We'd like to send you notifications of the latest posts and updates

ကြိုသုံး

သင့်ဖုန်း လက်ကျန်ငွေနည်းနေချိန်တွင် အက်တမ်မှ ကြိုသုံးအား ရယူအသုံးပြုနိုင်ပါပြီ။ သင့်ဖုန်းလက်ကျန်ငွေ ၁၀၀၀ကျပ်အောက် ရောက်ရှိချိန်တွင်ကြိုသုံးငွေကိုရယူပြီး နောက်တကြိမ်ဖုန်းငွေဖြည့်ချိန် တွင် ဝန်ဆောင်ခနှင့်တကွ ကြိုသုံးငွေကိုပြန်လည်ဖြတ်တောက်ပါမည်။

ကြိုသုံးငွေယူရန် *500# ဖုန်းကိုခေါ်ဆိုပါ။

ကြိုသုံး
  Welcome Star & STAR Bronze STAR Silver STAR Gold STAR Platinum & STAR Titanium
USSD Code *500# *2400# *2400# *4500#
ကြိုသုံး 850ks 1800ks 2800ks 4500ks
ဝန်ဆောင်ခ (အခွန်ပါပြီး) 95ks 265ks 390ks 625ks
နောက်တကြိမ်ဖုန်းငွေဖြည့်ချိန် တွင် ဝန်ဆောင်ခ (အခွန်ပါပြီး)နှင့်တကွ ကြိုသုံးငွေကို ပြန်လည်ဖြတ်တောက်ပါမည်။
validity : 30 days

ဒေတာကြိုသုံးရယူရန် *500*3# သို့ခေါ်ဆိုပါ။

ဒေတာကြိုသုံး
၀န်ဆောင်မှုယူရန် *500*3#
Data MB ၂၀၀ MB
၀န်ဆောင်ခ(အခွန်ပါပြီး) ၉၅ ကျပ်
နောက်တကြိမ်ဖုန်းငွေဖြည့်ချိန် တွင် ဝန်ဆောင်ခ (အခွန်ပါပြီး)နှင့်တကွ ကြိုသုံးငွေ ၉၅၀ကျပ်ကို ပြန်လည်ဖြတ်တောက်ပါမည်။
validity : 7 days

Frequently Asked Questions:

လက်ကျန်ငွေ ၁၀၀၀ ကျပ်နှင့် အောက်လျော့နည်းလျှင် ကြိုသုံးငွေရယူနိုင်ပါသည်။


ကြိုသုံးငွေ ရယူရန် အက်တမ်စတားမဟုတ်သော အက်တမ်အသုံးပြုသူများ နှင့် အက်တမ်စတား Bronze အဆင့်အသုံးပြုသူများ *500# ဖုန်းကိုခေါ်ဆိုနိုင်ပါသည်။


အက်တမ်စတား Silver နှင့် Gold အဆင့်အသုံးပြုသူများ *500# (သို့) *2400# ဖုန်းကိုခေါ်ဆိုနိုင်ပါသည်။


အက်တမ်စတား Platinum နှင့် Titanium အဆင့်အသုံးပြုသူများ *500# (သို့) *4500# ဖုန်းကိုခေါ်ဆိုနိုင်ပါသည်။
 

ဒေတာကြိုသုံးရယူရန် *500*3# ကိုခေါ်ဆိုနိုင်ပါသည်။

ရရှိထားသော ကြိုသုံးငွေကို စစ်ဆေးရန် *124*1# ကိုနှိပ်၍စစ်ဆေးနိုင်ပါတယ်။

•    ဖုန်းငွေလက်ကျန် ၁၀၀၀ ကျပ် နှင့် အောက်လျော့နည်းချိန်တွင် ကြိုသုံးကို ရယူနိုင်ပါသည်။
•    ATOM ဆင်းကဒ်အသုံးပြုထားခြင်း ရက် (၆၀) နှင့် အထက်ရှိရပါမည်။
•    ဖုန်းလက်ကျန်ငွေမှ အနည်းဆုံး ၅,၀၀၀ ကျပ် နှင့် အထက် သုံးစွဲထားရပါမည်။
•    ယခင် ရယူထားသော ကြိုသုံးပမာဏ နှင့် ဝန်ဆောင်ခတို့ကို ပေးချေပြီးမှသာ ကြိုသုံးအသစ်ကို ရယူနိုင်ပါသည်။
•    ရက် (၉၀) အတွင်း အနည်းဆုံး ၅,၀၀၀ ကျပ်နှင့် အထက် သုံးစွဲထားရပါမည်။

**မှတ်ချက်။ Balance Shield ဝန်ဆောင်မှုကို ရယူထားခဲ့ပါက ယင်းဝန်ဆောင်မှုသည် ကြိုသုံးချေးငွေအပေါ်တွင် သက်ရောက်မှုမရှိပါ။

ကြိုသုံးငွေအတွက် ဝန်ဆောင်ခ (အခွန်ပါ၀င်ပြီး) မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ချေးငွေပမာဏ 850ks အတွက် ဝန်ဆောင်ခ 95ks
  • ချေးငွေပမာဏ 1800ks အတွက် ဝန်ဆောင်ခ 265 ကျပ်
  • ချေးငွေပမာဏ 2800ks အတွက် ဝန်ဆောင်ခ 390 ကျပ်
  • ချေးငွေပမာဏ 4500ks အတွက် ဝန်ဆောင်ခ 625 ကျပ်
  • Data Loan 200MB အတွက် ဝန်ဆောင်ခ ၉၅ ကျပ် ကောက်ခံမည်ဖြစ်ပါသည်။

ကြိုသုံးငွေဖြင့် အက်တမ်၏ ဝန်ဆောင်မှုအားလုံး (လက်ကျန်ငွေ လွှဲပြောင်းခြင်းမှ လွဲ၍)ကို အသုံးပြုခွင့်ရရှိမှာ ဖြစ်ပြီး အသုံးပြုခွင့် သက်တမ်းမှာ ၃၀ ရက် ဖြစ်ပါတယ်။

မရယူနိုင်ပါ။ ကြိုသုံးအစီအစဉ်ကို prepaid သုံးစွဲသူများသာ ရရှိနိုင်မှာဖြစ်ပါတယ်။

ကြိုသုံးငွေသက်တမ်းမှာ ရက် ၃၀ ဖြစ်ပါသည်။


 ဒေတာကြိုသုံး သက်တမ်းမှာ ၇ရက်ဖြစ်ပါသည်။

ATOM STAR Platinum (သို့) Titanium user ဖြစ်ပါက လက်ကျန်ငွေ ၁၀၀၀ကျပ် နှင့်အောက်လျော့နည်းလျှင် ကြိုသုံး ၄၅၀၀ကျပ်ကိုရရှိရန် *4500# ကိုခေါ်ဆိုရယူနိုင်ပါသည်။

ATOM STAR Gold (သို့) Platinum user ဖြစ်ပါက လက်ကျန်ငွေ ၁၀၀၀ကျပ် နှင့်အောက်လျော့နည်းလျှင် ကြိုသုံး ၂၈၀၀ကျပ်ကိုရရှိရန် *2400# ကိုခေါ်ဆိုရယူနိုင်ပါသည်။

Balance Shield ဝန်ဆောင်မှု၏ T&C တွင်ဖော်ပြထားသည့်အတိုင်း Balance Shield ဝန်ဆောင်မှုသည် ဖုန်းလက်ကျန်ငွေမှ သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာ အသုံးပြုခြင်းကိုသာ ရပ်တန့်လိုက်ခြင်းဖြစ်ပြီး အခြားသော ဝန်ဆောင်မှုများဖြစ်သည့် လက်ကျန်ငွေမှ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု နှင့် Value-added-service များ (ကြိုသုံး ချေးငွေ အပါအဝင်)တွင် သက်ရောက်မှု မရှိပါ။

ATOM ကြိုသုံးဝန်ဆောင်မှုသည် အရေးပေါ်အခြေအနေများတွင် သုံးစွဲသူများ အဆက်အသွယ် မပြတ်စေရန် ATOM မှပေးသည့် ထပ်တိုးဝန်ဆောင်မှု (VAS) တစ်ခုဖြစ်ပါသည်။ (အကယ်၍ ‘Balance Shield’ ဝန်ဆောင်မှုကို ရယူထားခဲ့ပါက ယင်းဝန်ဆောင်မှုသည် အဓိက ဖုန်းလက်ကျန်ငွေကိုသာ အခြေခံ၍ သုံးသလောက်ပေးနှုန်းထားဖြင့် ‌ဒေတာအသုံးပြုမှုကို ကန့်သတ်ရန်အတွက် ဖန်တီးထား ခြင်းဖြစ်ပါသည်။ ထပ်တိုးဝန်ဆောင်မှု (VAS) ဖြစ်သည့် ကြိုသုံးချေးငွေ (ATOM Kyo Thone) အပေါ် ‘Balance Shield’ ဝန်ဆောင်မှုသည် သက်ရောက်မှု မရှိပါ။

32

Back to top