We'd like to send you notifications of the latest posts and updates
ATOMရဲ့ အွန်လိုင်းငွေပေးချေမှုဆိုတာ ATOM ဝက်ဘ်ဆိုက် သို့မဟုတ် ATOM Store App မှတစ်ဆင့် အလွယ်တကူ ဖုန်းဘေလ်ဖြည့်နိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးအစားစုံလင်လှစွာသော online payment ပါတနာများဖြင့် ဖုန်းဘေလ်ဖြည့်ခြင်းကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ပါတယ်။
ATOM၏ အွန်လိုင်းငွေပေးချေမှုနဲ့အတူ ဖုန်းဘေလ်ဖြည့်တဲ့အခါ အပိုဝန်ဆောင်ခတွေ ထပ်မံပေးချေစရာမလိုအပ်ပါဘူးနော်။ သင့်အတွက် အသင့်တော်ဆုံး အွန်လိုင်းငွေပေးချေမှုကိုရွေးချယ်ပြီး သင့်အိမ် သို့မဟုတ် ရုံးမှတစ်ဆင့် သက်တောင့်သက်သာ ဖုန်းဘေလ်ဖြည့်နိုင်ပါတယ်။
အချိန်မရွေး၊ နေရာမရွေး သင့်ရဲ့ဖုန်းဘေလ်ကို ATOM ရဲ့ အွန်လိုင်းငွေပေးချေမှုနဲ့ စက္ကန့် (၃၀)အတွင်း ဖြည့်သွင်းလိုက်ပါ။









ATOM Store အက်ပလီကေးရှင်း ၊ ATOM Myanmar ၀က်ဘ်ဆိုဒ် ၊ digital wallets ၊ bank apps ၊ chain stores မှာ အခုပဲ အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့ လွယ်လွယ်လေး ဖုန်းငွေဖြည့်လို့ရပါပြီ။
သင့် Visa/Master၊ MPU၊ JCB၊ UnionPay အစရှိတဲ့ ဘဏ်ကဒ်များ၊ KBZ Pay WavePay၊ OK Dollar၊ AYA Pay၊ uabPay စတဲ့ အွန်လိုင်းငွေပေးချေခြင်း ၀န်ဆောင်မှုတွေကို အသုံးပြုပြီး ATOM Myanmar အက်ပလီကေးရှင်း ၊ ATOM ၀က်ဘ်ဆိုဒ် ၊ Wallets ၊ Bank App၊ Chain Store မှာ လွယ်လွယ်လေး ဖုန်းငွေဖြည့်လို့ရပါပြီ။
အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့ ဖုန်းငွေဖြည့်ဖို့အတွက် ၀န်ဆောင်ခ ကောက်ခံခြင်း မရှိတဲ့အတွက် အခမဲ့ဖြစ်ပါတယ်။
အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့ ဖုန်းဘေလ်ဖြည့်ဖို့အတွက် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်လိုက်ပါ ပထမဦးစွာ ATOM Store အက်ပလီကေးရှင်း ဒါမှမဟုတ် ATOM Myanmar ၀က်ဘ်ဆိုဒ်သို့ သွားပါ။ “ငွေဖြည့်ရန်” ခလုပ်ကို နှိပ်ပါ။ ဖုန်းဘေလ်ဖြည့်လိုသည့် နံပတ်ကို ရွေးပါ။ “အခြား” ကိုရွေးပါ။ ငွေဖြည့်မည့် ပမာဏ ကိုရွေးပါ။ “ငွေဖြည့်ရန်” ခလုပ်ကို နှိပ်ပါ။ သင်အသုံးပြုလိုသည့် ငွေပေးချေမှုစနစ် (payment method) ကိုရွေးပီး လိုအပ်သည့် အချက်အလက်များကို ဖြည့်ပါ။ “Pay with <သင်ရွေးချယ်ထားသည့် ငွေပေးချေမှုစနစ်>” ခလုပ်ကိုနှိပ်ပါ။ အသေးစိတ်ကို အထက်တွင်ဖော်ပြထားသော video များတွင် ကြည့်ရှုနိုင်ပါသည်။
အခုလောလောဆယ်တော့ မရှိသေးပါ။
ရပါတယ်။ သင်ဖုန်းငွေဖြည့်လိုသည့် မည်သည့် အက်တမ်နံပါတ်ကိုမဆို ရွေးနိုင်ပါတယ်။ အသေးစိတ်ကို အထက်တွင်ဖော်ပြထားသော video များတွင် ကြည့်ရှုနိုင်ပါတယ်။
သင်သည် ဖုန်းငွေဖြည့် ပြီးသည်နှင့် တပြိုင်နက် SMS စာတိုကို လက်ခံရရှိပါလိမ့်မယ်။
ATOM Store အက်ပလီကေးရှင်း ဒါမှမဟုတ် ATOM Myanmar ၀က်ဘ်ဆိုဒ်မှာ မှာ ၀င်ရောက် စစ်ဆေးနိုင်ပါတယ်။ ထို့အပြင် သင့်အနေဖြင့် *124#ကို လွယ်ကူစွာ ဖုန်းခေ ဆို၍စစ်ဆေးနိုင်ပါတယ်။
နိုင်ငံတကာ အဆင့်မှီ HTTPS, TLS (SSL) လုံခြုံရေး စနစ်များကို information ဖလှယ်ရာတွင် အသုံးပြုထားပြီး သင့် ဘဏ်ကဒ်များ သိမ်းဆည်းရာတွင် PCI DSS level 1 အဆင့်မှီ စနစ်များ၊ QSA for the Payment Card Industry Security Standards Council ကစစ်ဆေးပြီး ခွင့်ပြုထားသော စနစ်များ ကိုသာ အသုံးပြုထားခြင်းကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
Back to top
Share