We'd like to send you notifications of the latest posts and updates

Article

စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာနဲ့ အကူအညီများပေးအပ်ခြင်းဖြင့် မြန်မာ့စီးပွားရေးစနစ်ကို ဖွံ့ဖြိုးတိုးတတ်စေရန်ပံ့ပိုးလျက်ရှိ

08 Nov,2025 - Yangon | 2 mins read

စာရေးသူ- Rituraj Kalita၊ အက်တမ် (ATOM)၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်

 

ယနေ့ခေတ်လို ချိတ်ဆက်မှုအားကောင်းတဲ့ ခေတ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းဟာ စီးပွားရေးကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြန်အလှန် အမှီပြုလျက် ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ (၃၃.၄) သန်းကျော် ရှိသော်လည်း မိုဘိုင်းလ်ချိတ်ဆက်ခြင်းတွေက နိုင်ငံအနှံ့သို့ ရောက်ရှိနေခြင်းအပြင် အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းအကြား အပြန်အလှန်အမှီပြုခြင်းက နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို ဦးတည်နေတဲ့ သက်သေသာဓကတွေပဲ ဖြစ်ပါတယ်။ ICT ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံခန့်ရှိတဲ့ ဝင်ငွေဟာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေဆီက ရရှိနေတာကြောင့် ဒီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ SME လုပ်ငန်းတွေက အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်ပါတယ်။ SME လုပ်ငန်းတွေအတွက် ဒစ်ဂျစ်တယ်နည်းပညာပစ္စည်းတွေက ဇိမ်ခံရုံသက်သက်မဟုတ်ဘဲ စီးပွားရေးလုပ်ကိုင်ရာမှာ အချိန်တိုတိုနဲ့ ခရီးရောက်ကာအကျိုးရှိစေခြင်း၊ သုံးစွဲသူတွေနဲ့ ပိုမိုချိတ်ဆက်နိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းစတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် SME လုပ်ငန်းတွေအနေနဲ့ အင်တာနက်အမြန်နှုန်းအကန့်အသတ်ဖြင့်သာရရှိနိုင်ခြင်း နဲ့ လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံမရှိခြင်းစတဲ့ အခက်အခဲတွေကိုလည်း ကြုံနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလက်လှမ်းမီနိုင်တဲ့ နည်းပညာနဲ့ အတတ်ပညာဆိုင်ရာ အထောက်အပံ့များပေးခြင်းက ကြံ့ခိုင်ပြီး စံနှုန်းမှီတဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ဆောက်ရန် နဲ့ လူမှု့အသိုင်းအဝိုင်းကို မြှင့်တင်ရာမှာ မရှိမဖြစ် အရေးကြီးသလို မြန်မာနိုင်ငံစီးပွားရေးဂေဟစနစ်တစ်ခုလုံးကိုပါ အရှိန်အဟုန်နဲ့ ရေရှည် တည်တံ့ခိုင်မြဲစေမှာပါ။
 
အက်တမ်(ATOM) ရဲ့ လုပ်ငန်းသုံး ဝန်ဆောင်မှုတွေက လူမှုအသိုင်းအဝိုင်းကို ဘယ်လို ကူညီနေလဲ?
ဒီအကြောင်းအရာမှာတော့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းနှစ်ရပ်လုံးအတွက် အကျိုးကျေးဇူးတွေကို ဘယ်လိုဖန်တီးပေးနိုင်လဲ ဆိုတာပေါ် အခြေခံပြီး ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်တွေရဲ့ တန်ဖိုးအစစ်အမှန်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။ လူတိုင်းလက်လှမ်းမီနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ ချိတ်ဆက်မှု၊ အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာပစ္စည်းတွေနဲ့ Smart Platform၊ Internet of Things (IoT)၊ Cloud Services တွေလိုမျိုး အနာဂတ်အတွက် အဆင်သင့်ဖြစ်စေမယ့် နည်းပညာတွေက ရေရှည်တည်တံ့တဲ့ တိုးတက်မှုအတွက် အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အက်တမ်(ATOM) က အခြေခံအဆောက်အအုံတွေ ဖန်တီးပေးသူအဖြစ်ရော၊ ဆန်းသစ်တီထွင်မှုတွေအတွက် မိတ်ဖက်အဖြစ်ပါ ပံ့ပိုးကူညီပေးနေပါတယ်။ ဒီ စွမ်းဆောင်ရည်တွေကို လူတိုင်းလက်လှမ်းမီနိုင်ပြီး ရယူအသုံးပြုခြင်းကနေ လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုချောမွေ့စေနိုင်ပြီး၊ သုံးစွဲသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို တိုးချဲ့နိုင်သလို အခွင့်အလမ်းသစ်တွေကိုလဲ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ နည်းပညာဆိုတာ အမှန်တကယ်တိုးတက်မှုအတွက် တွန်းအားပေးသူဖြစ်လာပြီး၊ SME လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ ပျက်တောက်မှုမရှိဘဲ နောက်ဆုံးရသတင်းအချက်အလက်တွေကို ကောင်းမွန်စွာရရှိစေပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ပိုမိုကောင်းမွန်စေသလို စီးပွားရေးတည်ငြိမ်မှုကိုလည်း တိုးမြှင့်ပေးပါတယ်။ လုပ်ငန်းတွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် အက်တမ်(ATOM) က အခွင့်အလမ်းတွေကို ဖော်ထုတ်ပေးပြီး၊ နည်းပညာကို လူမှုအဖွဲ့အစည်းအတွက် ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဖြေရှင်းနည်းတွေကို ပံ့ပိုးပေးနေပါတယ်။
 
ပိုမိုကောင်းမွန်တဲ့ စီးပွားရေးစနစ်ကြီးတစ်ခုဖြစ်လာဖို့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းကို ဘယ်လို ဆက်သွယ်ချိတ်ဆက်ကြမလဲ။
SME လုပ်ငန်းတွေက မြန်မာ့စီးပွားရေးရဲ့ အဓိကမဏ္ဍိုင် ဖြစ်နေချိန် တစ်ဖက်မှာလည်း လုပ်ငန်းတွေကိုအကောင်အထည် ဖော်ဆောင်တဲ့နေရာမှာ စျေးကွက်အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာပစ္စည်းတွေ နဲ့ ငွေကြေးအရင်းအနှီးတွေ ရရှိမှုနည်းပါတဲ့အတွက် စိန်ခေါ်မှုတွေကို ကြုံတွေ့နေရပါတယ်။ လုပ်ငန်းလည်ပတ်မှုနဲ့ တိုးတက်မှုတွေ ပိုအားကောင်းလာအောင် စီမံပေးရတဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ်အနေနဲ့ စီးပွားရေးလုပ်ငန်း ဖော်ဆောင်ခြင်းက ရည်ရွယ်ချက်တစ်ခုဆိုတာထက် ပိုပြီး မှန်ကန်တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ အခြေခံအဆောက်အအုံတွေပါ လိုအပ်ပါတယ်။ အက်တမ် အနေနဲ့ နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်နည်းပညာတွေကို မြန်မာနိုင်ငံအတွင်း အလွယ်တကူ အသုံးပြုနိုင်စေဖို့ အစဉ်ကြိုးစားလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ အက်တမ်(ATOM) ရဲ့ ‘SME Acceleration Programme’ ဟာဆိုရင်လည်း SME စီးပွားရေးလုပ်ငန်းရှင်တွေကို ဒစ်ဂျစ်နည်းပညာပစ္စည်းတွေ၊ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးအပ်နိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်ငွေစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပိုမိုထိရောက်စေနိုင်ခဲ့ပါတယ်။ အားလုံးအတွက် လက်လှမ်းမီတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ ဖြေရှင်းလုပ်ဆောင်ချက်တွေ၊ ယုံကြည်မှုအပြည့်အ၀ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို Smart Platforms, Internet of Things အပါအဝင် Cloud Services စတဲ့ ရှေ့ပြေးနည်းပညာရပ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပေါင်းစပ်ပြီး အက်တမ်(ATOM) အနေနဲ့ SME လုပ်ငန်းတွေကို အခွင့်အလမ်းတွေရရှိဖို့၊ လူမှုအသိုင်းအဝိုင်းကို အားပေးမြှင့်တင်နိုင်ဖို့နဲ့ ပိုမိုကျယ်ပြန်တဲ့ စီးပွားရေးရပ်ဝန်းကြီးတစ်ခု ဖော်ဆောင်နိုင်ဖို့ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်။

 

အားလုံးပါဝင်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးလမ်းကြောင်းဆီသို့
မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆီသို့ တဖြေးဖြေး အဆင့်မြှင့်တင် ကူးပြောင်းလို့နေပါတယ်။ အင်တာနက် သုံးစွဲသူအရေအတွက် အနေနဲ့ လူဦးရေရဲ့ ၆၁.၁% ကျော်ထိ ရှိနေပြီး ၂၀၂၅ မှ ၂၀၃၀ ခုနှစ်အတွင်း Public Cloud Services သုံးစွဲသူ အရေအတွက်ကိုတော့ နှစ်စဉ် ၂၁.၄% ထိ တိုးတက်လာဖို့ ခန့်မှန်းထားတာဖြစ်လို့ အသွင်ကူးပြောင်းခြင်း အခြေခံအုတ်မြစ်က အတော်လေးခိုင်မာနေပြီလို့ ဆိုနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ချိတ်ဆက်မှုတွေ၊ ဒစ်ဂျစ်တယ်နည်းပညာပစ္စည်းတွေ နဲ့ အနာဂတ်အတွက် အသင့်ဖြစ်နေမယ့် နည်းပညာတွေ ထောက်ပံ့ပေးခြင်းက အက်တမ်(ATOM) အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခြေခံအဆောက်အအုံများနဲ့ ထောက်ပံ့ပေးခြင်းသာမကဘဲ လုပ်ငန်းရပ်တည်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်နဲ့ နည်းလမ်းတွေကိုပါ ပံ့ပိုးပေးနေခြင်း ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းများ နဲ့ အနီးကပ်ချိတ်ဆက်ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ကြမယ့် SME လုပ်ငန်းတွေက အားလုံးပါဝင်ပြီးကြံ့ခိုင်တောင့်တင်းတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာမှာ အဓိကနေရာက ပါဝင်နေမှာပဲ ဖြစ်ပါတယ်။

 

Sources: 
Ministry of Information (Myanmar)
https://www.moi.gov.mm/moi%3Aeng/article/16079


Digital 2025: Myanmar
https://datareportal.com/reports/digital-2025-myanmar


Statista
https://www.statista.com/outlook/tmo/public-cloud/myanmar


Myanmar Digital News
https://www.mdn.gov.mm/en/node/188391

Back to top