We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

အက်တမ် (ATOM) မှာ သင့် အသက်မွေးဝမ်းကျောင်းကို စတင်လိုက်ပါ။

 

သင်တန်းသားတစ်ဦးအနေဖြင့် သင်သည် အက်တမ် (ATOM) တွင် စာတွေ့နှင့် လက်တွေ့ နှစ်မျိုးစလုံး လုပ်ဆောင်ရမည်ဖြစ်ရာ အချိန်ပြည့် ဝန်ထမ်းတစ်ဦးအဖြစ် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။

 

သင်တန်းကာလအတွင်း သင်သည် မိမိလုပ်ကိုင်ရမည့် အဖွဲ့အတွင်း တာဝန်များနှင့် ပရောဂျက်များပေါ်တွင် တစ်ဦးချင်း (သို့မဟုတ်) အသင်းနှင့်တကွ လုပ်ဆောင်နေချိန်တွင် အက်တမ် (ATOM) ရဲ့လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ လုပ်ဖော်ကိုင်ဖက်များထံမှလည်း အနီးကပ် သင်ယူလေ့လာခွင့်ရရှိမည်ဖြစ်သည်။သင်၏တိုးတက်မှုကို သုံးလတစ်ကြိမ် တင်ပြမှုများ (Quarterly Presentation) မှတစ်ဆင့် ပြသနိုင်မည် ဖြစ်ပါသည်။ သင်တန်းမပြီးဆုံးမီတွင် သင်တန်းသားများအား 
နောက်ဆုံးအကဲဖြတ်မှုတစ်ခု ပြုလုပ်ပြီးမှသင်တန်းဆင်းလက်မှတ်ပေးအပ်မည်ဖြစ်ပါသည်။ ထူးချွန်သော သင်တန်းသားများသည် အက်တမ် (ATOM) တွင်အချိန်ပြည့် ဝန်ထမ်းများ ဖြစ်လာရန် အခွင့်အလမ်း ရှိသည်။

 

အက်တမ် (ATOM) သည် ကတိကဝတ် တစ်စိတ်တစ်ပိုင်းအနေဖြင့် အသေးစားမှအလတ်စား စိးပွားရေးလုပ်ငန်းများနှင့် "creator economy"ဟုခေါ်သော တနိုင်တပိုင်လုပ်ငန်းများကို ခိုင်မာသောအာရုံစူးစိုက်မှုဖြင့် မြန်မာ့စီးပွားရေးဂေဟစနစ်ကို 
ပံ့ပိုးပေးနိုင်ရန်အတွက် ဤနည်းပညာသင်တန်းအစီအစဉ် (TTP) ကို ဆောင်ရွက်ခဲ့ပါသည်။မြန်မာလူ့စွမ်းအားအရင်းအမြစ်အတွက် အိုင်တီ (IT) ကျွမ်းကျင်လူငယ်ပညာရှင်များအား မွေးထုတ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်များတွင် ကျင့်ဝတ်ပိုင်းနှင့် ကျွမ်းကျင်မှု နှစ်မျိုးစလုံး အဆင်သင့်ဖြစ်အောင် ပြုလုပ်ပေးမည် ဖြစ်ပါသည်။

လျှောက်လွှာများ လက်ခံသည့်ရက် စက်တင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်
လျှောက်လွှာများ ပိတ်ရက် စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၂ ခုနှစ်
အစီအစဉ်ကြာချိန် ၁ နှစ်
*လျှောက်လွှာများကို ယခု ပိတ်လိုက်ပြီဖြစ်သည်။

Back to top