We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Article

International Day of Charity

05 Sep,2022 - Yangon | 1 mins read

ရေးသားသူ = အက်တမ် (ATOM) ၏ Head of Business Sustainability မခင်ပြည့်ဝန်းသော်တာ

 

နှမ်းတစ်စေ့လည်း ဆီဖြစ်ပါတယ်....

 

စက်တင်ဘာ ၅ ရက်နေ့က အများပြည်သူ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကနေဆင့် စေတနာအလျောက် ပရဟိတလှုပ်ရှားမှုတွေနဲ့ ကမ္ဘာတဝန်းအကူအညီလိုအပ်နေတဲ့ သူတွေကို  အာရုံပြုမိကြစေဖို့ သတ်မှတ်ထားတဲ့ International Day of Charity ဖြစ်ပါတယ်။

 

Charity

 

လူမှုအသိုင်းအဝိုင်းကို ဦးစားပေးတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ကမ္ဘာ့အဆင့်မီ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေနဲ့စားသုံးသူတွေကို ဝန်ဆောင်မှုပေးဖို့သာမက ကဏ္ဍအားလုံးမှာ အကောင်းမွန်ဆုံးအရာတွေကို ပေးအပ်သွားဖို့ကတိကဝတ်ပြုပါတယ်။ ဒီလို ပေးအပ်သွားဖို့ အက်တမ် (ATOM) အနေနဲ့ ဘာတွေ လုပ်ဆောင်နေပါသလဲ?

 

အက်တမ် (ATOM) အနေနဲ့ ၂၀၂၃ ခုနှစ်မကုန်အထိ လူမှု့အကျိုးပြုလုပ်ငန်းတွေမှာ မြန်မာကျပ် ၃ ဘီလီယံအထိအသုံးပြုသွားဖို့ လျာထားပါတယ်။ ယခု အစီအစဥ်က မြန်မာလူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးတွေ သက်ရောက်စေပြီး အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီ ၃ ဘီလီယံထဲက ၁ ဘီလီယံကို နိုင်ငံအနှံ့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ မိဘမဲ့ကျောင်းတွေမှာ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့အခြေခံအဆောက်အအုံတွေကို လှူဒါန်းဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကလေးနဲ့ လူငယ် အနည်းဆုံး ၅,၀၀၀ ခန့်အတွက် ပိုကောင်းတဲ့ ပညာရေးအသိုက်အဝန်းကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

 

အစီအစဥ်အနေနဲ့ မကြာသေးမီကပဲ တိုက်ကြီးမြို့နယ်ရှိ YGW ဘုန်းတော်ကြီးကျောင်းနဲ့ သန်လျင်မြို့ရှိ ဓမ္မိကရာမကျောင်းတွေမှာ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို အက်တမ် (ATOM)ကပံ့ပိုးပေးခဲ့ပါတယ်။ လှူဒါန်းတဲ့ အထောက်အကူပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ မိဘမဲ့ကျောင်းတွေရဲ့ လိုအပ်ချက်တွေပေါ် မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်ပါတယ်။

 

ငွေကြေး၊ ပစ္စည်း တစ်ခုခု လှူဒါန်းနေမှ “ပရဟိတ”မဟုတ်ပါဘူး။ ကိုယ့်လူမှုအသိုင်းအဝိုင်းကို ပြန်လည် အကျိုးရှိစေတဲ့ လုပ်ရပ်တိုင်းက ပရဟိတပါပဲ။ မကြာသေးမီကပဲ မြန်မာနိုင်ငံက အိုင်တီ (IT) နဲ့ နည်းပညာကို စိတ်ပါဝင်စားတဲ့ လူငယ်တွေရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို အဆင့်မြှင့်တင်ပေးဖို့ တစ်နှစ်ကြာမြင့်မယ့် နည်းပညာသင်တန်းအစီအစဉ် (TTP)  ကို မိတ်ဆက်ခဲ့ပါတယ်။ သင်တန်းပြီးသွားရင် အက်တမ် (ATOM) မှာ အချိန်ပြည့်ဝန်ထမ်းဖြစ်လာဖို့ အခွင့်အရေးတွေလည်း ရှိပါတယ်။


နှမ်းတစေ့နဲ့လည်း ဆီဖြစ်ပါတယ်။ မာသာထရီဇာပြောလေ့ရှိသလိုပါပဲ...“အရေအတွက်ကို စိတ်မပူပါနဲ့၊ ကိုယ်နဲ့အနီးဆုံးက လူတစ်ယောက်ကို စတင်ကူညီကြည့်ပါ။” International Day of Charity တစ်ရက်တည်း မဟုတ်ဘဲနေ့တိုင်း ကိုယ့်လူမှုအသိုင်းအဝိုင်းကို တတ်နိုင်သလောက် ပြန်ကြည့်ပေးဖို့ သတိပေးပါရစေ။

 

ကြင်ကြင်နာနာနဲ့ တစ်ယောက်ကို တစ်ယောက်အမြဲ ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းပါတယ်။

Back to top