We'd like to send you notifications of the latest posts and updates

Article

အနာဂါတ်မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုရှိစေရန်လုပ်ဆောင်ရာတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ အခန်းကဏ္ဍ

27 Feb,2025 - Yangon | 3 mins read

Author: U Thein Hoke, CCAO of ATOM

ဆက်သွယ်ရေးကဏ္ဍမှာ တီထွင်ဆန်းသစ်မှုများ နဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုရှိစေဖို့က ဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်နေတဲ့ လုပ်ငန်းတွေအတွက် အဓိကဦးစားပေး ဆောင်ရွက်ရမယ့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုအလေးပေးလာတဲ့အတွက် နိုင်ငံတကာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများစွာရဲ့ လုပ်ငန်းလည်ပတ်မှု နည်းဗျူဟာတွေမှာလည်း အဆိုပါအကြောင်းအရာကို ထည့်သွင်းလာတဲ့အပြင် ၂၀၅၀ ခုနှစ်မှာ carbon netural ရည်မှန်းချက်ကို ရရှိဖို့ လုပ်ကိုင်ဆောင်ရွက်ကြတာကို တွေ့မြင်လာရပါတယ်။  ဒီလိုလုပ်ငန်းစဉ်တွေအဖြစ် ကာဗွန်ထုတ်လွှတ်မှု နည်းပါးစေရေးစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမှု နဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်ရရှိရေး နှင့် သုံးစွဲရေးတို့ ကို လုပ်ဆောင်လျက်ရှိပြီး ကာဗွန် footprint  နည်းစေဖို့နဲ့ သုံးစွဲသူ customer တွေကိုပါ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂါတ်ပုံဖော်နိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလာကြပါတယ်။  

အက်တမ် (ATOM) ဟာ ပြည်သူပြည်သားအားလုံးနဲ့ အနာဂါတ်မျိုးဆက်သစ်တွေအပေါ် ဂရုစိုက်မှုလေးစားမှုတို့ရှိပြီး စိမ်းလန်းစိုပြေပြီး ရေရှည်တည်တံ့သောအနာဂါတ်ကို တည်ဆောက်နိုင်ဖို့ ISO 14001:2015 သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်နဲ့အညီ လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေပြီး ၂၀၂၅ ခုနှစ်မှာ အသိအမှတ်ပြု လက်မှတ်ရရှိဖို့လည်း ဦးတည်လုပ်ဆောင်လျက်ရှိပါတယ်။ အက်တမ် (ATOM) အနေနဲ့ ဆိုလာစွမ်းအင် အသုံးပြုမှု တိုးချဲ့နိုင်ရေးပြန်လည်အသုံးပြုနိုင်တဲ့စွမ်းအင်သုံး ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ဆောင်ရေးရေရှည်တည်တံ့ခိုင်မြဲတဲ့ ကွန်က်ပစ္စည်းများ တပ်ဆင်ရေး နဲ့ စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှု စတဲ့အပိုင်းတွေမှာလည်း အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။  

အက်တမ် (ATOM) ကာဗွန် Footprint နှင့် ထိန်းသိမ်းလုပ်ဆောင်မှုအစီအစဉ်များ 

ဆက်သွယ်ရေးတာ၀ါတိုင်ပေါင်း ၃၀၀ ကျော်၊ ISP လင့်ခ်များဒေတာစင်တာများနှင့်  remote cores များဟာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ကျော် မှ အက်တမ် သုံးစွဲသူများကို ဝန်ဆောင်မှုပေးနေတာကြောင့် ကာဗွန် footprint အရလည်း များပြားတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် တစ်ခုထဲမှာပင် ဒီဇယ်အသုံးပြုမှု ၂၆.၁၂ မီလီယံ လီတာ နဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၀၈ Gigawatt hours ရှိခဲ့ပါတယ်။ 

အလိုအလျောက်စနစ်နဲ့ လည်ပတ်မှုတွေအပြင် ဆက်သွယ်ရေးတာဝါတိုင် တွေ ပိုမိုတိုးများလာတာနဲ့အမျှ ကာဗွန်ထုတ်လွှတ်မှု နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းစေဖို့က အက်တမ် (ATOM) ရဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အက်တမ် (ATOM) ရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ Supply Chain Sustainability (SCS) အတွက်ပါ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဖြေရှင်းမှုတွေအဖြစ် ဆိုလာစွမ်းအင် အသုံးပြုမှု တိုးချဲ့နိုင်ရေးမဟာဓာတ်အားလိုင်းပေါ် မူတည်ဆောင်ရွက်မှု အတတ်နိုင်ဆုံးနည်းပါးစေရေးတို့ကို လုပ်ဆောင်လျက်ရှိပြီး အနာဂါတ်မျိုးဆက်သစ်တွေအတွက်  ပိုမိုကောင်းမွန်ပြီး စိမ်းလန်းစိုပြည်တဲ့ အနာဂါတ်ကို ဖန်တီးဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။  

ဒါအပြင် Carbon footprint ကို လျှော့ချရန်နဲ့ ပိုမိုစိမ်းလန်းတဲ့ အနာဂါတ်ကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေဖို့ အတွက်လည်း အက်တမ် က ကြိုးစားပမ်းစား လုပ်ဆောင်နေလျက်ရှိပါတယ်။ အက်တမ် ရဲ့ အဓိကလုပ်ဆာင်မှုတစ်ခုကို ဖော်ပြရမယ်ဆိုပါက နေပြည်တော်၊ တပ်ကုန်း ရှိ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ အတွင်း သစ်ပင်များ ထပ်တိုးစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး မြေ ၅ ဧက အတွင်း လာမယ့် သုံးနှစ်အတွင်း ပျဉ်းကတိုး၊ ပိတောက်၊ ထောက်ကြံ့၊ မန်ဂျန်ရှား နှင့် အခြားသစ်မာသစ်မျိုးစိတ်များ ကို ရှင်သန်ကြီးထွားသည်အထိ ပြုစုပျိုးထောင်ပေးမည့် စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ အက်တမ် မှ အဆိုပါ စီမံကိန်းအတွက် မြန်မာကျပ်ငွေ ၁၅ သန်းကျော် အသုံးပြုလှူဒါန်းပေးထားပြီး Royal Tree  ကုမ္ပဏီက ၃နှစ်စီမံကိန်းဖြင့် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါစီမံကိန်းသည် သစ်တောပြန်လည်ထူထောင်ရေးကို ပံ့ပိုးပေးရုံသာမက ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို မြှင့်တင်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေရေးနှင့် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို မြှင့်တင်ပေးမယ့် အက်တမ်ရဲ့ရည်မှန်းချက်များနှင့်လည်း ကိုက်ညီလျက်ရှိပါတယ်။

စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း နှင့် တဖန်ပြန်လည်အစားထိုး သုံးစွဲခြင်း 

အက်တမ် (ATOM) အနေနဲ့ ၂၀၂၅ ခုနှစ် ISO 14001:2015 သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်အတိုင်း စွမ်းအင်သုံးစွဲရာမှာ ပိုမိုထိရောက်မှုအီလက်ထရောနစ်ပစ္စည်းများ စွန့်ပစ်ရေးစီမံခန့်ခွဲမှု နဲ့ လုပ်ငန်းလည်ပတ်မှုမှာ ရေရှည်တည်တံ့သော နည်းလမ်းများနဲ့ အစားထိုးလုပ်ဆောင်မှု စသဖြင့် ဆောင်ရွက်နေပြီး လက်ရှိမှာ Ground-based tower sites ၄၃ ခု အတွက် ဆိုလာပြား ၁၁၀ ထပ်မံတပ်ဆင်ပြီး Roof Top Pole sites များအတွက် ဆိုလာယူနစ် ၄၀ အပြင် ၁,၄၀၇ kWp (kilowatt peak) ဆိုလာ farm များကို ကာဗွန်ထုတ်လွှတ်မှု တန် ၁,၀၀၀ လျှော့ချနိုင်စေဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို လုပ်ဆောင်ချက်တွေကြောင့် လျှပ်စစ်ဓာတ်အား ၃၃၀၀ kWh (Kilowatt hours)လောင်စာဆီ ၈၆၈,၇၀၀ လီတာစုစုပေါင်း ၂.၃ တန် GHG (greenhouse gas) အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။   

တစ်ဖက်မှာလည်း အက်တမ် (ATOM) အနေနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုချမှတ်ထားတဲ့ စံနှုန်း နဲ့ စည်းမျဉ်းများအလိုက် အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါဝင်တဲ့ အန္တရာယ်ဖြစ်ဓာတုသတ္တုများကို စနစ်တကျစွန့်ပစ်ဖို့၊ ကွန်က်ဆက်စပ်ပစ္စည်းများ နဲ့ လက်ကိုင်ဖုန်းများကို စနစ်တကျစွန့်ပစ်ခြင်းတဖန်ပြန်လည်အစားထိုး သုံးစွဲခြင်းများ ပြုလုပ်လျက်ရှိပါတယ်။  

၂၀၂၅ ခုနှစ်အတွက် Net Zero ရည်မှန်းချက်  

ကာဗွန်ထုတ်လွှတ်မှုကို သေးငယ်တဲ့အစိတ်အပိုင်းအကြွင်းအကျန်အဖြစ် ခွဲခြမ်းပြီး သဘာဝအတိုင်း တဖန်ပြန်လည်အစားထိုးအသုံးပြုကာ လေထုနဲ့ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေနိုင်တာကို Net Zero လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါဟာ ၂၀၅၀ ခုနှစ်မှာ Net Zero ရရှိပြီး ကာဗွန်ထုတ်လွှတ်မှုကို ၄၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရမယ်ဆိုတဲ့ Paris Agreement သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ တာဝန်သိစွာ လုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ အက်တမ် (ATOM) ဟာ Apollo Tower Site ပေါင်း ၃၀၀ မှာ ဆိုလာစွမ်းအင်ပြောင်းလဲဖို့ လိုအပ်သောစစ်ဆေးရေးလုပ်ငန်းများ စတင်လျက်ရှိပြီး မိမိတို့ငှာနပိုင် ဓာတ်အားပေးစက်ရုံရှိ နေရာပေါင်း ၆၀၀ မှာ နေရောင်ခြည်စွမ်းအင်သုံးနဲ့ လည်ပတ်နေရုံသာမက Tower Co sites များမှာလည်း ဆိုလာပြား ၇၀၀ နီးပါး ထပ်မံတပ်ဆင်သွားမှာဖြစ်တဲ့အတွက် လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်ကောင်းမွန်လာစေပြီး တပြိုင်နက်ထဲမှာပဲ ကာဗွန် footprint ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။  

  

နိဂုံး 

ရေရှည်တည့်တံ့ခိုင်မြဲမှုဟာ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်ဖြစ်ပြီး စီးပွားရေးလုပ်ဆောင်ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်မှန်းချက်နဲ့အညီ ၂၀၅၀ ခုနှစ်မှာ Net Zero emission ရရှိပြီး ကာဗွန်ထုတ်လွှတ်မှု တန် ၁,၀၀၀ လျှော့ချသွားနိုင်ဖို့ကိုလည်း ဦးတည် လုပ်ဆောင်လျက်ရှိပါတယ်။ အက်တမ် (ATOM) အနေနဲ့ စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲမှုကို အလေးထားယုံကြည်ပြီး လူမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေဖို့အတွက် တာဝန်သိအဖွဲ့အစည်းတစ်ခုအနေနဲ့  ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။

Back to top