We'd like to send you notifications of the latest posts and updates
Article
29 Apr,2025 - Yangon | 2 mins read
ရေးသားသူ - အမှုဆောင် အရာရှိချူပ်
ဧပြီလ (၂၈) ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က ၂၀၀၃ ခုနှစ်မှာ အရေးကြီးတဲ့ အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပခဲ့ပြီး လုပ်ငန်းခွင်အားလုံးအတွက် ကျန်းမာပြီးဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းခွင်ယဉ်ကျေးမှုများကို ချမှတ် လိုက်နာ ဆောင်ရွက်ခြင်းဟာ အလွန်အရေးကြီးကြောင်း အသိပညာမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်ပါတယ်။ ဆက်သွယ်ရေးနယ်ပယ်မှာဆိုရင် လုပ်ငန်းလည်ပတ်မှုတိုင်းဟာ အန္တရာယ်မြင့်မားတဲ့ ပတ်ဝန်းကျင်များအဖြစ် တည်ရှိနေတဲ့အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဟာ ကျင့်ဝတ်တစ်ခုအနေနဲ့သာမက အဓိကထားဆောင်ရွက်ရမဲ့ လုပ်ငန်းတာဝန်တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အခန်းကဏ္ဍ ဆက်လက်ပြောင်းလဲနေသလိုပဲ အက်တမ် (ATOM)အနေနဲ့လည်း လူသန်းပေါင်းများစွာအတွက် ဆက်သွယ်ချိတ်ဆက်မှုများ အဆင်ပြေပြေနဲ့ ရရှိနိုင်စေရေးအတွက် ရှေ့တန်းက ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူထုအသိုင်းအဝိုင်းကို ဦးစားပေးသော အက်တမ် (ATOM)အနေနဲ့ ဆက်သွယ်ချိတ်ဆက်မှုများ၊ ဖုန်းလိုင်းများနဲ့ တာဝါတိုင်များအားလုံးရဲ့ နောက်ကွယ်မှာ အားသွန်ခွန်စိုက်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများစွာရှိနေပြီးတော့ ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်ရောကိုယ်ပါကျန်းမာနေရေးဟာ အမြဲပထမဦးစားပေးဖြစ်နေရမယ်ဆိုတာကို သိရှိနားလည်ထားပါတယ်။
အက်တမ်(ATOM)က လုပ်ငန်းလည်ပတ်မှုတိုင်းမှာ ပါဝင်နေကြတဲ့ ဝန်ထမ်းများ၊ မိတ်ဖက်ပါတနာများနဲ့ ဆက်စပ်လုပ်ငန်းဝန်ထမ်းများရဲ့ အသက်အန္တရယ်များကို ကာကွယ်ပေးရေးဆိုတဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရင်းနဲ့ ပိုမိုဘေးကင်းလုံခြုံတဲ့ နေ့သစ်တွေအတွက် လုပ်ငန်းခွင်မှာ ကျရာတာဝန်ထမ်းဆောင် နေကြသူတွေအားလုံးကို ကျန်းမာသော အလေ့အကျင့်ကောင်းများနဲ့ အကျွမ်းတဝင်ရှိနေစေဖို့ စည်းရုံးလှုံ့ဆော်ပြီး ဒီကနေ့ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။အက်တမ်(ATOM)မှာရှိတဲ့ ဝန်ထမ်းအားလုံးဟာ မြေပြင်(Site)ထဲမှာပဲဖြစ်ဖြစ် ရုံးတွင်းမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအလေ့အကျင့်များ ပိုမိုတိုးတက်ကျယ်ပြန့်လာစေရေးအတွက် တာဝန်ကိုယ်စီရှိပါတယ်။ မြင့်မားတဲ့နေရာတွေမှာ မကြာခဏ အလုပ်လုပ်နေရပြီး တပ်ဆင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအပိုင်းတွေမှာ ကြီးမားလေးလံတဲ့ စက်ကိရိယာတွေကို စီမံကိုင်တွယ်နေရတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ပိုမိုကြီးမားတဲ့ အန္တရာယ်တွေကို ထိတွေ့နေကြရပါတယ်။ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုအနေဖြင့် အက်တမ် (ATOM)က တစ်ကိုယ်ရည်သုံး ကာကွယ်ရေး ပစ္စည်းဆိုင်ရာလိုအပ်ချက်များနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်များကို တိကျစွာလိုက်နာမှုရှိစေဖို့အတွက် ကွင်းဆင်းလေ့လာစစ်ဆေးချက်များနဲ့ အင်တာဗျူးအမေးအဖြေများကို ပုံမှန် လုပ်ဆောင်လျက်ရှိပါတယ်။ အက်တမ် (ATOM) အနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး သင်တန်းများပို့ချပေးနေသလိုလုပ်ငန်းခွင်ဆိုင်ရာ ဖြစ်စဉ်များကို သတင်းပေးပို့ခြင်းနဲ့ အဆိုပါလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာအောင် ဆက်လက်မြှင့်တင်လျက်ရှိပါတယ်။ ယခုလို စဉ်ဆက်မပြတ်လုပ်ဆောင်ချက်များဟာ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်များကို စောလျင်စွာသိရှိစေနိုင်ပြီး မှန်ကန်တဲ့ ပြုပြင် ဆောင်ရွက်မှုတွေကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် အဖွဲ့အစည်းအတွင်း ပိုမိုအားကောင်းတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသည့် ယဉ်ကျေးမှုကို တွန်းအားပေးရာလည်း ရောက်မှာဖြစ်ပါတယ်။
မကြာသေးခင်ကဖြစ်ပေါ်ခဲ့သော သဘာ၀ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အက်တမ်(ATOM) ရဲ့ HSSE ၊ အထောက်အပံ့ပစ္စည်းများပေးအပ်ရေးနဲ့ စီမံအုပ်ချူပ်ရေး အဖွဲ့များက ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး အစီအစဉ်များကို အချိန်နဲ့တပြေးညီ ကျင်းပပေးနိုင်ခဲ့ပြီး ဝန်ထမ်းများအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေအတွက် ကောင်းစွာပြင်ဆင်ထားရှိတတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်များမှတဆင့် ငလျင်လှုပ်နေစဉ် လုံခြုံစိတ်ချရသော လုပ်ဆောင်ချက်များ၊ အသင့်ပြင်ဆင်ထားသော အရေးပေါ်ပစ္စည်းအသုံးပြုပုံများ နဲ့ အရေးအပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ အပါအဝင် လိုအပ်သော ငလျင်ဘေးအန္တရာယ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ယခုလို လုပ်ဆောင်ချက်များဟာ အက်တမ် (ATOM) ရဲ့ ဆက်လက်ဖော်ဆောင်နေတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဦးစားပေးခြင်း ယဉ်ကျေးမှု ကတိကဝတ်နဲ့ ဝန်ထမ်းများအနေနဲ့ အခက်အခဲကာလမှာ ကိစ္စအရပ်ရပ်ကို မှန်ကန်စွာ တုံ့ပြန်လုပ်ဆောင်နိုင်စေရန် လိုအပ်သော ဗဟုသုတများ ရှိနေစေရေး ကတိကဝတ်တို့ကို ထင်ဟပ်စေပါတယ်။
၂၀၂၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ရဲ့ အလေးပေးဆွေးနွေးသွားမဲ့ ခေါင်းစဉ်က လုပ်ငန်းခွင်အတွင်း AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းခြင်း အခန်းကဏ္ဍကို မီးမောင်းထိုးပြထားတာတွေ့ရပါတယ်။ အဆိုပါ တိုးတက်မှုတွေက လုပ်ငန်းလည်ပတ်မှုတွေကို ချောမွေ့စေပြီးတော့ လုပ်ငန်းထိရောက်မှုကို တွန်းအားပေးနေပါတယ်။ တစ်ဆက်တည်းမှာပဲ လုပ်ငန်းခွင်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်ကိစ္စရပ်များ၊ နည်းပညာမှားယွင်းမှုများနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှု ကွာဟချက်များ စသည်ဖြင့် စိန်ခေါ်မှုအသစ်များကိုလည်း ယူဆောင်လာနေတာတွေ့ရပါတယ်။
ဒီကနေ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့မှာ အက်တမ် (ATOM) အနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးက ဦးစားပေးအရာတစ်ခုဖြစ်ရုံသာမကပဲ အားလုံးအတူတူလုပ်ဆောင်ကြရမဲ့ နေ့စဉ်ကတိကဝတ်တစ်ခုဖြစ်တယ်ဆိုတာ ထပ်လောင်းသတိပြုမိလာစေပါတယ်။ နည်းပညာတွေ တိုးတက်လာပြီး လုပ်ငန်းခွင်အခြေအနေများ ပြောင်းလဲလာတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အနာဂတ်ကို တည်ဆောက်ရေးအတွက် ကြိုးပမ်းပေးနေကြတဲ့ လုပ်ငန်းများရဲ့နောက်ကွယ်က ပါဝင်သူအားလုံးကို အက်တမ် (ATOM) က ကာကွယ်ပေးနိုင်ဖို့ ရည်မှန်းချက်ထားပြီး ညီညီညွတ်ညွတ်နဲ့ရပ်တည်လျက်ရှိကြောင်းကို အသိပေး ပြောကြားလိုပါတယ်။
အက်တမ် (ATOM) က ဝန်ထမ်းတွေ၊ မိတ်ဖက်ပါတနာတွေနဲ့ ဆက်စပ်လုပ်ငန်းများကို အားလုံးပူးပေါင်းပါဝင်နေတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ယဉ်ကျေးမှုအတွက် စည်းရုံးလှုံ့ဆော်ခြင်းဟာ ဒီကနေ့တစ်ရက်တည်းအတွက် အလေးထား ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မနက်ဖြန်တိုင်းအတွက် ပုံဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အက်တမ် (ATOM) အနေနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာတိုးတက်မှုနဲ့ လူမှုအသိုင်းအဝိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးတို့ အတူယှဉ်တွဲ တည်ရှိနေတဲ့ အနာဂတ်ကို ဆက်လက်ဦးဆောင်ပုံဖော်သွားမှာဖြစ်ပါတယ်။ ပိုမိုဘေးကင်းလုံခြုံတဲ့ မနက်ဖြန်တိုင်းက ဒီကနေ့ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုများကနေ စတင်တာဖြစ်လို့ ဒီကနေ့ဟာ အထိမ်းအမှတ်နေ့ရက်တစ်ခုထက် ပိုလို့နေပါတယ်။
Back to top
Share