We'd like to send you notifications of the latest posts and updates

ကံထူးခွင့် လက်မှတ် အရေအတွက်အများဆုံးပိုင်ဆိုင်ထားတဲ့သူ အယောက် ၃၀၀ ကို ကြည့်ရန် ဒီကို နှိပ်ပါ။

အတာသင်္ကြန်အကြို ဖုန်းငွေဖြည့် အထူးပရိုမိုးရှင်း

အက်တမ်ရဲ့  သင်္ကြန်လက်ဆောင် Samsung Galaxy A26 G5 ကို နေ့စဥ်ကံထူးလိုက်ပါ!

 

မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလကို ရန်ခုန်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုက်ရာချန်နယ်လ်ကနေ ဖုန်းဘေလ် ၃,၀၀၀ ကျပ်နဲ့ အထက်ဖြည့်သွင်းသူတွေထဲက နေ့စဥ်ကံထူးရှင် (၂)ဦး၊ ပရိုမိုးရှင်းကာလအတွင်း စုစုပေါင်း (၁၀)လုံး ရွေးချယ်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

 

ပရိုမိုးရှင်းကာလ - ဧပြီလ ၆ ရက် မှ ၁၀ ရက် အထိ

 

ဖုန်းဘေလ်ဖြည့်ရန် ဒီကိုနှိပ်ပါ

 

ပရိုမိုးရှင်းအတွက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

(၁)    ယခုပရိုမိုးရှင်း အစီအစဉ်သည် အက်တမ်ကြိုတင်ငွေပေးဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများအားလုံး ပါဝင်ကံစမ်းနိုင်ပါသည်။  
(၂)    ယခုပရိုမိုးရှင်း အစီအစဉ်သည် သတ်မှတ်ထားသော အချိန်ကာလအတွင်းဖြစ်သည့်  ၆ ရက်၊ ဧပြီလ၊ ၂၀၂၆ ခုနှစ်မှ ၁၀ ရက်၊  ဧပြီလ၊ ၂၀၂၆ ခုနှစ်” အထိသာ ကျင်းပမည်ဖြစ်သည် (“ကံစမ်းမဲကျင်းပမည့် ကာလ”)။  ဤကံစမ်းမဲ ကာလကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲနိုင်မည်ဖြစ်ပြီး၊ အက်တမ်စတိုးအက်ပလီကေးရှင်း (“အက်ပလီကေးရှင်း”)၊ ဆိုရှယ် မီဒီယာပလပ်ဖောင်းများနှင့် အခြား ဆက်သွယ်မှုချန်နယ်များ အစရှိသည်ဖြင့်  အက်တမ် မှ သင့်တော်သည်ဟု ထင်မြင်သည့် နည်းလမ်းဖြင့် ကံစမ်းမဲကာလ ပြောင်းလဲခြင်းကို ကြော်ငြာမည် ဖြစ်သည်။
(၃)    အောက်ပါ ပုဂ္ဂိုလ်များအား ဤကံစမ်းမဲ အစီစဉ်တွင်ပါဝင်ခြင်းအား တားမြစ်ထားသည် (“ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်းအား တားမြစ်ထားသူများ”)
        (က)     အက်တမ် ၏ အချိန်ပြည့်၊ အချိန်ပိုင်း၊ ယာယီ၊ အမြဲတမ်း ဝန်ထမ်းများ၊
(ခ)     အက်တမ် အား ဝန်ဆောင်မှု ပေးနေသူများ (Service Provider),  အက်တမ် နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက် ကုမ္ပဏီများ (Business Partner) နှင့် ၎င်းတို့၏ ဝန်ထမ်းများအားလုံး၊
(ဂ)     အက်တမ်၏ Product များ နှင့် ဝန်ဆောင်မှုများအား ဖြန့်ချိခြင်းနှင့် ရောင်းချခြင်း (sale or distribution) တို့တွင်ပါဝင်သူများနှင့်  ၎င်းတို့၏ဝန်ထမ်းများအား ဤကံစမ်းမဲအစီအစဉ်တွင် ဝင်ရောက် ကံစမ်းခြင်းအား တားမြစ်ထားသည်။ 
(ဃ)    ကံစမ်းဆုမဲ တစ်ခုကိုဆွတ်ခူးရရှိပြီးသူ အပါအဝင်၊ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သည့် မည်သူနှင့်စပ်လျဉ်း၍ မဆို တရားဝင် အတည်ဖြစ်မှုအား    အက်တမ် မှ မိမိတစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်းအား တားမြစ်ထားသူများ မှ ကံစမ်းမဲ အစီအစဉ်အား ကံထူးခဲ့ပါက  ဆုများ အား  အက်တမ် မှ မိမိသဘော ဖြင့် ပြန်လည်သိမ်းယူခွင့်နှင့် ပယ်ဖျက်နိုင်ခွင့်တို့ရှိသည်။
(၄)    ယခု ပရိုမိုးရှင်း အစီအစဉ်ကျင်းပနေသည့်ကာလအတွင်း အက်တမ်ကြိုတင်ငွေပေးဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသည် မိမိတို့ ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် တစ်ရက်လျှင် ဖုန်းဘေလ် ၃,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းရန်လိုအပ်ပြီး၊ ထိုသို့ ဖုန်းငွေဖြည့်ပမာဏပြည့်မီသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့်  အတာသင်္ကြန်အကြို ဖုန်းငွေဖြည့် အထူးပရိုမိုးရှင်းမှ ကံစမ်းခွင့်ကို ရယူနိုင်ပါသည်။ (ပရိုမိုးရှင်းကာလ အတွင်း ၁ကြိမ်ထပ်ပို၍ ဖုန်း‌‌‌ငွေဖြည့်ခြင်းများကိုခွင့်ပြုထားပါသည်။) 
(၅)    ဤပရိုမိုးရှင်းအစီအစဉ် အတွက် ကျင်းပသောကာလအား ၆ ရက်၊ ဧပြီလ၊ ၂၀၂၆ ခုနှစ် မှ ၁၀ ရက်၊ ဧပြီလ၊ ၂၀၂၆ ခုနှစ်အထိ ပြုလုပ်မည်ဖြစ်ပြီး၊ ကံထူးရှင် စုစုပေါင်း (၁၀) ဦးကို တစ်ရက်လျှင် (၂)ဦး နှုန်းဖြင့် ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပါသည်။ အက်တမ်  မှ ယင်းပရိုမိုးရှင်းအစီအစဉ် အတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်သည်။
(၆)    ဖုန်းငွေဖြည့်ခြင်းမဟုတ်သည့် ပက်ကေ့ချ်ဝယ်ယူခြင်းများ  (သို့မဟုတ်) ဝန်ဆောင်မှုရယူခြင်းများသည် ယခုပရိုမိုးရှင်း အစီအစဉ်အတွက် အကျုံးဝင်မည်မဟုတ်ပါ။
(၇)    ပရိုမိုးရှင်းကာလအတွင်း အက်တမ်မှ ဆုလက်ဆောင်အဖြစ် “Samsung Galaxy A26” ဖုန်းကို  ပရိုမိုးရှင်းကာလအတွင်း အကျုံးဝင်သည့် ဖုန်းဘေလ် ဖြည့်သွင်းထားသောသူများထဲမှ နေ့စဉ်ကံထူးရှင်(၂)ဦးစီကို ပရိုမိုးရှင်းရက် တစ်ရက်ချင်းစီအတွက် ပရိုမိုးရှင်းကာလ ပြီးဆုံးချိန်တွင် ရွေးချယ် ပေးသွားပါမည်။ စုစုပေါင်း ကံထူးရှင် (၁၀)ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်သည်။ (သတိပြုရန်မှာ အက်တမ်မှ ယင်းဆုအစား ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသားများဖြင့် အစားထိုးပြောင်းလဲပေးအပ်မည်မဟုတ်ပါ)။ ယင်းသို့ ဆုလက်‌ဆောင် လက်ခံရယူခြင်းများ အတွက် ဆုမဲကံထူးသူများမှာ ကုန်သွယ်လုပ်ငန်းခွန် (သို့မဟုတ်) ဥပဒေအရ လိုအပ်သော အခွန်အခများ ကျခံရပါမည်။)
(၈)    Samsung Galaxy A26 ဆုသည် Samsung Myanmar မှထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများ အတိုင်းသာ သက်ဆိုင်မည်ဖြစ်သည်။ Samsung Myanmar (ထုတ်လုပ်သည့် ကုမ္ပဏီ) နှင့် ကံထူးသူများအကြား ဆုများနှင့် ပက်သက်၍ ထုတ်လုပ်သည့် ကုမ္ပဏီမှပေးအပ်သော ခံစားခွင့်များ၊ အာမခံများ၊ အာမခံသက်တမ်းကုန်ဆုံးခြင်း၊ ဂရမ်တီများ၊ ပြုပြင်ထိန်းသိမ်းစရိတ် အစရှိသည့် အငြင်းပွားဖွယ် တစ်စုံတစ်ခုခုဖြစ်ပွားလာပါက အက်တမ် သည် မည်သည့် တာဝန်မှယူမည် မဟုတ်ပါ။ 
(၉)    ယခု ပရိုမိုးရှင်းကာလအတွင်း အက်တမ်မြန်မာမှ ကံထူးရှင် (၁၀) ဦးအား ကျပန်းစနစ်ဖြင့် နေ့စဉ် ကံထူးရှင် (၂)ဦးနှုန်းဖြင့် စုစုပေါင်းကံထူးရှင်(၁၀)ဦးကို ရွေးချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ်မြန်မာ Call Center နံပါတ် 09-750097500 မှ ဆုရရှိသော ကံထူးရှင်များအား ကံစမ်းမဲကာလ အတွင်း (သို့မဟုတ်) ကံစမ်းမဲကာလအပြီး ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
(၁၀)    ကံထူးသွားသူများအားလုံးကို ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည်ဖြစ်ပြီး ထိုသို့ အက်တမ်မြန်မာမှ သတ်မှတ်ထားသော အချိန်ကာလတွင် သက်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုအား ပြန်လည်ဖြေကြားမှုမရှိခြင်း၊ ဖုန်းမကိုင်ခြင်း (သို့မဟုတ်) ဖုန်းလက်ခံဖြေကြားသော်လည်း ကံထူးရှင်မှ ကံထူးသွားသော ဆုနှင့် ပတ်သက်၍ မဖြေကြားခြင်း၊ မေးမြန်းမှုအား ငြင်းဆန်ပါက အက်တမ်မြန်မာ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပြီး ဆုလက်ဆောင်ပစ္စည်း ပေးအပ်မှုဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား အက်တမ်မြန်မာမှ အချိန်မရွေး ပြောင်းလဲနိုင်ခွင့်၊ ပယ်ဖျက်နိုင်ခွင့်၊ ဆိုင်းငံ့နိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့် တို့ရှိသည်။
(၁၁)    ကံထူးရှင်တစ်ဦးသည် ဤ ပရိုမိုးရှင်းကာလအတွင်း တစ်ကြိမ်သာ ဆုချီးမြှင့်ခံရမည် ဖြစ်ပြီး၊ ယင်းဆုအား ချီးမြှင့် ခံရပြီးသူတိုင်း ဤ ပရိုမိုးရှင်းအစီအစဉ်အရ နောက်တစ်ကြီမ် အလားတူ ကံစမ်းမဲ ဆုချီးမြှင့်ခြင်းမှ ချန်လှပ်ခံရမည်။
(၁၂)    ဆုလက်ဆောင်ပစ္စည်း ကံထူးသူများသည် ကံထူးခဲ့သော ဆုလက်ဆောင်ပစ္စည်းအား လက်ခံရန်အတွက် လိုအပ်သော စာရွက်စာတမ်းနှင့် သတင်းအချက်အလက်များ ( ဥပမာ အားဖြင့် - မိမိ၏ အမည်၊ နိုင်ငံသား မှတ်ပုံတင်၊ နေရပ်လိပ်စာ) အစရှိသည်တို့ကို အက်တမ်သို့ ပေးပို့ရန် သဘောတူရပါမည်။ ယင်းသို့ မဖြစ်မနေပေးအပ်ရမည့် စာရွက်စာတမ်းများ၊ အချက်အလက်များအား ကံထူးရှင်မှ ပေးအပ်ခြင်းမရှိပါက၊ အက်တမ်မှ ယင်းဆုအားပေးအပ်ရန် ကံထူးရှင်အားငြင်းပယ်နိုင်သည့် အခွင့်အာဏာရှိစေရမည်။ ဤအစီအစဉ်အရ ချီးမြှင့်သည့်ဆုအား အခြားသို့ လွှဲပြောင်းပေး အပ်မည်မဟုတ်ပါ။  ကံထူးသွားသော ဆုလက်ဆောင်ပစ္စည်းများကို ကံထူးသွားသူများသည် ၎င်းတို့ ဆုဆွတ်ခူးထားသည့် အက်တမ်  ဖုန်းနံပါတ်မှအပ ၎င်းတို့ ရည်ညွှန်းသည့် မည်သည့် အက်တမ်ဖုန်းနံပါတ်ကိုမဆို ယင်းဆုလက်ဆောင်ပစ္စည်းများကို အက်တမ်မှ လွှဲပြောင်း၊ ပို့ဆောင်ပေးမည် မဟုတ်ပါ။ ကံထူးသွားသူများထံမှ လိုအပ်သော အချက်အလက်များအား စိစစ်လက်ခံရရှိပြီးပါက ဆုလက်ဆောင်ပစ္စည်း ပေးပို့ခြင်းကို ကံထူးသွားသူများနှင့် အတည်ပြုထားသည့် အချက်အလက်အတိုင်း ရုံးဖွင့်ရက် (၁၄)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
(၁၃)    အက်တမ်၏ တာဝန်ခံယူမှုအား ကန့်သက်ခြင်းအရ ဆုလက်ဆောင်ပစ္စည်းများ နှင့် ပေးပို့ရမည့် လိပ်စာမှားယွင်းခြင်း၊ မပြည့်စုံခြင်း၊ လိပ်စာ ပြောင်းလဲခြင်း၊ အခြားအချက်အ လက်များ  မပြည့်စုံသောကြောင့် ဆုလက်ဆောင်များ မပေးပို့နိုင်ခြင်း၊ မည်သည့် အကြောင်းနှင့် မဆိုပို့လိုက်သည့် ဆုမှ ပိုးဆောင်ရေးကုမ္ပဏီမှ ပြန်လည်ပို့ဆောင်လာခြင်း (Return)၊ ပေးပို့သည့် ဆုလက်ဆောင်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ ပစ္စည်းများ အသင့် မရှိခြင်းတို့အတွက် အက်တမ် တွင် မည်သည့်တာဝန် မှ မရှိပေ။ အက်တမ် မှ လုပ်ဆောင်နိုင်သည့် အခြေအနေထက်ပိုမိုပြီး လက်ဆောင်ပစ္စည်းများ ပေးပို့ရန်မဖြစ်နိုင်သည့် အခြေအနေ  (သို့မဟုတ်) ကံထူးသူမှ အက်တမ်မြန်မာ၏ ရုံးခန်းသို့ ဆုလက်ဆောင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိပါက အဆိုပါ ဆုလက်ဆောင်အား အက်တမ် မှ အခြား ကံထူးသူများအား ပြန်လည်ပေးအပ်ခြင်း  (သို့မဟုတ်) အခြား ကံစမ်းမဲ အစီအစဉ်များတွင် ပြန်လည် သုံးစွဲခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ အက်တမ် မှ ပေးအပ်သည့် ဆုလက်‌ဆောင်၏ အရည်အ‌သွေး နှင့် အာမခံချက်များအတွက် တာဝန်မရှိပါ။
(၁၄) နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း  တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာ မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။  
(၁၅)    အက်တမ်မှ ချီးမြှင့်သော ဆု လက်ဆောင်ပစ္စည်းများ အား လဲလှယ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း နှင့် ငွေကြေး အစားထိုးပေးအပ်ခြင်း တို့ ပြုလုပ်မည်မဟုတ်ပါ။ ဆုလက်ဆောင် ရရှိသူမှ ဆုလက်ဆောင် ရရှိသည်နှင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ တပြိုင်နက် မိမိကိုယ်ပိုင် ဆုံးဖြတ် ချက်ဖြင့် သင့်တော်သလို အသုံးပြုနိုင်သည်။ ဆုလက်ဆောင်ပေါ်တွင် သက်မှတ်ထားသည့် နေ့ရက်မတိုင်မီ အသုံးပြုရန်  (သို့မဟုတ်) လက်ခံရရှိရန် ပါရှိပါက ဆုလက်ဆောင် ရရှိသူမှ အဆိုပါနေ့အား ထပ်မံသက်တမ်းတိုးခြင်း  (သို့မဟုတ်) အစားထိုးခြင်း (သို့မဟုတ်) အခြားငွေကြေး တစ်စုံတစ်ရာ အစားထိုးခြင်းတို့ ပြုလုပ်ရန်  တောင်းဆိုခြင်း မပြုနိုင်ပါ။
(၁၆)    ဤပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် အက်တမ်မှ ပါဝင်သူများ၏ ဖုန်းနံပါတ်၊ ဝယ်ယူမှုမှတ်တမ်း နှင့် ဤ အစီအစဉ် တွင်ပါဝင်သောမှတ်တမ်းများ အစရှိသည်ဖြင့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များအား အစီအစဉ်တွင် ပါဝင်သည့် ဆု‌ရွေးချယ် ခြင်း အစရှိသည့် ကိစ္စရပ်များလုပ်ဆောင်ရန်အတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိ သည်ဟု မှတ်ယူရမည် ဖြစ်သည်။                                                         ဤ ပရိုမိုးရှင်းတွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူများသည် အက်တမ်မှ ဆုရရှိသူ (သို့မဟုတ်) ယင်း၏ကိုယ်စားလှယ်၏ အသံ၊ ရုပ်ပုံ၊ ဗီဒီယို၊ ရုပ်ဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို အက်တမ်၏ဆိုရှယ်မီဒီ ယာနှင့် (သို့မဟုတ်) အခြားသောမီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို ကံထူးရှင်များမှ အက်တမ် သို့ ခွင့်ပြုပါသည်။ ထိုသို့ အသုံးပြုခြင်းအတွက် ကံထူးရှင်များမှ ဤ ပရိုမိုးရှင်းတွင် ပေးအပ်သော ဆုများမှ အပ အခြားသော အကျိုးခံစားခွင့်များ တောင်းခံခွင့်မရှိစေရပါ။
(၁၇)    ကံထူးရှင်များသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ မပြုလုပ်ရပါ။

(၁၈)     ဤအစီအစဉ်နှင့် စပ်လျဉ်းကာ အငြင်းပွားဖွယ် တစ်စုံတစ်ရာ (သို့မတုတ်) ယင်းနှင့် မသက်ဆိုင်သော အငြင်းပွားဖွယ် တစ်စုံတစ်ရာတို့ ပေါ်ပေါက်လာပါက အက်တမ်  ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါပြီး ဤစည်းမျဉ်း စည်းကမ်းများအား အက်တမ်မှ အချိန်မရွေး ပြောင်းလဲနိုင်ခွင့်၊ ပယ်ဖျက်နိုင်ခွင့်၊ ဆိုင်းငံ့နိုင်ခွင့်နှင့် ပြင်ဆင် နိုင်ခွင့် တို့ရှိသည်။
(၁၉)    ဤစည်းမျဉ်း စည်းကမ်းများအား ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဥပဒေများမှ လွှမ်းမိုးမည်ဖြစ်ပြီး၊ ပြည်ထောင်စု  မြန်မာနိုင်ငံဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိမည်ဖြစ်သည်။
(၂၀)    ဤစည်းမျဉ်းစည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ ၎င်းတို့နှစ်ခုကြားကွဲလွဲမှုရှိပါက  အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။    

 

Frequently Asked Questions:

ATOM ရဲ့ ကြိုတင်ငွေပေးဆင်းကတ် (Prepaid SIM) အသုံးပြုသူတိုင်း ပါဝင်ကံစမ်းနိုင်ပါတယ်။ (မှတ်ချက် - ATOM ဝန်ထမ်းများ၊ ဝန်ဆောင်မှုပေးနေသော မိတ်ဖက်ကုမ္ပဏီများနှင့် အရောင်းကိုယ်စားလှယ်များ ပါဝင်ခွင့်မရှိပါ)။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်မှ ၁၀ ရက်အထိ ဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလအတွင်း မိမိကြိုက်နှစ်သက်ရာ ဖုန်းငွေဖြည့်နည်းလမ်းဖြင့်  တစ်ရက်လျှင် ဖုန်းဘေလ် ၃,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းရုံဖြင့် အထူးဆုကြီးကို အလိုအလျောက် ကံစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

မရနိုင်ပါ။ ဖုန်းငွေဖြည့်ခြင်း (Top-up) အတွက်သာ အကျုံးဝင်ပြီး ပက်ကေ့ချ်ဝယ်ယူခြင်း သို့မဟုတ် အခြားဝန်ဆောင်မှုရယူခြင်းများအတွက် အကျုံးမဝင်ပါ။

သတ်မှတ်ကာလအတွင်း တစ်ကြိမ်ထက်ပိုပြီး ငွေဖြည့်သွင်းခြင်းကို ခွင့်ပြုထားပါတယ်။ ဖုန်းဘေလ် ၃,၀၀၀ ကျပ်နှင့်အထက် များများဖြည့်လေလေ ကံထူးဖို့အခွင့်အရေးများများရမှာပါ။

နေ့စဉ် ကံထူးရှင် (၂) ဦးစီ ရွေးချယ်သွားမှာဖြစ်ပြီး ဆုလက်ဆောင်အနေနဲ့ Samsung Galaxy A26 စမတ်ဖုန်းတစ်လုံးစီ ရရှိမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်း စုစုပေါင်း ကံထူးရှင် (၁၀) ဦးကို ကျပန်းစနစ်နဲ့ ရွေးချယ်ပေးသွားမှာပါ။

ကံထူးသွားတဲ့ ကံထူးရှင် (၁၀)ဦးကိုတော့ ပရိုမိုးရှင်းကာလအပြီး အက်တမ်မှ တရားဝင် Call Center ဖုန်းနံပါတ် 09750097500 ကနေတဆင့် ကံထူးရှင်တွေကို တိုက်ရိုက် ဆက်သွယ်ပေးမှာဖြစ်ပြီး  အက်တမ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှတဆင့်လည်း ကြေညာပေးသွားမှာဖြစ်ပါတယ်။  

ATOM ဘက်ကနေ (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုပေးသွားမှာပါ။ အကယ်၍ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိရင် သို့မဟုတ် ဆုနှင့်ပတ်သက်ပြီး ငြင်းဆန်ရင်တော့ ATOM ရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်ပါလိမ့်မယ်။

ကံထူးရှင်ဆီကနေ လိုအပ်တဲ့ အချက်အလက်တွေ (အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ) စိစစ်လက်ခံရရှိပြီးနောက် အတည်ပြုထားသည့် အချက်အလက်အတိုင်း ရုံးဖွင့်ရက် (၁၄)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။ (ဆုလက်ဆောင်ပစ္စည်းများ နှင့် ပေးပို့ရမည့် လိပ်စာမှားယွင်းခြင်း၊ မပြည့်စုံခြင်း၊ လိပ်စာ ပြောင်းလဲခြင်း၊ အခြားအချက်အလက်များ  မပြည့်စုံသောကြောင့် ဆုလက်ဆောင်များ မပေးပို့နိုင်ခြင်းတို့အတွက် အက်တမ်မြန်မာတွင် တာဝန်မရှိပေ)

Samsung Galaxy A26 ဆုလက်ဆောင်နဲ့ ပတ်သက်တဲ့ အာမခံ (Warranty) နဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များအတွက် Samsung Myanmar ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်းသာ ဖြစ်ပါတယ်။

307

Back to top