We'd like to send you notifications of the latest posts and updates

Article

ပိုမိုမြင့်မား ကောင်းမွန်သော ပရော်ဖက်ရှင်နယ်ဘဝကို ရရှိရန် လေ့လာသင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတတ်မှုမှ တစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ပါ။

02 Sep,2022 - Yangon | 2 mins read

ရေးသားသူ = အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်အရာရှိချုပ် ဦးကျော်မင်းသိန်း

 

“လေ့လာသင်ယူခြင်းကို မရပ်တန့်ပါနှင့်” ဆိုသည့် စကားကို မကြာခဏ ကြားရလေ့ရှိပြီး ယင်းပြောစကားသည် လုံးဝမှန်ကန်ပါသည်။  လေ့လာသင်ယူခြင်းသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ ကျင့်သုံးနိုင်ရန် ကျွန်ုပ်တို့ အစဉ်လိုအပ်နေသော အရာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ စူးစမ်းလိုစိတ်ရှိသော လူ့သဘောသဘာဝကို ဖြည့်ဆည်းပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ လေ့လာသင်ယူခြင်းသည် လူတစ်ဦး၏ ဘဝကို တိုးတက်စေမည့် အသိပညာ၊ နားလည်မှု သို့မဟုတ် ကျွမ်းကျင်မှုအသစ်များကို ဆည်းပူးခြင်းအနေနှင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ၎င်းကို ပညာရပ်အနေနှင့်ဖြစ်စေ၊ ပရော်ဖက်ရှင်နယ်အနေနှင့်ဖြစ်စေ သို့မဟုတ် လူမှုရေး ပုံစံဖြင့်ဖြစ်စေ  ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါသည်။ ပရော်ဖက်ရှင်နယ် နယ်ပယ်တွင် အဖွဲ့အစည်းများသည် ၎င်းတို့ အဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုမြှင့်တင်ရန်နှင့် ၎င်းတို့၏ရှိရင်းစွဲစွမ်းဆောင်ရည်များကို ပိုမိုကောင်မွန်စေရန် အခွင့်အလမ်းများဖန်တီးပေးပါသည်။ 

 

L&D

 

တာဝန်သိစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ATOM သည် ၎င်း၏ ဝန်ထမ်းများအတွက် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများကိုအမြဲစီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ပြည်သူများအား ပံ့ပိုးကူညီရန် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။ ယခုခေတ်တွင် လေ့လာသင်ယူမှုသည် သမရိုးကျလေ့လာမှု နှင့် ခေတ်မီ/အွန်လိုင်း လေ့လာမှုတို့အကြား ပေါင်းစပ်မှုတစ်ခုဖြစ်လာသည်။ ခေတ်မီလေ့လာသင်ယူမှုသည် အကြောင်းအရာ စုံလင်မှု၊ အဆင်ပြေချောမွေ့မှုနှင့် လွယ်ကူစွာ သင်ကြားနိုင်ရေးအတွက် အင်တာနက်နှင့် အဆင့်မြင့်နည်းပညာများကို အသုံးပြုကြသည်။

 

ခေတ်နှင့်အညီ လိုက်လျောညီထွေမှုဖြစ်စေရန် လူတိုင်းသည် မိမိတို့၏ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် တိုးတက် အောင်မြင်မှုရရှိရန် မှန်ကန်သော အတတ်ပညာများဖြင့် မိမိကိုယ် မိမိ ပံ့ပိုးရန်လိုအပ်ပါသည်။ ATOM သည် မြန်မာလူငယ်များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးပြီး ၎င်းတို့၏ အရည်အချင်းများကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ အနာဂတ်အတွက် ပိုမိုကောင်းမွန်စွာပြင်ဆင်နိုင်ရန် တွန်းအားပေးလျက်ရှိပါသည်။ ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်မှုတွင် IT နှင့် နည်းပညာနယ်ပယ်မှ ရွေးချယ်ထားသော လူငယ်များအတွက် လုပ်ငန်းခွင်တွင် အဆင်သင့်ဖြစ်စေရန် တစ်နှစ်ကြာ သင်ကြားပေးမည့်  သင်တန်းအစီစဉ်တစ်ခုဖြစ်သည့် နည်းပညာသင်တန်း (TTP) လည်းပါဝင်ပါသည်။


နည်းပညာဆိုင်ရာ သင်တန်းပို့ချခြင်းအစီစဉ်က အက်တမ် (ATOM) ၏ ကတိကဝတ်တစ်ခုဖြစ်သော “တိုးတက်ပြောင်းလဲမှု၊ ယဉ်ကျေးမှုအရ၊ ရေရှည်တည်တံ့ရေးနှင့် လူမှုအကျိူးသက်ရောက်မှုအရ ဆီလျော်ရေး ကြိုးပမ်းပြီး နိုင်ငံတကာ အဆင့်မီ တယ်လီကွန်းအော်ပရေတာ တစ်ခုအဖြစ် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် နည်းပညာတို့ကို ပိုမိုပေးအပ်နိုင်ရန်” ကို ထင်ဟပ်စေသည့် ဒေသခံ လူမှုအသိုက်အဝန်းကို အထောက်အကူပြုရန် ရည်ရွယ်သည့် အစီစဉ်များစွာထဲမှ တစ်ခုဖြစ်သည်။

 

အကောင်းဆုံးလုပ်ငန်းခွင် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေရန် အသစ်အဆန်းများကို လေ့လာသင်ယူရန်လည်း  လုပ်ငန်းခွင်အတွင်းရှိ ကျွန်ုပ်တို့၏ ဝန်ထမ်းများကို တိုက်တွန်းပါသည်။ ATOM သည် ကောင်းမွန်သော အလေ့အကျင့်ကောင်းများ မွေးမြူပေးရန် လေ့လာသင်ယူမှုဆိုင်ရာ အစီအစဉ်များကို ပုံမှန်လုပ်ဆောင်ပေးသည်။ မြန်မာပြည်သူလူထုအတွက် ဆန်းသစ်ပြီး အကောင်းဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးမည့် လေ့လာသင်ယူမှုအတွေ့အကြုံကို ပေးအပ်နိုင်ရန် "Big Learning Day" ကို မကြာသေးမီက ကျင်းပခဲ့ပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ATOM သည် ဝန်ထမ်းတစ်ဦးချင်းစီအတွက် နှစ်စဉ် လေ့လာသင်ယူချိန် နာရီ ၄၀ ကို ပေးအပ်ထားပါသည်။

 

လေ့လာသင်ယူခြင်းသည် ကိုယ်တိုင်ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပြီး လူတိုင်းသည် ၎င်းတို့၏ အသိပညာကို မြှင့်တင်ရန်နှင့်မိမိတို့၏ အရည်အချင်းများကို ပိုမိုကောင်းမွန်စွာ ပုံဖော်နိုင်ရန်အတွက် အခွင့်အရေးများရရှိသင့်သည်။ လေ့လာသင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတတ်မှုကို မရပ်တန့်ပါနှင့်။ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန် သင့်လျော်မှန်ကန်သော ပညာရပ်များဖြင့် သင့်ကိုယ်သင်တည်ဆောက်ပါ။ 

Back to top