We'd like to send you notifications of the latest posts and updates
Toh Toh United – ဘောလုံးဂိမ်းအသစ်ရဲ့ ရူးသွပ်မှုကို ခံစားလိုက်ပါ!
Toh Toh United သည် ATOM Store App တွင်သာ ရရှိနိုင်သော စိတ်လှုပ်ရှားဖွယ် ဘောလုံးဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းကစားခွင့် တစ်ခုတည်း ဖြင့် ဘောလုံးဂိမ်း စတိုင် (၃) မျိုး ကို ကစားနိုင်ပြီး၊ အဆင့်တိုင်းမှာ မတူညီတဲ့ စိန်ခေါ်မှုတွေ၊ လက်ငင်းပေါက်ဆုတွေ နဲ့ အထူးဆုကြီးများ ကို ရယူနိုင်မှာပါ။
များများကစားလေလေ – ဆုလက်ဆောင်ရဖို့ အခွင့်အရေးပိုများလေလေ!
လက်ငင်းပေါက်ဆုများ
လစဉ်ဆုများ
အထူးဆုကြီးများ
အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း တို့တို့ယူနိုက်တက်မှာ ဂိမ်းကစားခွင့်ပက်ကျေ့ချ်များ ၀ယ်ယူပြီး ဂိမ်းကစားခွင့် ၂ ဆ ရယူလိုက်ပါ။ အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်းသာ။
ဂိမ်းကစားပြီး ဆုလက်ဆောင်များ ရယူလိုက်ပါ။
အခုပဲ ATOM Store App မှာ ၀ယ်ယူပြီး ဂိမ်းကစားခွင့် ၂ ဆ ရယူလိုက်ပါ။
ဂိမ်းပက်ကေ့ချ် | အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း (ဂိမ်းကစားခွင့်အရေအတွက်) | စျေးနှုန်း |
---|---|---|
Pack 1 | 2 Lives | 199 Ks |
Pack 2 | 6 Lives | 499 Ks |
Pack 3 | 12 Lives | 999 Ks |
Pack 4 | 24 Lives | 1,999 Ks |
245 MB Data (Shal Suboo) | 2 Lives | 949 Ks |
475 MB Data (Shal Suboo) | 4 Lives | 1,599 Ks |
600 MB Data (Shal Suboo) | 6 Lives | 1,999 Ks |
1300 MB Data (Shal Suboo) | 10 Lives | 4,299 Ks |
Toh Toh United မှာ ပါဝင်ကစားပြီး ဆုတွေကို ဝိုင်းဝန်းရယူကြရအောင်။
တို့တို့ယူနိုက်တက် ကစားရန် ATOM Store Appကို အခုပဲ ဒေါင်းလုဒ်လုပ်ပြီး စတင်ကစားလိုက်ပါ။
1. Dashboard
2. Buy Game Play Chances
3. Confirmaiton Pop Up
4. Success Pop Up
5. Game Landing
1. Level Fails
2. Buy Booster Pack
3. Confirmation Pop Up
4. Success Pop Up
1. Game Landing
2. Unlock Level
3. Confirmation Pop Up
4. Success Pop Up
1. Game Landing
2. Shop
3. Buy Jersey
4. Confirmation Pop UP
5. Success Pop Up
6. Purchase Complete
1. Game Landing
2. Change Nickname
3. Confirmation Pop Up
4. Change Your Nickname
5. Success Pop Up
၁။ အက်တမ်မြန်မာ လီမိတက် (“အက်တမ် မြန်မာ”) မှ တို့တို့ (United) ကံစမ်းမဲအစီအစဉ် (“ကံစမ်းမဲ အစီအစဉ်”) ကာလမှာ ဇွန်လ ၁၁ ရက် ၂၀၂၅ ခုနှစ်တွင် စတင်ပြီး စက်တင်ဘာလ ၉ ရက် ၂၀၂၅ ခုနှစ်အထိ (ထပ်မံသက်တမ်းတိုးရန် မကြော်ငြာသရွေ့) (“ကံစမ်းမဲ ကာလ”) ဖြစ်သည်။ အက်တမ် မြန်မာ၏ ဝန်ဆောင်မှု သုံးစွဲသူများမှ Game Play Chances များအား စက်တင်ဘာလ ၉ ရက် ၂၀၂၅ ခုနှစ် ည ၂၃ နာရီ ၅၉ မိနစ် (မြန်မာ စံတော်ချိန်) မတိုင်မီ သုံးစွဲရမည်ဖြစ်သည်။ ကံစမ်းမဲ ကာလ ကျော်လွန်သည်အထိ မသုံးစွဲရသေးသော Game Play Chances များမှာ ဤ ကံစမ်းမဲ အစီအစဉ်နှင့် အကျုံး မဝင်ပေ။ ကံစမ်းမဲ ကာလအား အက်တမ် မြန်မာမှ မိမိတဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေး ပြင်ဆင် ပြောင်းလဲနိုင်သည်။
၂။ ဤ ကံစမ်းမဲ အစီစဉ်တွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းမှ အက်တမ် မြန်မာ၏ တို့တို့ (United) ကံစမ်းမဲအစီအစဉ် နှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများ (“စည်းမျဉ်း စည်းကမ်းများ”)၊ ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက်များအား လိုက်နာရန် သဘောတူညီသည်ဟု မှတ်ယူမည် ဖြစ်သည်။ စည်းမျဉ်း စည်းကမ်းများအား ပြင်ဆင်မှု တစုံတရာ ရှိပါက Atom Store application မှတဆင့် ကြော်ငြာ မည် ဖြစ်ပြီး ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည်ဖြစ်သည်။ အက်တမ် မြန်မာမှ လက်ဆောင်ပစ္စည်းများ အစားထိုးခြင်း အပါအဝင် စည်းမျဉ်း စည်းကမ်းများအား ပြောင်းလဲခွင့် ရှိသည်ဖြစ်ပြီး ပြောင်းလဲချက်အား ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုး သက်ရောက် မည် ဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သူများ အနေဖြင့် ဤ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ လုပ်ဆောင်ရန် သဘော တူညီသည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်သည်။
၃။ ဤ ကံစမ်းမဲ အစီအစဉ်သည် အက်တမ် မြန်မာ ဖုန်းများ၏ ကြိုတင်ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှု (prepaid) သုံးစွဲသူအားလုံး အတွက် ဖြစ်သည်။ (“အက်တမ် မြန်မာ ၏ ဝန်ဆောင်မှုသုံးစွဲသူ”) ဤ ဂိမ်းကံစမ်းမဲ အစီအစဉ်သို့ ဝင်ရောက် ကံစမ်းချင်သူ အက်တမ် မြန်မာ၏ ဝန်ဆောင်မှု သုံးစွဲသူများသည် “Atom Store” application အား ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် သုံးစွဲရန် လိုအပ်သည်။
၄။ အောက်ပါ ပုဂ္ဂိုလ်များအား ဤဂိမ်းကံစမ်းမဲ အစီစဉ်တွင်ပါဝင်ခြင်းအား တားမြစ်ထားသည် (“ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်းအား တားမြစ်ထားသူများ”)
(က) အက်တမ် မြန်မာ ၏ အချိန်ပြည့်၊ အချိန်ပိုင်း၊ ယာယီ၊ အမြဲတမ်း ဝန်ထမ်းများ
(ခ) အက်တမ် မြန်မာ အား ဝန်ဆောင်မှု ပေးနေသူများ (Service Provider) ၊ အက်တမ် မြန်မာ နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက် ကုမ္ပဏီများ (Business Partner) နှင့် ၎င်းတို့၏ ဝန်ထမ်းများအား
(ဂ) အက်တမ် မြန်မာ ၏ Productနှင့် ဝန်ဆောင်မှုများအား ဖြန့်ချိခြင်းနှင့် ရောင်းချခြင်း (sale or distribution) တို့တွင် ပါဝင်သူများ နှင့် ၎င်းတို့၏ ဝန်ထမ်းများအား ဤ ကံစမ်းမဲ အစီအစဉ်တွင် ဝင်ရောက်ကံစမ်းခြင်းအား တားမြစ်ထားသည်။
ကံစမ်းမဲဆု တစ်ခုကိုဆွတ်ခူးရရှိပြီးသူ အပါအဝင်၊ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်သည့် မည်သူနှင့်စပ်လျင်း၍ မဆို တရားဝင် အတည်ဖြစ်မှုအား အက်တမ် မြန်မာ မှ မိမိတစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်း အား တားမြစ်ထားသူများ မှ ကံစမ်းမဲ အစီအစဉ်အား ကံထူးခဲ့ပါက လက်ဆောင် ပစ္စည်းများ အား အက်တမ် မြန်မာ မှ မိမိသဘော ဖြင့် ပြန်လည်သိမ်းယူခွင့်နှင့် ပယ်ဖျက်နိုင်ခွင့်တို့ရှိသည်။
Toh Toh United ဆိုတာ အသစ်ထည့်သွင်းထားသော ATOM Store App gamification အစီအစဉ်တစ်ခု ဖြစ်ပြီး ဘောလုံးအခြေခံဂိမ်းဖြစ်ကာ ATOM Store App တွင်သာရနိုင်တဲ့ Lucky Draw Campaign တစ်ခုဖြစ်ပါတယ်။ Customers များသည် ဂိမ်းဆော့ရင်း နေ့စဉ်လက်ငင်း ဆုလက်ဆောင်များ ၊ လစဥ်ဆုလက်ဆောင်များ နှင့် ဆုကြီးများကို ရရှိနိုင်မှာဖြစ်ပါတယ်။
အက်တမ်၏ App Channel မှ ဂိမ်းအတွက် သတ်မှတ်ထားသော Game Play Chance များ ၀ယ်ယူပြီး Game ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ် Game ထဲသို့ ၀င်ရောက်ခြင်းဖြင့်လဲ နေ့စဥ် Game Play Chance တခုရရှိပါမည်။ ၀ယ်ယူထားသော (သို့) ရရှိသော Game Play Chance များကို အသုံးပြုပြီး Game ဆော့ကစားပါက ဆုလက်ဆောင်များ ရရှိနိုင်ပါသည်။ Game Play Chance သီးသန့်၀ယ်ယူနိုင်သလို Package များ၀ယ်ယူ၍လည်း Game Play Chance ရယူနိုင်သည်။
၁) Game Play Chance သီးသန့်၀ယ်ယူနိုင်သည့် အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၂) Package ဝယ်ယူပြီးရရှိမည့် Game Play Chance အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Package ဝယ်ယူ ပြီး ၄၈ နာရီအတွင်း ATOM သို့ဝင်ရောက်ကာ ရရှိထားသော lucky chance များကိုရယူရမည်။ အသုံးမပြုရသေးသော lucky chance များအား ကံစမ်းမဲကာလာအပြီးတွင် ပယ်ဖျက်ပါမည်။
မှတ်ချက် - ဝယ်ယူထားသော “Game Play Chance" များကိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် “Game Play Chance" ရယူဖို့ တစ်ခါတရံ ၁၀ မိနစ်မှ ၁၅ မိနစ် ခန့်ကြာမြင့်တတ်ပါတယ်။
Game Play Chance များကို ဂိမ်းပင်မစာမျက်နှာရှိ "+" ကိုနှိပ်၍ ဝယ်ယူနိုင်ပါတယ်။ Game Play Chance ဝယ်ယူပြီးတာနဲ့ ဂိမ်းပြန်ကစားနိုင်မှာဖြစ်ပါတယ်။ ကျသင့်ငွေကိုဖုန်းငွေလက်ကျန်ထဲမှ နှုတ်ယူမှာဖြစ်ပါတယ်။
မှတ်ချက် - ဝယ်ယူထားသော “Game Play Chance" များကိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့ရာတွင် “Game Play Chance" ရယူဖို့ တစ်ခါတရံ ၁၀ မိနစ်မှ ၁၅ မိနစ် ခန့်ကြာမြင့်တတ်ပါတယ်။
အဆင့်တစ်ခုစီ၏ “လော့ခ်ဖွင့်မည်” ခလုတ်ကို နှိပ်ခြင်းဖြင့် အဆင့်တစ်ဆင့်စီကို လော့ခ်ဖွင့်နိုင်ပါသည်။
Jerseys, Footballs and backgrounds အစရှိသော In-game accessories များကို ဝယ်ယူပြီး ကိုယ်ပိုင်စတိုင်နဲ့ သင့်စိတ်ကြိုက် ဂိမ်းကိုအလှဆင်နိုင်ပါတယ်။
သင့်စိတ်ကြိုက် ဂိမ်းကိုအလှဆင်နိုင်ရန် ဂိမ်းပင်မစာမျက်နှာရှိ “Shop” ခလုတ်ကို နှိပ်ပါ။ သင်ဝယ်ယူလိုသောပစ္စည်းကို ရွေးချယ်၀ယ်ယူနိုင်ပါသည်။ ပစ္စည်းတစ်ခုစီအတွက် သတ်မှတ်ထားသောငွေပမာဏကို သင်၏ ဖုန်းငွေလက်ကျန်ထဲမှ နုတ်ယူမည်ဖြစ်သည်။ ဝယ်ယူထားသော ဂိမ်းပစ္စည်းတစ်ခုစီ၏ သက်တမ်းသည် ရက် ၃၀ ဖြစ်သည်။
သင်၏ “ပရိုဖိုင်း” ကိုနှိပ်ပါ။ ပြီးနောက် "edit" ခလုတ်ကိုနှိပ်ပြီး ၃၀၀ ကျပ်ဖြင့် သင်၏ အမည်ကို ပြောင်းလဲနိုင်သည်။ ဂိမ်းအမည်ပြောင်းခြင်းကို ပထမဆုံးအကြိမ် အခမဲ့ ပြောင်းလဲနိုင်သည်။
သင့်ဂိမ်းကုဒ်ကို သင့်သူငယ်ချင်းအား မျှဝေကာ သင့်ဖိတ်ကြားချက်ကို သင့်သူငယ်ချင်းက လက်ခံခြင်းဖြင့် (သို့) သင့်သူငယ်ချင်း၏ ဂိမ်းကုဒ်ရိုက်ထည့်ခြင်းဖြင့် ဂိမ်းအား ဆော့ကစားနိုင်သည်။
Toh Toh United ဂိမ်းတွင် သင့်သည်အခြားအွန်လိုင်းရှိသည့် ကစားသမား သို့မဟုတ် ဘော့ တစ်ခုနှင့် အလိုအလျောက် ကစားနိုင်ပါတယ်။
မည်သူမဆို ဂိမ်းကစားပြီး အဆင့်တစ်ခုကို နိုင်သည်ဖြစ်စေ (သို့) ကျရှုံးသည်ဖြစ်စေ ၎င်းတို့၏ ရမှတ်/ရလဒ် အပေါ် အခြေခံ၍ လက်ငင်းပေါက်ဆုများကို ရရှိမည်ဖြစ်သည်။
Cashback up to 10,000 MMK
Free Data up to 1000 GB
Loyalty Points up to 1,000 Points
* ဆုအားလုံးသည် ၀ယ်ယူပြီး ၃ ရက်အတွင်းသာ အကျုံးဝင်ပါသည်။
သင်သည် တို့တို့ (United) ဂိမ်းအဆင့် (စုစုပေါင်းအဆင့် ၃ ဆင့်) အားလုံးတွင် အနိုင်ရရှိပါက လစဥ်ပေးအပ်သောဆုလက်ဆောင် နှင့် grand prizes ဆု လက်ဆောင်များ ကံစမ်းခွင့် လက်မှတ် နှင့် နေ့စဉ်ပေးအပ်သည့်လက်ငင်းပေါက်ဆုလက်တောင် ရယူခွင့်ဟူ၍ ရွေးချယ်မှု (၂)ခုရရှိမည် ဖြစ်သည်။ အကယ်၍ သင်သည် ကံစမ်းခွင့်လက်မှတ် ကို ရွေးချယ်ပါက ဒီဂျစ်တယ်ကူပွန် ၁ ခု ရရှိပါမည်။ (ဥပမာ သင်သည် ပရိုမိုးရှင်းကာလအတွင်း ပွဲစဥ်တစ်လျှောက်လုံးတွင် အကြိမ် ၂၀ ကစားပြီးပါက လစဥ် (သို့) အမြင့်ဆုံးဆု အတွက် ဒီဂျစ်တယ်ကူပွန် အခု ၂၀ ရရှိပါမည်။ ) လစဉ် သို့မဟုတ် အမြင့်ဆုံးဆုမဲများတွင် သင်၏ဆု (ဒစ်ဂျစ်တယ်လက်မှတ်) ပေါင်းထည့်ခြင်း၏ ရွေးချယ်မှုသည် သင့်အပေါ်တွင်သာ မူတည်ပါသည်။
Samsung Sport Watch ၁၀ လုံး ကိုပေးအပ်သွားမည် ဖြစ်ပါသည်။
လစဥ် ဆုများကို လစဥ်လတိုင်း၏ နောက်ဆုံးရက်တွင် (ပရိုမိုးရှင်းကာလအတွင်း) ကျပန်းစနစ်ဖြင့် မဲဖောက်ပေးသွားပါမည်။ မဲဖောက်ခြင်းအစီအစဥ်ကို လစဉ်လကုန်ပြီးနောက် 14 ရက်အတွင်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ရွှေတစ်ကျပ်သား ၃ ဆု ကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ပရိုမိုးရှင်းကာလ အပြီးမှာ ကျပန်းစနစ်ဖြင့် မဲဖောက်ပေးပါမည်။ မဲဖောက်ခြင်းအစီအစဥ်ကို ပရိုမိုးရှင်းကာလပြီးနောက် 14 ရက်အတွင်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။
သက်ဆိုင်ရာဆုလက်ဆောင်များကို ထပ်မံရရှိပါက သက်တမ်းတိုးမှာဖြစ်ပါတယ်။
ဂိမ်းပင်မစာမျက်နှာရှိ “မှတ်တမ်း" ကိုနှိပ်ပါ။ ပြီးနောက် “ဆုရရှိ မှတ်တမ်း" ကိုဝင်ရောက်ပြီး ရရှိခဲ့သော လက်ငင်းရ ဆုလက်ဆောင်များကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
ဂိမ်းပင်မစာမျက်နှာရှိ “မှတ်တမ်း" ကိုနှိပ်ပါ။ ပြီးနောက် “၀ယ်ယူထားသော မှတ်တမ်း" ကိုဝင်ရောက်ပြီး ၀ယ်ယုခဲ့သော ပစ္စည်းများကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
ဂိမ်းပင်မစာမျက်နှာရှိ “လက်မှတ်နှင့်ဆုများ" ကိုနှိပ်ကာ ကံစမ်းခွင့်လက်မှတ်အရေအတွက်ကို စစ်ဆေးနိုင်သည်။
ဂိမ်းကစားသူသည် ကစားနေစဥ်အတွင်း ကျရှုံးသည့်အခါ (သို့) အတားအဆီး တခုခုကို တိုက်မိသည့်အခါတွင် ဂိမ်းကို ဆက်လက် ကစားနိုင်ရန် Booster pack ကို ဝယ်ရန် လိုအပ်ပါသည်။
Booster Pack များကို ၉၉ ကျပ်တည်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး ကျသင့်ငွေကိုဖုန်းငွေလက်ကျန်ထဲမှ နှုတ်ယူမှာဖြစ်ပါတယ်။ ဂိမ်းကစားသူသည် ကစားနေစဥ် အတွင်း ကျရှုံးသည့်အခါ (သို့) အတားအဆီး တခုခုကို တိုက်မိသည့်အခါတွင် Booster Pack ဝယ်ယူနိုင်ရန် Pop up ပေါ်လာပါမည်။ ၎င်း Pop up မှ တဆင့် “၉၉ ကျပ်ဖြင့် ဆက်ကစားပါ” ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။ Booster Pack ကို ဝယ်ယူပြီးတာနဲ့ ဂိမ်းကို ဆက်လက် ကစားနိုင်မှာဖြစ်ပါသည်။
မှတ်ချက် - "Booster Pack" ရယူဖို့ တစ်ခါတရံ ၁၀ မိနစ်မှ ၁၅ မိနစ် ခန့်ကြာမြင့်တတ်ပါတယ်။
Toh Toh United game ကို ATOM Store App latest app Versionတွင် ဝင်ရောက်ဆော့ကစားနိုင်ပါသည်။
ဇွန်လ ဒုတိယအပါတ် မှစတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ဖြစ်ပါသည်။
Back to top
Share