We'd like to send you notifications of the latest posts and updates

Celebrate & Win with ATOM Rewards Campaign Winners

အက်တမ်နှစ်ပတ်လည်မှာ TECNO POVA Slim 5G ဖုန်းအသစ် (၂)လုံး ကံစမ်းမယ်

ဇွန်လ (၈) ရက်နေ့မှ (၂၁) ရက်နေ့အတွင်း  ATOM Store App ထဲက မိတ်ဖက်ဆိုင်တွေမှာ စတားပွိုင့် (၁၀) ပွိုင့် နဲ့ လျှော့ဈေးကုတ်များလဲလှယ်သူများထဲမှ ကံထူးရှင် (၂)ဦးကို ရွေးချယ်ပြီး တစ်ဦးကို TECNO POVA Slim 5G ဖုန်းအသစ် (၁)လုံးစီ နဲ့ စုစုပေါင်း (၂)လုံး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

 

၅၀% အထိလျှော့စျေးတွေလည်းရယူနိုင်မယ့်အပြင် ဖုန်းအသစ်(၂)လုံး ကံထူးပိုင်ဆိုင်ခွင့်ရဦးမှာမို့ အခုပဲ ATOM Store App ထဲက မိတ်ဖက်ဆိုင်တွေမှာ စတားပွိုင့်တွေများများသုံးပြီး ကံထူးခွင့် များများ ရယူလိုက်တော့နော်။

 

ပရိုမိုးရှင်းရယူရန် ဒီကိုနှိပ်ပါ။

 

 

လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

  • ဤ အစီအစဉ်အား အက်တမ် ကြိုတင်ငွေပေးဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသာ ပါဝင်ကံစမ်းနိုင်ပါသည်။
  • အဆိုပါ ကမ်းလှမ်းချက်သည် ကမ်ပိန်းကာလဖြစ်သည့် ( ၈ ရက်၊ ဇွန်လ ၊ ၂၀၂၆ ခုနှစ်မှ ၂၁ ရက်၊ ဇွန်လ ၊ ၂၀၂၆ ခုနှစ်) တွင်သာ အကျုံးဝင်ပါသည်။
  • Special rewards မှ ပွိုင့်လဲလှယ်သော အသုံးပြုသူအားလုံးသည် TECNO POVA Slim 5G ဟန်းဆက် အား ကံထူးနိုင်ခွင့်ရှိသည်။
  • ကံထူးသူ ၂ ယောက်တိတိအား ဇူလိုင်လ ပထမအပါတ်တွင် ကြေငြာပေးသွားပါမည်။
  • ဤပရိုမိုးရှင်းတွင် အက်တမ် မြန်မာမှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များကို ပါဝင်ခွင့် မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင်ပါဝင်ခွင့်ရှိသူ များအား အက်တမ်မြန်မာမှတစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။   
  • အက်တမ် မြန်မာမှ ကံထူးရှင်များကို ကမ်ပိန်းကာလ အစီအစဉ်ပြီးဆုံးချိန်တွင် ကျပန်းရွေးချယ် ပေးမည်ဖြစ်ပြီး၊ အက်တမ် မြန်မာ Call Center မှ ဆုရရှိသောကံထူးရှင်များအား ကမ်ပိန်းကာလ အစီအစဉ်ပြီးချိန်မှ စတင်ဆက်သွယ်ပေးမည်ဖြစ်သည်။ အက်တမ် မြန်မာ Call Center သည် ကံထူးရှင်များကို တနေ့တည်းတွင် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည် ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာဖုန်းခေါ်    ဆိုမှုအား ကံထူးရှင်မှ ဖြေဆိုမှုမရှိခြင်း၊ သို့မဟုတ် မကိုင်ခြင်း၊ သို့မဟုတ် ဖုန်းကိုင်သော်လည်း ကံထူးရှင်အတည်ပြုမှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာမေးခွန်းများအား ဖြေဆိုမှုမရှိခြင်း သို့မဟုတ် ဖြေဆိုရန် ငြင်းဆိုခြင်းများ ပြုလုပ်ပါက အက်တမ်မြန်မာမှ အခြား ကံထူးရှင်များကို ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကံထူးရှင်များသည် Lucky Draw ဖုန်းခေါ်ဆိုမှု အတွင်း ကံထူးခဲ့သော ဆုလက်ဆောင်များကို ပို့ဆောင်ရန်အတွက် မိမိ၏အမည် ၊ နိုင်ငံသားမှတ်ပုံတင် နှင့် နေရပ်လိပ်စာကို ပေးအပ်ရန် သဘောတူရပါမည်။ ကံထူးဆုအားပို့ဆောင်စဉ်အတွင်း ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းဖြစ် ပေါ်လာသည့် ကိစ္စရပ်အတွက် အက်တမ်မြန်မာတွင်လုံးဝတာဝန်မရှိစေရပါ။ 
  • အက်တမ်မြန်မာမှ ယင်းဆုအစား ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသား များဖြင့် အစားထိုး ပြောင်းလဲပေးအပ်မည်မဟုတ်ပါ။
  • တစ်ကြိမ် ကံထူးပြီးသော ကံထူးရှင်အား နောက်အကြိမ်ရွေးချယ်မှုတွင် ပါဝင်မည် မဟုတ်ပါ။ 
  • ကံထူးရှင်များသည် ဆုလက်ဆောင်အား ကိုယ်တိုင်လက်ခံခြင်းမပြုနိုင်ပါက မိမိတို့၏ ကိုယ်စားလှယ်အားခန့်အပ်နိုင်ပြီး၊ ယင်းတို့၏ နိုင်ငံသားမှတ်ပုံတင် နှင့် အမည်ကို အက်တမ်မြန်မာ Call Center သို့ ယင်းဆုအားမပို့ဆောင်ခင် ပေးပို့လွှဲအပ်နိုင်ပါသည်။ ဤအခြေအနေတွင် ကံထူးရှင်များသည် ၎င်းတို့၏ ကိုယ်စားလှယ်ခန့်အပ်လွှာအတွက် အက်တမ် မြန်မာ သို့ ကြိုတင် အကြောင်းကြားရန် တာဝန်ရှိပါသည်။ အက်တမ် မြန်မာမှ  ကံထူးရှင်များ နှင့် ၎င်းမှ  ခန့်အပ်ထားသော ကိုယ်စားလှယ်များ ကြား ဖြစ်ပေါ်လာသော ပြဿနာများအတွက် တာဝန်ယူမည် မဟုတ်ပါ။ ခန့်အပ်ခံထားရသော ကိုယ်စားလှယ်များသည် ကံထူးရှင်များကိုယ်စား သက်ဆိုင်ရာဆုများအားလက်ခံသည့်အခါ ယင်းတို့၏မှတ်ပုံတင်မှုရင်း အားတင်ပြရမည်ဖြစ်ပြီး၊ ယင်းမှတ်ပုံတင်ရှိအချက်အလက်များသည် ကိုယ်စားလွဲစာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိရမည်။ အက်တမ် မြန်မာသို့ မပြည့်စုံသော အချက်အလက်များ၊ စာရွက်စာတမ်းများပေးပို့ပါက၊ အက်တမ်မြန်မာမှ ကံထူးရှင် များအား ဆုပေးအပ်ရန် ငြင်းပယ်နိုင်သည့် အခွင့်အရေး ရှိသည်။ 
  • ကံထူးရှင်များသည် အသက် (၁၈) နှစ်အောက်ဖြစ်ပါက ယင်းတို့၏မိဘ (သို့မဟုတ်) အိမ်ထောင်စုဇယား တွင်ပါဝင်သော ယင်း၏အုပ်ထိန်းသူနှင့် လက်ခံရရှိနိုင်ရမည်ဖြစ်သည်။
  • ဤပရိုမိုးရှင်းတွင်ပါဝင်ခြင်းဖြင့်ဆုရရှိသူသည် အက်တမ် မြန်မာမှ ဆုရရှိသူ (သို့မဟုတ်) ယင်း၏ကိုယ်စားလှယ်၏ အသံ၊ ရုပ်ပုံ၊ ဗီဒီယို၊ ရုပ်ဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာနှင့်(သို့) အခြားသောမီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ် မြန်မာ ကို ခွင့်ပြုပေး ရမည်။
  • ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ၎င်းတို့ နှစ်ခုကြား ကွဲလွဲမှု ရှိပါက  အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
  • အက်တမ်မြန်မာ Call Center  မှ ဆုရှိခြင်းအတွက် အတည်ပြုပြီး ( ၂၁ ) ရက်အတွင်း ဆုရရှိသူ ကံထူးရှင် (သို့မဟုတ်) ယင်းခန့်အပ်ထားသော ကိုယ်စားလှယ်များထံသို့ ဆုအား မိမိနေရပ်လိပ်စာ (သို့) အနီးစပ်ဆုံးကားဂိတ်ကိုပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းသတ်မှတ်ထားသော အချိန်ကာလထက် ကျော်လွန်ခြင်းကိစ္စရပ်အတွက် အက်တမ်မြန်မာတွင် ဆုအားပေးအပ်ရန် မည်သည့်တာဝန်မှ မရှိစေရပါ။ 
  • နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာ မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။   
  • ကမ်ပိန်းခံစားခွင့်ကိုရယူရင် ATOM Store App နောက်ဆုံးအပ်ဒိတ်ရှိရမည်။
  • ပရိုမိုးရှင်းကို ရယူရန် အသုံးပြုသူသည် အက်တမ်စတားပွိုင့် ၁၀ ပွိုင့်အသုံးပြုရမည်။
  • အသုံးပြုသူများကို အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
  • ကံထူးသူများသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအားခွင့်မပြုပါ။
  • ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်မြန်မာ ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။ အက်တမ်မှ မည်သည့်အချိန်မဆို ဤစည်းမျဉ်း စည်းကမ်းများ နှင့် မညီသည့် မည်သည့် သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် ရှိသည်။

Frequently Asked Questions:

အက်တမ် ဆင်းကဒ်ကို အချိန်အတိုင်းအတာတစ်ခုထိ အမြဲသုံးစွဲနေသူများအနေဖြင့် Welcome, Bronze, Silver, Gold, Platinum နှင့် Titanium စသည့် အဆင့် ၆ ခုမှ တစ်ခုခုတွင် အလိုလျောက်ပါ၀င်နေမည်ဖြစ်ပါသည်။ လွန်ခဲ့သော ရက် ၉၀ အတွင်း ပျမ်းမျှငွေဖြည့်သည့်ပမာဏ အပေါ်အခြေခံပြီး အဆင့်ရရှိမည်ဖြစ်ပါသည်။

  • *2121*2# သို့ ဖုန်းခေါ်ဆိုခြင်း  (သို့)
  • 2121 ကို "POINTS" ဟု စာတိုပေးပို့ပါ (သို့)
  • ATOM Store App -> ပင်မစာမျက်နှာ -> စတားစာမျက်နှာတွင်သွားပြီးကြည့်နိုင်ပါသည်။
     

ကြိုက်နှစ်သက်ရာမှ ပက်ကေ့ချ်များကို ဝယ်ယူပါ။ ဝယ်ယူသော ပက်ကေ့ချ်တန်ဖိုး နှင့် စတားအဆင့် ပေါ်မူတည်၍ မတူညီသော ပွိုင့်များကို ရရှိပါမည်။ ပက်ကေ့ချ်ဝယ်ယူရန် *979*2# ကိုခေါ်ဆိုပါ (သို့မဟုတ်) ATOM Store App -> ပက်ကေ့ချ်များ သို့သွားပါ။
*ပွိုင့်များကို ပင်မလက်ကျန်ငွေစာရင်း - Main Balance (သို့) ကြိုသုံးငွေ မှ ပက်ကေ့ချ်ဝယ်ယူမှုများတွင်သာ ရရှိပါမည်။ ပြန်အမ်းငွေ cashback နှင့် အခြား အပိုဆု wallet balance များမှ ဝယ်ယူသော ပက်ကေ့ချ်များအတွက် ပွိုင့်မပေးပါ။ 

အက်တမ်ဆင်းမ်ကတ် အသုံးပြုသူတိုင်း၊ အက်တမ် စတားတိုင်း ရယူခံစားခွင့်ရှိပါတယ်။

အက်တမ်စတားရဲ့ အက်တမ်နှစ်ပါတ်လည်ပရိုမိုးရှင်းကို အက်တမ်စတိုးအပ်ပလီကေးရှင်း၏ points & reward page တွင် စစ်ဆေးနိုင်ပါသည်။

244

Back to top