We'd like to send you notifications of the latest posts and updates

Article

AI နည်းပညာနဲ့ အတူ တိုးတတ်ပြောင်းလဲလာတဲ့ ဆက်သွယ်ရေး ကဏ္ဍ အနာဂတ်

17 Sep,2024 - Yangon | 3 mins read

ရေးသူ - Srinivas Rao၊ အက်တမ် (ATOM) ၏ သတင်းအချက်အလက်ပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်

ကမ္ဘာတစ်လွှားမှာရှိတဲ့ နယ်ပယ်ကဏ္ဍတိုင်းလိုလိုမှာ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုတွေဖြစ်ပေါ်လာအောင် လူသားဉာဏ်ရည်တုနည်းပညာလို့ခေါ်တဲ့ Artificial Intelligence (AI) က အဓိကလုပ်ဆောင်ပေးနေတာလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍ မှာဆိုရင်လည်း လုပ်ငန်းလည်ပတ်မှုအပိုင်း၊ အသုံးပြုသူ customer တွေကို ဝန်ဆောင်မှုပေးတဲ့အပိုင်းနဲ့ စီးပွားရေးနည်းဗျူဟာအပိုင်းစတဲ့နေရာတွေမှာ အကောင်းဆုံး ပြောင်းလဲအောင် ဆောင်ရွက်ပေးနိုင်တာကြောင့် AI ကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကလည်း မသေးလှပါဘူး။ ဆက်သွယ်ရေးကွန်ရက်တွေက ရှုပ်ထွေးပြီး အသုံးပြုသူ customer တွေရဲ့ လိုအပ်ချက်တောင်းဆိုမှုတွေကလည်း တစ်နေ့တစ်ခြားများလာတာနဲ့အမျှ တီထွင်ဖန်တီးမှုအပိုင်းနဲ့ ထိရောက်စွာ အလုပ်လုပ်နိုင်မှုအပိုင်းတို့မှာ AI ရဲ့ အခန်းကဏ္ဍကလည်း တစ်ဖြည်းဖြည်းနဲ့ အရေးပါအရာရောက်လာပါတယ်။

နေ့စဉ်နဲ့အမျှတိုးတက်နေတဲ့ နည်းပညာတွေ၊ အစဉ်မပြတ် ပြောင်းလဲနေတဲ့ customer တွေရဲ့လိုအပ်ချက်တွေကြောင့် တယ်လီကွန်းကဏ္ဍကြီးက တစ်နေ့တစ်ခြား မြန်မြန်ဆန်ဆန်နဲ့ကို တိုးတက်ပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ အဓိကဇာတ်ဆောင်ကတော့ သင်ယူတဲ့အခါ၊ ဆုံးဖြတ်ချက်ချတဲ့အခါ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အရမ်းကို အရေးပါအသုံးဝင်တဲ့ Artificial Intelligence – AI ပဲဖြစ်ပါတယ်။ AI မှာ စက်ပစ္စည်းပိုင်းဆိုင်ရာလေ့လာခြင်း၊ ထဲထဲဝင်ဝင်လေ့လာနိုင်ခြင်း နဲ့ ဘာသာစကားတွေနားလည်ခြင်းစတဲ့လုပ်ဆောင်ချက်တွေကြောင့် နယ်ပယ်ကဏ္ဍတော်တော်များများမှာ အသုံးပြုလာကြတာဖြစ်ပါတယ်။ AI ရဲ့ အံ့မခန်းစွမ်းဆောင်ရည်၊ အသုံးပြုသူ တွေကို ဝန်ဆောင်မှုပေးနိုင်မှု၊ အကောင်းဆုံး လုပ်ငန်းလည်ပတ်မှုတွေကြောင့် AI မှာ တယ်လီကွန်းလောကကြီးကို ခေတ်တစ်ခေတ်ဆန်းသစ်စေနိုင်တဲ့ ပါဝါအာဏာအများကြီးရှိပါတယ်။

ဆက်သွယ်ရေး ကဏ္ဍ မှာ AI ကို ဘယ်လိုသုံးကြသလဲ

ဆက်သွယ်ရေးကွန်ရက်ကို ပိုမိုကောင်းမွန်လာစေဖို့ စီမံခန့်ခွဲခြင်း - AI ဟာတယ်လီကွန်းဆက်သွယ်ရေးကွန်ရက်တွေကို ကောင်းမွန်အောင်လုပ်တဲ့အခါမှာ game-changer တစ်ခုဖြစ်လာမှာပါ။ နေ့စဉ်နဲ့အမျှ အရင်းအမြစ်တွေကို ကောင်းမွန်စွာ ခွဲဝေအသုံးချဖို့အတွက် အချိန်နဲ့တစ်ပြေးညီ ဒေတာအချက်အလက်တွေကို ခြုံငုံဆန်းစစ်သုံးသပ်ပြီး လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေတဲ့အပြင် အလုံးစုံစွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် လုပ်ငန်းလည်ပတ်မှုမှာလည်း ဘယ်လိုအရာတွေက မှားပြီး ပြဿနာတွေဖြစ်နိုင်လဲဆိုတဲ့အကြောင်းအရာတွေကို ကြိုသိတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထိန်းသိမ်းထားနိုင်ပြီး အသုံးပြုသူ customer တွေအတွက် လိုင်းကျသွားတာမျိုးတွေ သိပ်မဖြစ်တော့ပါဘူး။

ဆက်သွယ်ရေးကွန်ရက်တွေကို AI က ပိုပြီးကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာက  ဆက်သွယ်ရေး ကဏ္ဍ ကို တိုးတက်ကောင်းမွန်အောင် AI ကလုပ်ဆောင်ပေးနေတဲ့အချက်တွေထဲက တစ်ချက်မျှသာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေတာတွေကို သိမ်းဆည်းပေးထားပြီး အဲဒီ့ဒေတာအပေါ်မှာအခြေခံပြီး ရရှိလာတဲ့ အချက်အလက်တွေနဲ့ အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းက customer တွေကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုအရည်အသွေးကို ပေးအပ်နိုင်တဲ့အတွက်ကြောင့် AI ရဲ့အကူအညီကို မေ့ထားလို့မရပြန်ပါဘူး။ 

ပိုမိုကောင်းမွန်လာတဲ့ အသုံးပြုသူ customer များရဲ့အတွေ့အကြုံ - AI ကြောင့် ဆက်သွယ်ရေး ကဏ္ဍ မှာ အသုံးပြုသူ customer များအနေနဲ့ အတွေ့အကြုံကောင်းများပိုမိုရရှိလာတော့မှာဖြစ်ပါတယ်။ AI chatbot တွေက ၂၄ နာရီ ၇ ရက်ပတ်လုံး customer တွေသိချင်တဲ့ မေးခွန်းတွေကို လျင်မြန်ထိရောက်စွာ ဖြေကြားရှင်းပြပေးနိုင်ပါတယ်။ပြီးတော့ အခုလိုမျိုး ဉာဏ်ရည်ရော၊ စွမ်းဆောင်ရည်ရောကောင်းမွန်တဲ့ virtual assistant တွေက ပြဿနာတွေကို ချက်ချင်းရှာတွေ့ပြီး ဖြေရှင်းနိုင်တာကြောင့် customer တွေရဲ့ စိတ်ကျေနပ်မှုကို ပိုလို့ရရှိစေပါတယ်။ ဒါ့အပြင် customer တွေနဲ့ ဝန်ဆောင်မှုပေးသူတွေကို ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေမဖြစ်စေဖို့အတွက် ငွေကြေးလိမ်လည်မှုတွေမဖြစ်အောင် လိမ်လည်မှုတွေကိုရှာဖွေပြီး ကြိုတင်တားဆီးပေးပါသေးတယ်။

AI ကို အသုံးပြုပြီး အချိန်နဲ့တစ်ပြေးညီ ကွန်ရက်လိုင်းအခြေအနေတွေ သုံးသပ်ပြီး ဖြစ်လာနိုင်တဲ့လိုင်းပြတ်တောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်တာကြောင့် လိုင်းဆွဲအားပိုမိုကောင်းမွန်ဖို့နဲ့ customer တွေစိတ်ကျေနပ်စေဖို့အတွက် AI က အတော်လေးကို အထောက်အကူဖြစ်တယ်လို့ Vodafone နဲ့ Verizon တို့လိုမျိုး တယ်လီကွန်းအော်ပရေတာကြီးတွေက ပြောခဲ့ပါတယ်။ အခုပြောခဲ့တာတွေက လိုင်းဆွဲအားပိုမိုကောင်းမွန်စေပြီး customer တွေကို ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ AI ရဲ့အရည်အချင်းတွေပဲဖြစ်ပါတယ်။

ဒေတာအချက်အလက်များကို နားလည်ခြင်း - တယ်လီကွန်းကုမ္ပဏီတွေအနေနဲ့ ဒေတာတွေအများကြီးကို သိမ်းဆည်းရပါတယ်။ AI က ဒီဒေတာတွေကို သိမ်းဆည်းထားပြီး ဈေးကွက်ထဲမှာဘာတွေဖြစ်နေလဲ၊ အသုံးပြုသူ customer တွေရဲ့လိုအပ်ချက်တွေကဘာလဲဆိုတဲ့အကြောင်းအရာတွေကို အဖြေရှာတဲ့အခါမှာ ကူညီပေးပါတယ်။ ဒီအချက်အလက်တွေနဲ့ ကုမ္ပဏီတွေက ပိုမိုကောင်းမွန်ပြီး အသေးစိတ်ဂရုစိုက်ပေးတဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ယှဉ်တဲ့အခါမှာ အသုံးပြုသူ customer တွေအနေနဲ့ ကိုယ့်ဆီမှာ စွဲစွဲမြဲမြဲအားပေးစေခဲ့တာပေါ့။

အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းနှင့် ထိရောက်မှု - ဆက်သွယ်ရေး ကဏ္ဍ မှာတော့ အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းက AI ရဲ့ အဓိကအားသာချက်လို့ ပြောလို့ရပါတယ်။ AI နည်းပညာအသုံးပြုစနစ်တွေက ကွန်ယက်ထိန်းချုပ်မှုကနေ အသုံးပြုသူဝန်ဆောင်မှုပေးသည်အထိ လုပ်ငန်းစဉ်အမျိုးအစားပေါင်းစုံမှာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်အောင်နဲ့ ကုန်ကျစရိတ်တွေလျှော့ချနိုင်အောင်ဆိုပြီး လွယ်ကူအဆင်ပြေစွာ အသုံးပြုလို့ရပါတယ်။ ဒါကြောင့် တယ်လီကွန်းကုမ္ပဏီတွေအနေနဲ့လည်း လုပ်ငန်းတိုးတက်ဖို့အတွက်ပဲ အာရုံစိုက်ပြီး အလုပ်လုပ်လို့ရတာပေါ့။

အက်တမ် (ATOM) ရဲ့ Ai နည်းပညာအပြောင်းအလဲများ

မြန်မာနိုင်ငံရဲ့ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိတဲ့ အက်တမ် (ATOM) အနေနဲ့ AI အကူအညီနဲ့အတူတူ ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒါကို ဥပမာပေးရမယ်ဆိုရင် ကုမ္ပဏီလုပ်ငန်းတစ်ခုရဲ့  IT ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ အသုံးပြုသူ customer တွေကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ပိုမိုထိရောက်ပြီး လွယ်ကူစေဖို့အတွက်အတွက် ရည်ရွယ်ပြီးတော့ Business-As-Usual (BAU) လုပ်ငန်းစဉ်နဲ့ Touch-Free Operations လို့ခေါ်တဲ့ လူကိုယ်တိုင် ဆောင်ရွက်စရာမလိုဘဲ အလိုအလျောက် သို့မဟုတ် ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေအကြောင်း ပြောရမှာပါပဲ။

အခုလိုမျိုး အစပျိုးလုပ်ဆောင်မှုကနေတစ်ဆင့် ပြဿနာကိစ္စရပ်ကြီးကြီးမားမားတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်တာ၊ ဝန်ဆောင်မှုတွေကို အလိုအလျောက်ပေးနိုင်တာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အလိုအလျောက်လုပ်ဆောင်ပေးလာနိုင်တဲ့အတွက် MTTR ဖြေရှင်းနိုင်ဖို့အတွက် အချိန်နည်းနည်းပဲ လိုပါတော့တယ်။ ဒါကြောင့် အသုံးပြုသူ customer တွေရဲ့ တိုင်ကြားစာတွေက တစ်ဖြည်းဖြည်းနဲ့ သိသိသာသာလျော့ကျလာတဲ့အပြင် လုပ်ငန်းစွမ်းဆောင်ရည်တွေလည်း ပိုတိုးတက်လာခဲ့ပါတယ်။

နိဂုံး

AI ဆိုတာ အခုလိုအမြဲစိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ယနေ့ခေတ်အတွက် ရိုးရိုးသာမန် ကိရိယာတစ်ခုလေးတစ်ခုဆိုတာထက်ပိုပါတယ်။ AI ဟာ နောင်အနာဂတ်ရဲ့ ဆက်သွယ်‌ရေးလုပ်ငန်းကို ပုံဖော်သွားမယ့် အဓိကကျတဲ့ နည်းပညာတစ်ခု ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ နေ့စဉ်တိုးတက်ပြောင်းလဲလျက်ရှိတဲ့ AI နည်းပညာဟာ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေအတွက် အနာဂတ်မှာဖြစ်လာနိုင်တဲ့ တောင်းဆိုချက်များကို ကြိုတင်တွက်ဆနိုင်ပြီး လျင်မြန်သွက်လက်စွာနဲ့ ဖြည့်ဆည်းလုပ်ကိုင်သွားနိုင်မှာဖြစ်ပါတယ်။    ကျွန်တော်တို့ ATOM (အက်တမ်) လိုမျိုး ကုမ္ပဏီကြီးတွေအနေနဲ့ AI အပေါ်မှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာက ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကြားမှာ ထင်ပေါ်နေဖို့ဆိုတာထက် ဆန်းသစ်တီထွင်မှုနဲ့ customer ဝန်ဆောင်မှုတွေ အဆက်မပြတ်ပေးနေရတဲ့ တယ်လီကွန်းလောကကြီးရဲ့အနာဂတ်လှပအောင် အခုကတည်းက ပုံဖော်ပေးနေတာပဲဖြစ်ပါတယ်။

AI နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နောင်နှစ်အနည်းငယ်အကြာမှာ ဆက်သွယ်ရေးနယ်ပယ်လောကမှာ ပိုပြီး အံ့အားသင့်စရာကောင်းတဲ့ တိုးတက်မှုတွေ ဆက်တိုက်ဖြစ်လာဦးမှာပါ။ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဖြစ်တဲ့"More of Everything" ဆိုတဲ့ ကတိကဝတ်နဲ့အညီ ကမ္ဘာ့အဆင့်အတန်းမီ နည်းပညာဆန်းသစ်မှုတွေကို ပေးအပ်ဖို့ကြိုးစားနေတဲ့ ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ AI ဆန်းသစ်တီထွင်မှုတွေနဲ့ပတ်သက်လာရင် အမြဲရှေ့ဆောင်လမ်းပြ ဦးဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တယ်လီကွန်းအနာဂတ်ကို အလှပဆုံးပုံဖော်ဖို့အတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်။

- ပြီး -

Back to top