We'd like to send you notifications of the latest posts and updates
ATOM ဆင်းမ်ကတ်အသစ် ဝယ်ယူပြီး အသက်အာမခံ ခံစားခွင့် ရယူလိုက်ပါ!
ATOM ဆင်းမ်ကတ်အသစ်ကို သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူ၊ မှတ်ပုံတင်ပြီး အသုံးပြုခြင်းဖြင့် uab သောကကင်းဝေး TelcoCare အသက်အာမခံ အကာအကွယ်ကို စုစုပေါင်း အာမခံထားငွေ ကျပ် ၁၀ သိန်းဖြင့် ၃၆ လတိတိ အကျိုးခံစားခွင့် ရယူနိုင်မည့် အခွင့်အရေး ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါအကျိုးခံစားခွင့်ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရရှိနိုင်ပါသည်။
ဤအစီအစဉ်ကို ATOM Myanmar နှင့် uab Bank PCL တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော သုံးစွဲသူများအတွက် အပိုဆောင်းအသက်အာမခံ အကာအကွယ်နှင့် စိတ်ချလုံခြုံမှုကို ပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။
*မှတ်ချက်။ uab bank PCL သည် အာမခံဝန်ဆောင်မှုပေးသည့် Manulife Myanmar အာမခံကုမ္ပဏီ၏ သီးသန့်ဖြန့်ဖြူးရောင်းချသူ (Exclusive Distributor) ဖြစ်ပါသည်။*
အကျိုးခံစားခွင့်များ
အာမခံသက်တမ်း ၃ နှစ်အတွင်း အသက်အန္တရာယ်ကြုံတွေ့ပါက အကျိုးခံစားခွင့် ပေးအပ်မည့် အသက်အာမခံ အစီအစဉ်ဖြစ်သည်။
ဤအာမခံကို လျှောက်ထားခံစားခွင့်ရရှိရန် လျှောက်ထားသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။
အာမခံအကာအကွယ် ပမာဏမှာ ကျပ် ၁၀ သိန်း ဖြစ်သည်။
မပေးဆောင်ရပါ။
NRC/မှတ်ပုံတင်၊ ကိုယ်ရေးအချက်အလက်နှင့် ဖုန်းနံပါတ် လိုအပ်သည်။
အာမခံသက်တမ်းမှာ ၃ နှစ် ဖြစ်သည်။
အာမခံလျော်ကြေး တောင်းခံနိုင်သည့် လုပ်ငန်းစဉ်အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
Back to top
Share