We'd like to send you notifications of the latest posts and updates

Mid-Year Fresh Campaign အထူးပရိုမိုးရှင်း


အက်တမ်စတားတို့အတွက် ၅၀% ထိလျှော့စျေးတွေအပြင် Infinix Hot 50 Series ဖုန်းအသစ်ကံထူးနိုင်ပါပြီ ...

 

ပရိုမိုးရှင်းကာလ ဇူလိုင်လ(၁၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ အက်တမ်မိတ်ဖက်ပါတနာဆိုင်သစ်တွေရဲ့  ၅၀% အထိလျှော့စျေးတွေနဲ့ စျေး၀ယ်ဖို့ စတားပွိုင့် (၁၀)ပွိုင့်သုံးပြီး ATOM Store App မှာ လျှော့စျေးကုဒ်ကိုလဲလှယ်ပါ .... ဒီလိုလဲလှယ်အသုံးပြုသူများထဲကမှ ကံထူးရှင်(၃)ဦးရွေးချယ်ပြီး Infinix Hot 50 Series ထဲကဖုန်းတစ်လုံးရမှာပါ ...


လက်ဆောင်ပေးမယ့်ဖုန်းအမျိုးအစားကလည်း Inifnix HOT 50 Pro Plus ဖုန်း (၂)လုံးနဲ့ Infinix Hot 50 ဖုန်း(၁)လုံး ဆိုတော့ အက်တမ်စတားလေးကာ ဘယ်ဖုန်းကိုကံထူးချင်လဲ?


လျှော့စျေးလဲယူ ဖုန်းအသစ်လဲကံစမ်းနိုင်မယ့် အက်တမ်စတားတို့ရဲ့ အထူးပရိုးမိုးရှင်းကြီးမှာပါ၀င်ဖို့ မိတ်ဖက်ဆိုင်သစ်တွေမှာ အခုပဲစျေး၀ယ်ထွက်လိုက်ကြရအောင် ….


မိတ်ဖက်ပါတနာဆိုင်များကို လင့်မှ https://bit.ly/47dRsfA တဆင့်ရှာဖွေလိုက်ပါ။


မိမိရဲ့ ATOM စတားအဆင့်ကိုသိလိုပါက ATOM Store App မှာဖြစ်စေ *2121*2# ကို ခေါ်ဆိုပြီးဖြစ်စေသိရှိနိုင်ပါသည်။

 

Mid-Year Fresh Campaign ပိုရိုမိုးရှင်းအစီအစဉ်အတွက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

1.    ဤအစီအစဉ်အား အက်တမ် ကြိုတင်ငွေပေး ဆင်းကတ်(Prepaid SIM ကတ်) သုံးစွဲသူများသာ ပါဝင်ကံစမ်းနိုင်ပါသည်။ အက်တမ်ဆင်းကဒ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တရားဝင်မှတ်ပုံတင်ထား ပြီးဖြစ်ရပါမည်။ (သို့မဟုတ်) အက်တမ်မှ ကံထူးရှင်များ၏ အက်တမ်ဆင်းကဒ်အား အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှုတို့အား  စစ်ဆေး၊ မေးမြန်းနိုင်သည့် လုပ်ငန်းစဉ် (verification process) အားပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ ထိုသို့  အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှုအား စစ်ဆေး၊ မေးမြန်းခြင်းတို့အား အက်တမ်၏စိတ် ကျေနပ်မှုရှိမှ သာလျှင် ကံထူးရှင်များအား သက်ဆိုင်ရာဆု များ အားပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး၊ မေးမြန်း ခြင်းအား အက်တမ်၏ ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား သက်ဆိုင်ရာဆုများအား ပေးအပ် ခြင်းအား ငြင်ပယ်နိုင်သည်။
2.    အဆိုပါ ကမ်းလှမ်းချက်သည် ကမ်ပိန်းကာလဖြစ်သည့် (၁၀ ရက်၊ ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်မှ ၂၃ ရက်၊ ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်) တွင်သာ အကျုံးဝင်ပါသည်။
3.    Special rewards မှ ပွိုင့်လဲလှယ်သော အသုံးပြုသူအားလုံးသည် Infinix HOT 50 Pro Plus (2လုံး) နှင့် Infinix HOT 50 (1လုံး) အသစ်များအား ကံထူးနိုင်ခွင့်ရှိသည်။
4.    ကံထူးသူ (၃)  ဦးအား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ပထမအပတ်အတွင်း ကြေငြာပေးသွားပါမည်။
5.    ဖုန်းကံထူးခွင့်တွင် အက်တမ် မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များကို ပါဝင်ခွင့် မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင်ပါ ဝင်ခွင့်ရှိသူများအားအက်တမ်  မှတစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။   
6.    အက်တမ် မှ ကံထူးရှင်များကို ကမ်ပိန်းကာလ အစီအစဉ်ပြီးဆုံးချိန်တွင် ကျပန်းရွေး ချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ် Call Center မှ ဆုရရှိသောကံထူးရှင်များအား ကမ်ပိန်းကာလ အစီအစဉ်ပြီးချိန်မှ စတင်ဆက်သွယ်ပေးမည်ဖြစ်သည်။ အက်တမ် Call Center သည် ကံထူးရှင်များကို တနေ့တည်းတွင် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည် ဖြစ်ပြီး ကံထူးရှင်မှ ဖုန်းပြန်လည် ဖြေဆိုမှု  မရှိပါက အက်တမ် မှ အခြားကံထူးရှင်များကိုလည်း ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကံထူးရှင်များသည် Lucky Draw ခေါ်ဆိုမှုအတွင်း ကံထူးခဲ့သော သက်ဆိုင်ရာဆုများဖြစ်သည့် Infinix HOT 50 Pro Plus (2လုံး) နှင့် Infinix HOT 50 (1လုံး) ကို ပို့ဆောင်ရန်အတွက် အက်တမ်မှ တောင်းဆိုသော လိုအပ်သည့် သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများဖြစ်သည့်  ကံထူးသူ၏အမည် ၊ နိုင်ငံသားမှတ်ပုံတင် နှင့် ပေးပို့ရန် နေရပ်လိပ်စာ နှင့် အခြားလိုအပ်သည့်စာရွက်စာတမ်း  တို့ကို  ပေးအပ်ရန် သဘောတူရပါမည်။ အက်တမ်မှ အတည်ပြုပြီး အလုပ်ဖွင့်ရက် (၅) ရက်အတွင်း ယင်းလိုအပ်သည့် သတင်း အချက်အလက်များ၊ စာရွက်စာတမ်းများအား ပေးပို့ရန်ပျက်ကွက်ပါက အက်တမ်မှ သက်ဆိုင်ရာဆုများအား ပေးအပ်ရန်ငြင်း ဆန်နိုင်သည့် အခွင့်အရေး ရှိသည်။  ကံထူးဆုများအား ပို့ဆောင်စဉ်အတွင်း ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းဖြစ် ပေါ်လာသည့် ကိစ္စရပ်အ တွက် အက်တမ် တွင်လုံးဝတာဝန်မရှိစေရပါ။ 
7.    ကံထူးရှင်များ (သို့မဟုတ်) ယင်းခန့်အပ်သည့် ကိုယ်စားလှယ်များမှ ပေးအပ်သည့် သက်ဆိုင်ရာဆုများအား လက်မခံခြင်း (သို့မဟုတ်) လိပ်စာမှားယွင်းခြင်း (သို့မဟုတ်)  ပို့လိုက်သည့် ဆုများ မှုရင်းပေးပို့သော ရုံးသို့ ပြန်လည် ရောက်ရှိလာခြင်း  စသည့်ကိစ္စရပ်များဖြစ်ပါက အက်တမ်မှ သက်ဆိုင်ရာ ဆုများအား ယင်းတို့၏ လက်မခံမှုကြောင့် ပြန်လည်ပေးအပ်ရန်ငြင်းဆန်နိုင်သည်။

Frequently Asked Questions:

အက်တမ်စတားများ ဟာ နောက်ဆုံးပေါ် အက်တမ်စတိုး အက်ပ် ရှိရန်လိုအပ်ပါသည်။ ဒီ Mid-Year Fresh Campaing အထူးပရိုမိုးရှင်း” ကိုခံစားရန်အတွက် စတား ပွိုင့် ၁၀ပွိုင့် သုံးစွဲရန် လိုအပ်ပါသည်။ အက်တမ်စတိုး အက်ပ်တွင် နှစ်သက်သော Non-Telco ပက်ကေ့ချ် များဝယ်ပြီး စတား ပွိုင့်များ ရယူနိုင်ပါသည်။

Infinix HOT 50 Pro Plus (၂) လုံး နှင့် Infinix HOT 50 (၁)လုံး ဖုန်းဟန်းဆက် ၃ လုံး တိတိဖြစ်ပါတယ်။

ကံထူးသူ ၃ ယောက်တိတိအား ပရိုမိုးရှင်းပြီးဆုံးသည့်နေ့တွင် ဖောက်ပေးမှာဖြစ်ပါတယ်။

အကြိမ်များများ ၁၀ ပွိုင့်ဖြင့် လဲလှယ်ပါက ကံထူးဖို့ အခွင့်အရေးများလေ ဖြစ်ပါတယ်။ပထမဆုံး ကံထူးတာနဲ့ နောက်တစ်ကြိမ်ရွေးချယ်မှုမှာတော့ လူကြီးမင်းပါဝင်နိုင်မည်မဟုတ်ပါ။

ပရိုမိုးရှင်းကာလပြီးသည့်နောက် ဇူလိုင်လပထမအပါတ်တွင် အက်တမ်မြန်မာ call center မှ ၀၉-၇၅၀၀၉၇၅၀၀ ဖုန်းဖြင့် ကံထူးသူတိုင်းကို ဖုန်းခေါ်ဆိုကာ အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။

ပရိုမိုးရှင်းကာလမှာ ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၃ ရက်အထိ ၁၄ ရက် ဖြစ်ပါတယ်။

အက်တမ် customer care service မှ ဖုန်းခေါ်ဆိုပြီး အကြောင်းကြားသည့်အခါ မိမိနေရပ်လိပ်စာအား ပေးရမည်ဖြစ်ပြီး အက်တမ်မှ အနီးစပ်ဆုံးကားဂိတ်သို့ (၂၁)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

432

Back to top