ်မှာ စီးပွားရေးအလုပ်အကိုင်နှင့် ပတ်သတ်ပြီး ယခုအချိန်ခါမှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတတ်တယ်။ အလုပ်အကိုင်လေးတွေလွဲချော်တာ၊ ထစ်ငေါ့နေတာတွေ၊ ငွေကုန်စရာတွေ များနေပါလိမ့်မယ်။ ငွေဝင်သလောက်
ပြန်ထွက်နေတတ်ပါတယ်။ အရောင်းအဝယ်သမားတွေ လက်ထဲငွေမမြဲပါ။ တစ်ဖက်ကဝင်ပြီး တစ်ဖက်က ပြန်ထွက်နေတတ်ပါတယ်။ ဒါပေမယ့် ကြာသပတေးသားသမီးတွေရဲ့ ကံဇာတာ အပြောင်းအလဲလေးကတော့ (၅) လပိုင်းကနေစပြီး ပြောင်းလဲလာပါလိမ့်မယ်။ ရာထူး၊ လစာတိုးမယ်။ မြေ၊ ပရိဘောဂပစ္စည်းဝင်မယ်။ အသိပညာသစ်ရမယ်၊ သင်တန်း၊စာမေးပွဲကိစ္စတွေ အောင်မြင်မယ်။ ငွေဝင်မယ်။ လုပ်ငန်းသစ်တွေပေါ်လာမယ်။ အပြောင်းအရွှေ့တွေ ကြုံတွေ့ရတတ်ပါတယ်။ အရောင်းအဝယ်သမားတွေ လက်ဖျားငွေသီးမယ်။ ပွဲရုံ၊ ပွဲစား၊ ပညာရေး၊ ပရိဘောဂပစ္စည်း အရောင်းအဝယ်လုပ်သူများ အမြတ်အစွန်းရမယ်။ ခရီးတွေထွက်ရတတ်တယ် (ပြည်တွင်းပြည်ပခရီးစဉ်ဖြစ်သလို၊ ဘုရားဖူးခရီးတွေ ထွက်ရတတ်တယ်) ။ လက်ဆောင်ပစ္စည်းတွေရမယ်။ ဆရာသမား၊ အကြီးအကဲ မစမယ်။ စက်ပစ္စည်းဝင်မယ်။ ယခုလက်ရှိအလုပ်မှာ အဆင်မပြေလည်းထွက်လို့ရတယ်။ ပြောင်းလို့ရတယ်။ လုပ်ငန်းသစ် စလုပ်ရင်လည်း အောင်မြင်မယ်။ ငွေရှာရ လွယ်ကူနေမယ်။ အလှူဒါနများလုပ်ပါ။ ငွေဝင်လာလျှင် အိမ်ပြင်၊အိမ်သာပြင်တာပြုလုပ်ပေးရတက်တယ်။ ယခုနှစ်မှာ စီးပွားရေးလုပ်လျှင် အကျိုးပေးသောအလုပ်တွေမှာဆိုရင် - တနင်္လာနံ၊ ကြာသပတေးနံ၊ တနင်္ဂနွေနံတွေနဲ့ စီးပွားရေးလုပ်ကိုင်ပါက အောင်မြင်စေမယ်။ တနင်္လာနံ - ကုန်စုံ၊ ကုန်ခြောက်၊ ခြံ၊ ကား၊ ကွမ်း၊ ငါးပိ၊ ငါးခြောက်။ ကြာသပတေးနံ - ပညာရေးလုပ်ငန်း၊ ပွဲရုံ၊ ပွဲစား၊ မွေးမြူရေး၊ ပရိဘောဂ၊ တနင်္ဂနွေနံတွေက - အိုးအိမ်၊ အဆောက်အဦး၊ အရောင်းအဝယ်လုပ်ငန်း၊ အွန်လိုင်းရှော့၊ အအေးဆိုင်တွေပဲဖြစ်ပါတယ်။
လူမှုရေး
အကြီးအကဲပိုင်းကူညီမယ်။ မိမိအပေါ်မနာလို၊ အပြိုင်အဆိုင်တွေ ကြုံတွေ့ရတတ်ပေမယ့် မိမိအတွက် စိုးရိမ်စရာမရှိပါ။ စကားတော့ အခြေအတင်ပြောရကိန်းကြုံမယ်။ အနှောင့်အယှက်တွေ ရှိနေပေမယ့်လည်း မိမိကိုဒုက္ခပေးမယ့် အနှောင့်အယှက်မျိုးမဟုတ်ပါ။ အမိအဖ ကျန်းမာရေးချူချာတတ်တယ်။ ဆရာသမားတွေထံမှ ပညာသစ်တွေရမယ်။ “စေတနာကောင်းထား၊ စိတ်ကောင်းမွေးပါ” လိုအပ်သောအကျိုး ပေးပါလိမ့်မယ်။
ကျန်းမာရေး
ကျန်းမာရေးပိုင်းမှာ ဆီး၊ မျက်စိ၊ အစာအိမ်၊ ဇာတ်ကြောတက်၊ အစားမှား၊ လေအောင့်၊ ရာသီအကူးအပြောင်း ဖျားနာတာတွေဖြစ်တတ်ပါတယ်။ သွေးအားနည်း၊ သွေးတိုး၊ သွားနာတာတွေ တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဆေးထိုး၊ ဆေးသောက်ပြုလုပ်ရတတ်ပါတယ်။
အချစ်ရေး
ငယ်ရွယ်သူများ အချစ်ရေး စန်းပွင့်တဲ့နှစ်ဖြစ်တယ်။ ရွေးချယ်ရခက်ခဲနေတတ်တယ်။ ချစ်သူရှိပါက မကြာခဏ သဝန်တို၊ စိတ်မချမှုတွေကြုံတွေ့နေရပြီး စကားများနေရတတ်ပါတယ်။ မမျှော်လင့်ပဲ အိမ်ထောင် ကျတတ်ပါတယ်။ အိမ်ထောင်ပြုမယ် ဆိုလျှင်လည်း ပြုလို့ရတဲ့နှစ်ပါ။ ခရီးနှင့်အတူခရီးထွက်ရကိန်းကြုံမယ်။ပညာရေးမှာ အသိပညာသစ်၊ အတက်ပညာသစ်ရမယ်။ ဆရာသမားတို့ထံမှ အကူအညီ၊ ပညာသစ်ရမယ်။ သင်တန်းတက်ရကိန်းကြုံမယ်။ စာမေးပွဲ၊ အလုပ်အင်တာဗျူး ကိစ္စများအောင်မြင်မယ်။ ကြိုးစားသလောက် ထွန်းပေါက်အောင်မြင်မယ်။
အိမ်ထောင်ရေး
အိမ်ထောင်ရေးမှာ တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေနဲ့ ရှေ့ဆက်ပြီးဖြတ်သန်းနေရတတ်တယ်။ ဆိုးကောင်းဆွေးနွေးတိုင်ပင်ပြီးတော့ ဖြတ်သန်းပါက အဆင်ပြေပါလိမ့်မယ်။ တစ်ခါတစ်ရံတော့ ကတောက်ကဆ ကြုံတွေ့ရတက်ပေမယ့် ပြဿနာမကြီးထွားနိုင်ပါ။ သားသမီးရတနာရမယ်။ မိသားစုနဲ့အတူ ခရီးထွက်ရတတ်တယ်။
ဆောင်ရန် ။ ။ အနီ
ရှောင်ရန် ။ ။ အငန်၊ အစပ်၊ ဝက်သား၊ အမဲသား
အကျိုးပေးဂဏန်း ။ ။ ၉၊ ၁၊ ၂
ယတြာ ။ ။ မိမိမွေးနေ့မှာ ရေလှူ၊ မီးလှူ၊ ဆေးလှူပေးပါ။ ကိတ်မုန့်(၉)ချပ်
ဘုရားကိုမကြာခဏကပ်ပြီး မိမိလိုရာဆုတောင်းပါ။
စီးပွါးရေး အလုပ်အကိုင်
ယခုနှစ်မှာ ဇာတာရှင်အနေဖြင့် အလုပ်အကိုင် စီးပွားရေးနဲ့ ပတ်သတ်ပြီး ကံ၊ ဉာဏ်၊ ဝီရိယအားထုပ်ရမည့် နှစ်ဖြစ်တယ်။ ငွေရှာရတာလွယ်သလောက် ငွေကုန်စရာတွေလည်းပေါ်မည်။ ကျန်ဖန်ပြီး ငွေထွက်နေမယ်။ ငွေချေးအာမခံတာတွေ မပြုလုပ်ရ။ ပြန်တောင်းရ ခက်ခဲတာတွေဖြစ်မယ်။ ဝန်ထမ်းဆို ရာထူး၊ လစာတိုးမယ်။ အလုပ်မှာအပြိုင် အဆိုင်အတိုက်အခိုက်တွေပေါ်မည်။ လုပ်သမျှလည်း မထင်ပေါ်တာ အရာမရောက်တာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အဆိုးအကောင်းဒွန်တွဲနေတဲ့နှစ်ဖြစ်တယ်။ ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်း၊ ပွဲရုံ ၊ ပွဲစားလုပ်ငန်းတွေ အမြတ်အစွန်းရမယ်။ ခရီး ထွက်ရကိန်းတွေကြုံရမယ်။ လူမျိုးဘာသာမတူသူတွေ ဒုက္ခပေးတတ်တယ်။ ရွှေဝင်မယ်။ ရေတွင်းရေကန်တူးရတတ်တယ်။ ထီကံကောင်းတယ်။ ထီထိုးပါ။ အကြီးအကဲကူညီမယ်။ ဘာသာရေး သာသနာရေးလုပ်ငန်းများလည်း လုပ်ကိုင်ရတတ်တယ်။ အိုးအိမ် အသစ်ဆောက်ရမယ်။ ပြင်ရတတ်ပါတယ်။ အိမ်ပြောင်း အလုပ်ပြောင်း ရတာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ယခုနှစ်မှာ စီးပွားရေး စတင်လုပ်ဆောင်မည်ဆိုပါက အကျိုးပေးမယ့်လုပ်ငန်းတွေ မှာ အင်္ဂါ၊ တနင်္လာ၊ စနေနဲ့ ကြာသပတေးနံ လုပ်ငန်းများ လုပ်ကိုင်ပါက အကျိုးပေးပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စားသောက်ကုန် စက်မူလုပ်ငန်းများ၊ ကုန်ရောင်းကုန်ဝယ်၊ ကုန်ခြောက်ဆိုင်။ ကား၊ ကျောက်၊ ကွမ်း၊ ငါးလုပ်ငန်းများ၊ အထည်၊ ဓာတ်ဆီ၊ ဒီဇယ်၊ ထီ၊ ထမင်းဆိုင်လုပ်ငန်း၊ ပွဲရုံ၊ ပွဲစား၊ မွေးမြူရေး၊ ပရိဘောဂလုပ်ငန်းတွေ အကျိုးအမြတ်ရမယ် အောင်မြင်ပါလိမ့်မယ်။
လူမှုရေး
သူတစ်ပါးကိစ္စဝင်မပါမိစေနှင့်။ မဖြစ်မနေ ဝင်ဖြေရှင်းပေးရတာလည်း ကြုံတတ်ပါတယ်။ အပြိုင်အဆိုင်တွေ အတိုက်အခံတွေ မိမိကို မကောင်းပြောဆိုခြင်းတွေ ခံရတတ်ပါတယ်။ အကြီးအကဲ အထက်လူကြီးပိုင်းကြောင့် စိတ်ညစ်ရတတ်တယ်။ မိမိသားသမီးတွေ အမြင့်ကပြုတ်ကျတတ်ပါတယ်။ မိမိညီအကို မောင်နှမ မိသားစု အပေါ်အလိုမကျတဲ့ စိတ်ခံစားချက်တွေတော့ဖြစ်ပေါ်ပါလိမ့်မယ်။
အချစ်ရေး
ငယ်ရွယ်သူများ အချစ်ရေးနှင့်ပတ်သတ်ပြီး တစ်ဦးနှင့်တစ်ဦး သဝန်တိုတာတွေ စိတ်မချတာတွေဖြစ်ပေါ်ပါမယ်။ ခရီးအတူထွက်ရကိန်းကြုံမယ်။ တခါတရံ သဘောထားကွဲလွဲမူကြုံမယ်။ လူလွတ်များစမ်းပွင့်နေမယ်။ ချစ်သူရကိန်းကြုံမယ်။ မိမိကိုစိတ်ဝင်စားသူ တစ်ယောက်မကနှစ်ယောက်ရှိမယ်။ ဘဝရှေ့ရေးအတွက် လိုအပ်ချက်တွေရှိနေအုံးမယ်။ပညာရေးအပိုင်းမှာတော့ ဇွဲလုံးလဝရိယအားစိုက်ထည့်ရပါလိမ့်မယ်။ အပေါင်းအသင်း လူမူရေးကြောင့် ပညာရေးထိခိုက်သလိုအချစ်ရေး ကျန်းမာရေးကြောင့်လည်း ပညာရေးထိခိုက် တတ်တယ်။သင်တန်းတက်ဖို့ပေါ်မယ်။
အိမ်ထောင်ရေး
အိမ်ထောင်ရေးအနေနဲ့ မိမိအိမ်ထောင်ဖက်အပေါ်တစ်ခါတစ်ရံ အလိုမကျမှုတွေ ဖြစ်ပေါ်နေလိမ့်မယ်။ အတိုက်အခံစကားပြောရတာတွေရှိမယ်။ မိသားစုနဲ့ပတ်သတ်ပြီး စကားများရတတ်တယ်။ သားသမီး ရတနာရကိန်းရှိမယ်။ ယခုနှစ်အတွက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ရှိနေမယ်။
ဆောင်ရန်။ ။ အပြာ၊ ခဲ၊ ရောင်စုံတွေ ဝတ်ဆင်အသုံးပြုပါ
ရှောင်ရန်။ ။ အနက်ရောင်
အကျိုးပေးဂဏန်း။ ။ ၁၊ ၇၊ ၈
ယတြာ။ ။ မိမိမွေးနေ့တိုင်း အုန်းထန်းလျက်-အုန်း(၁) ညွန့် နှင်းဆီ(၇)ပွင့်ဘုရားမှာလှူပြီး မိမိလိုရာဆုတောင်းပါလေ။
စီးပွါးရေး အလုပ်အကိုင်
အလုပ်အကိုင်နဲ့ပတ်သက်၍ ယခုနှစ်အတွင်း တွေဝေမှုတွေ များပြားနေရတတ်တယ်။ အပြိုင်အဆိုင် အတိုက်အခိုက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရတတ်သည်။ အထူးသဖြင့် လူမျိုးခြားများနဲ့လုပ်ကိုင်သည့် လုပ်ငန်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်တတ်၍ သတိထားပါ။ လူလိမ်ခံရကိန်းရှိသည်။ အကျိုးပေးသည့် လုပ်ငန်းမှာ အိုးအိမ် အဆောက်အဦး၊ အိမ်ဆောက်ပစ္စည်း ၊အုပ်လုပ်ငန်း ၊အိမ်ဆိုင်များ လုပ်ကိုင်ပါက အကျိုးပေးပါလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးခြင်း၊အစိုးရ၏ချီးမြောက်ခြင်းခံရမည်။ နေရာပြောင်းရွေ့ရလိမ့်မည်။ ပို၍ကောင်းသော နေရာသို့ရောက်ရှိပါလိမ့်မည်။ ထီကံဇာတာတော့ အနည်းငယ်ညံ့နေပါသည်။
လူမှုရေး
လူလိမ်ခံရကိန်းရှိသည်။ မိတ်ဆွေရင်းတစ်ဦးမိမိကို မကောင်းကြံတတ်သည်။ တနင်္ဂနွေ သားသမီးများနဲ့ အထူးသတိထားပါ။ အိမ်တွင်းရေး၌လည်း အဆင်မပြေဖြစ်တတ်ပါသည်။ မသွားတော့ဘူးလိုလိုနှင့် ခရီးတစ်ခုသွားရလိမ့်မည်။ ခိုက်ရန်ဖြစ်ပွါး၍ တရားဆိုင်ရတတ်သည်။ အရမ်းစိုးရိမ်စရာတော့ မရှိပါဘူး။ အလှူအတန်းတစ်ခု ပြုလုပ်ရလိမ့်မည်။ အလှူလုပ်ပြီးပါက ငွေအလုံးအရင်းနှင့် ဝင်လာပါလိမ့်မည်။
ကျန်းမာရေး
ကျန်းမာရေးတွင် ခါးနဲ့ပတ်သက်ပြီးဖြစ်တတ်တယ် ခါးနာတာ၊ ခါးမျက်တာ၊ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာရတတ်တယ်။ မိမိအိမ်တွင် အသက်ကြီးသူ အမေ၊ အဒေါ် ကျန်းမာရေး အနည်းငယ်ညံ့နေတတ်တယ်။ ပညာရေး အနည်းငယ် အညံ့ပိုင်းရောက်နေသည့်အတွက်ကြောင့် ပညာရေးဘက်တွင် စိတ်မပါတာမျိုး ဖြစ်နေတတ်တယ်။ ဆက်တက်ချင်စိတ်မရှိအောင် တွေဝေနေတတ်တယ် သို့သော် ဆက်တက်ပါ အောင်မြင်မှုတွေရလာပါလိမ့်မယ်။ဆရာသမားများ၏ ကူညီမှုတွေလည်းရပါလိမ့်မယ်။
အချစ်ရေး
ယခုနှစ်အတွင်း စိတ်မတည်ငြိမ်မှုတွေဖြစ်နေတတ်တယ်။ မိမိအား သဘောကျနေသောသူ တစ်ယောက်မက ရှိနေပြီး ရွေးချယ်ရခက်နေတာမျိုးကြုံရမယ်။ မိမိထက် အသက်အနည်းငယ်ကြီးသူဖြစ်ပါက အဆင်ပြေမှုတွေကြုံရပါလိမ့်မယ်။ လက်ထပ်ရန်အတွက်တော့ တွေဝေနေတာမျိုး ဖြစ်နေတတ်တယ်။ အရမ်းတွေဝေမနေပါနဲ့ အဆင်ပြေသွားပါလိမ့်မယ်။
အိမ်ထောင်ရေး
အိမ်ထောင်ရှင်များ ဖြစ်ပါက ယခုနှစ်အတွင်းတွင် အေးဆေးတည်ငြိမ်သော၊ သာယာဖြောင့်ဖြူးသော အိမ်ထောင်ရေးဖြစ်ပါလိမ့်မယ်။ သားသမီးကံဇာတာတော့ အနည်းငယ်ညံ့နေသည့်အတွက် သားသမီးကြောင့် စိတ်သောက ရောက်ရတတ်ပါတယ်။
ဆောင်ရန်။ ။ အနီရောင်ပစ္စည်း
ရှောင်ရန်။ ။ အနက်ရောင်ပစ္စည်း
အကျိုးပေးဂဏန်း။ ။ ၁၊ ၃၊ ၈
ယတြာ။ ။ ဒန်းညွန့် (၇) ညွန့်ဘုရားလှူပြီး လိုရာဆုတောင်းပါ။
Back to top
Share