အက်တမ် (ATOM) က ဂုဏ်သတင်းကြီးမားသော ဆုပေးပွဲအစီအစဉ်၏ အဓိက ဆုနှစ်ဆုကို နှစ်ထပ်ကွမ်းဆုရှင်အဖြစ် ရယူနိုင်ခဲ့... ပိုမိုသိရှိရန်

Toh Toh Topia

“Toh Toh Topia" ဆိုတာ ATOM Store App တွင်သာရနိုင်တဲ့ Lucky Draw Campaign တစ်ခုဖြစ်ပါတယ်။ Customers များသည် ဂိမ်းဆော့ရင်း နေ့စဉ်လက်ငင်း ဆုလက်ဆောင်များကို ရရှိနိုင်မှာဖြစ်ပါတယ်။
တို့တို့ တိုးပီးယား" ဂိမ်းကို တခဲနက်အားပေးကြတဲ့ ပရိတ်သတ်ကြီးရဲ့ တောင်းဆိုမှုနဲ့ ချစ်ခင်အားပေးမှုတွေကြောင့်  အခုဆိုရင်အထူးအစီအစဉ်တစ်ခုဖြစ်တဲ့ တို့တို့ တိုးပီးယားကိုဆက်လက်ဆော့ကစားရင်း စုစုပေါင်းကျပ်သိန်း (၄၀၀) အထိ ဆုငွေတွေ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကြီးကို ATOM (အက်တမ်)က ထပ်မံယူဆောင်လာပါပြီ။ စက်တင်ဘာလအတွင်းမှာ  ဒီဆုငွေတွေကိုဆွတ်ခူးနိုင်ဖို့ အရင်လိုပဲ တို့တို့နဲ့အတူတူ လယ်ဗယ်သုံးခုကိုကျော်ဖြတ်ရင်း Ticket တွေများသထက်များအောင်ဆော့လိုက်ရုံပဲနော်။
ဆုငွေ (၅)သိန်းကျပ် ကံထူးရှင် အယောက် (၂၀)ကိုတော့ အပတ်စဥ်တိုင်း ရွေးချယ်ပေးသွားမှာဖြစ်လို့ ‌(၄)ပတ်တိတိ ပါ၀င်ကံထူးခွင့်ရှိပါတယ်! စက်တင်ဘာလတစ်လအတွင်း များများဆော့လေလေ ကံထူးနိုင်မယ့်အခွင့်အ‌ရေး ပိုများလေလေဖြစ်လို့ ဆုတွေရယူနိုင်မယ့်အခွင့်အရေးကိုလုံး၀ လက်မလွတ်လိုက်ရအောင် အခုကစပြီး "တို့တို့ တိုးပီးယား" ဂိမ်းလေးကို အတူတူပြန်လည်ဆော့ကစားလိုက်ကြရအောင်...
ရရှိမယ့် ဆုမဲတွေကတော့ ငွေကျပ် ၅သိန်း ဖြစ်ပီးတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကံထူးရှင်အယောက် ၂၀ကို ရွေးချယ် ပေးသွားမှာပါ။
ဂိမ်း level 3 ခုနဲ့ ချက်ချင်းရရှိမယ့် prizes တွေကတော့ ပြောင်းလဲထားခြင်းမရှိလို့ အရင်က Toh Toh Tophia ကို ကစားခဲ့သလိုပဲ ကစားရမှာပါ။

Seasonal winners များကို ကြည့်ရန် ဒီမှာ နှိပ်ပါ။ 

 

User Journey

တို့တို့ (Topia) ကံစမ်းမဲ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများ

၁။ အက်တမ်မြန်မာ လီမိတက် (“အက်တမ် မြန်မာ”) မှ တို့တို့ တိုးပီးယား ကံစမ်းမဲအစီအစဉ် (“ကံစမ်းမဲ အစီအစဉ်”) ကာလ မှာ ဇူလိုင်လ ၆ ရက် ၂၀၂၃ခုနှစ်တွင် စတင်ပြီး၊ တို့တို့ တိုးပီးယားအရောင်းမြှင့်တင်ခြင်း အစီအစဉ်သည် စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး၊ ဤအစီအစဉ် ပြီးဆုံးရန် နောက်ထပ် မကြော်ငြာသည့် အချိန်အထိ (“ကံစမ်းမဲ ကာလ”) ဖြစ်သည်။ အက်တမ် မြန်မာ၏ ဝန်ဆောင်မှု သုံးစွဲသူများမှ Lucky Chances များအား အစီအစဉ် ပြီးဆုံးသည့် နေ့ရက်၏ ည ၂၃နာရီ ၅၉ မိနစ် (မြန်မာ စံတော်ချိန်) မတိုင်မီ သုံးစွဲရမည်ဖြစ်သည်။ ကံစမ်းမဲ ကာလ ကျော်လွန်သည်အထိ မသုံးစွဲရသေးသော Lucky Chances များမှာ ဤ ကံစမ်းမဲ အစီအစဉ်နှင့် အကျုံး မဝင်ပေ။ ကံစမ်းမဲ၊ အရောင်းမြှင့်တင်ခြင်း ကာလအား အက်တမ် မြန်မာမှ မိမိတဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေး ပြင်ဆင် ပြောင်းလဲနိုင်သည်။

၂။ ဤအစီစဉ်တွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းမှ အက်တမ် မြန်မာ၏ (တို့တို့ တိုးပီးယား) ကံစမ်းမဲ၊ အရောင်းမြှင့်တင်ခြင်း အစီအစဉ် နှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများ (“စည်းမျဉ်း စည်းကမ်းများ”)၊ ပြင်ဆင်ချက်များ၊ ထပ်တိုး စည်းမျဉ်းစည်းကမ်းများ၊ အစားထိုး စည်းမျဉ်းစည်းကမ်းများ၊ ပြောင်းလဲခြင်းများ၊ ထပ်တိုးမွမ်းမံမှုများ ဆုံးဖြတ်ချက်များအား လိုက်နာရန် သဘောတူညီသည်ဟု မှတ်ယူမည် ဖြစ်ပြီး၊ ယင်းတို့သည် ပါဝင်သူတစ်ဦးခြင်းစီပေါ်တွင် စည်းနှောင်အား ရှိပြီး အပြီးအပြတ်ဖြစ်စေရမည်။ စည်းမျဉ်း စည်းကမ်းများအား ပြင်ဆင်မှု တစုံတရာ ရှိပါက Atom Store application မှတဆင့် ကြော်ငြာ မည် ဖြစ်ပြီး၊ အက်တမ် မြန်မာမှ လက်ဆောင်ပစ္စည်းများ အစားထိုးခြင်း အပါအဝင် ကံစမ်းမဲ၊ အရောင်းမြှင့်တင်ခြင်း အစီအစဉ် နှင့် သက်ဆိုင်သည့် စည်းမျဉ်း စည်းကမ်းများအား ပြောင်းလဲခွင့် ရှိသည်ဖြစ်ပြီး ပြောင်းလဲချက်အား ကြော်ငြာ သည်နှင့် တပြိုက်နက် အကျိုး သက်ရောက်မည် ဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သူများ အနေဖြင့် ဤ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ လုပ်ဆောင်ရန် သဘော တူညီသည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်သည်။

၃။ အခြားနည်းဖြင့် စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ထားခြင်းမရှိလျှင် ကံစမ်းမဲ အရောင်းမြှင့်တင်ခြင်း အစီအစဉ်အား အက်တမ် မြန်မာ ဖုန်းများ၏ ကြိုတင်ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှု (prepaid) သုံးစွဲသူအားလုံး အတွက် ဖြစ်သည်။ (“အက်တမ် မြန်မာ ၏ ဝန်ဆောင်မှုသုံးစွဲသူ”) ဤ ဂိမ်းကံစမ်းမဲ အစီအစဉ်သို့ ဝင်ရောက် ကံစမ်းချင်သူ အက်တမ် မြန်မာ၏ ဝန်ဆောင်မှု သုံးစွဲသူများသည် “Atom Store application” အား ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် သုံးစွဲရန် လိုအပ်သည်။ ဤ အရောင်းမြှင့်တင်ခြင်းသည်“Atom Store application” မှ တစ်ဆင့် တို့တို့ တိုးပီးယား Game အားလုပ်ဆောင်မည်ဖြစ်သည်။

 

Frequently Asked Questions:

Toh Toh Topia ဆိုတာ ATOM Store App တွင်သာရနိုင်တဲ့ Lucky Draw Campaign တစ်ခုဖြစ်ပါတယ်။ Customers များသည် ဂိမ်းဆော့ရင်း နေ့စဉ်လက်ငင်း ဆုလက်ဆောင်များ ၊ အပတ်စဥ်ဆုလက်ဆောင်များ နှင့် ဆုကြီးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

အက်တမ်၏ App Channel မှ ဂိမ်းအတွက် သတ်မှတ်ထားသော Package များ ၀ယ်ယူပါက Game ဆော့ကစားရန် Lucky Chance များ ရရှိပါမည်။ နေ့စဉ် Game ထဲသို့ ၀င်ရောက်ခြင်းဖြင့်လဲ Daily Lucky Chance များ ရရှိပါမည်။ ရရှိသော Lucky Chance များကို အသုံးပြုပြီး Game ဆော့ကစားပါက ဆု‌လက်ဆောင်များ ရရှိနိုင်ပါသည်။ Package ဝယ်ယူပြီးရရှိမည့် lucky chance အရေအတွက်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
 
From 499Ks to 999Ks – will get Up to 2 game play chances

From 1000Ks to 1999Ks – will get up to 5 game play chances

> 2000Ks packs – will get up to 10 game play chances


Package ဝယ်ယူ ပြီး ၄၈ နာရီအတွင်း ATOM သို့ဝင်ရောက်ကာ ရရှိထားသော lucky chance များကိုရယူရမည်။ အသုံးမပြုရသေးသော lucky chance များအား ကံစမ်းမဲကာလာအပြီးတွင် ပယ်ဖျက်ပါမည်။
 
Note : Lucky Chance များသည် Package ဝယ်ယူပြီးသည်နှင့်ချက်ချင်းရရှိမည်ဖြစ်သည်။ သို့သော်အချို့အချိန်များတွင် ၁၀ မိနစ်မှ ၁၅ မိနစ် အထိကြာနိုင်သည်။

Lucky Chance များကိုသီးသန့် ထပ်မံ၀ယ်ယူလိုပါက တစ်ခုကို ၉၉ကျပ်တည်းနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျသင့်ငွေကိုဖုန်းငွေလက်ကျန်ထဲမှ နှုတ်ယူမှာဖြစ်ပါတယ်။ ဂိမ်းပင်မစာမျက်နှာတွင် "+ ဝယ်မည်" ကိုနှိပ်၍ဖြစ်စေ၊ Lucky Chance များအားလုံးကိုအသုံးပြုပြီးနောက် "ဝယ်မည်" ကိုနှိပ်၍ဖြစ်စေ ဝယ်ယူနိုင်ပါတယ်။ Lucky Chance ဝယ်ယူပြီးတာနဲ့ ဂိမ်းပြန်ကစားနိုင်မှာဖြစ်ပါတယ်။

 

မှတ်ချက် - ဝယ်ယူထားသော "Lucky Chance" များကိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် "Lucky Chance" ရယူဖို့ တစ်ခါတရံ ၁၀ မိနစ်မှ ၁၅ မိနစ် ခန့်ကြာမြင့်တတ်ပါတယ်။

Lucky Chance တစ်ခုကိုဂိမ်းတစ်ကြိမ်သာဆော့ကစားနိုင်မှာပါ။ ဂိမ်းဆော့ကစားဖို့ "ဆော့မည်" ကိုနှိပ်ပါ။

သက်ဆိုင်ရာဆုလက်ဆောင်များကို ထပ်မံရရှိပါက သက်တမ်းတိုးမှာဖြစ်ပါတယ်။

ဂိမ်းပင်မစာမျက်နှာမှ “Win History" ကိုဝင်ရောက်ပြီး ရရှိခဲ့သော လက်ငင်းရ ဆုလက်ဆောင်များကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

ဂိမ်းကစားသူသည် ကစားနေစဥ် အတွင်း အတားအဆီး တခုခု ကို တိုက်မိသည့် အခါ (သို့) failed ဖြစ်သည့်အခါတွင် ဂိမ်းကို ဆက်လက် ကစားနိုင်ရန် Booster pack ကို ဝယ်ရန် လိုအပ်ပါသည်။

Booster Pack များကို ၀ယ်ယူလိုပါက တစ်ခုကို ၄၉ကျပ်တည်းနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျသင့်ငွေကိုဖုန်းငွေလက်ကျန်ထဲမှ နှုတ်ယူမှာဖြစ်ပါတယ်။ ဂိမ်းကစားသူသည် ကစားနေစဥ် အတွင်း အတားအဆီး တခုခု ကို တိုက်မိသည့် အခါ (သို့) failed ဖြစ်သည့်အခါတွင် Booster Pack ဝယ်ယူနိုင်ရန် Pop up ပေါ် လာပါမည်။ ၎င်း Pop up မှ တဆင့် “Buy Booster 49 Kyats” ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။ Booster Pack ကို ဝယ်ယူပြီးတာနဲ့ ဂိမ်းကို ဆက်လက် ကစားနိုင်မှာဖြစ်ပါသည်။

 

မှတ်ချက် -  "Booster Pack" ရယူဖို့ တစ်ခါတရံ ၁၀ မိနစ်မှ ၁၅ မိနစ် ခန့်ကြာမြင့်တတ်ပါတယ်။

Toh Toh Tophia Game ကို Level 3 ထိ ပီးမြောက်အောင်ကစားပီး အပတ်စဉ် ငွေသားဆုမဲ ပေါက်ဖို့ အခွင့်အရေး တကြိမ်ရရှိမှာပါ။ ကံစမ်းခွင့်ရမည့် အကြီမ်အရေအတွက်ကို App ကနေတော့ မမြင်ရနိုင်ပါ။

Toh Toh Topia game ကို ATOM Store App Version 4.4 တွင်သာဝင်ရောက်ဆော့ကစားနိုင်ပါသည်။

တပတ်မှာ ဆုငွေကျပ် (၅)သိန်းကျပ်ကို အပတ်စဉ် အယောက် (၂၀) ဖောက်ပေးမှာပါ။ စုစုပေါင်း ငွေသားဆု ကျပ်သိန်း (၄၀၀) ကို ပရိုမိုးရှင်းကာလ တလ အတွင်း ဖောက်ပေးသွားမှာပါ။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း lucky draw တွေကို Facebook live ကနေ ဖောက်ပေးသွားပါမည်။

ခန့်မှန်းခြေအားဖြင့် ၂၀၂၃ စက်တင်ဘာ လ ၁ရက်နေ့မှ ၃၀ရက်နေ့အထိ

Toh Toh Topia game ကို ATOM Store App latest app Versionတွင် ဝင်ရောက်ဆော့ကစားနိုင်ပါသည်။

  • Google Play Store and iTunes store - https://bit.ly/ATOMStoreApp 
  • Send “APP” to 500 and get download link for free 
  • Dial *979*5*5# and get download link for free
  • Scan QR
253

Back to top