We'd like to send you notifications of the latest posts and updates

Article

မြန်မာနိုင်ငံရဲ့ခိုင်မာတဲ့ အနာဂတ်သစ်တစ်ခုကိုတည်ဆောက်ရာမှာ အရေးပါတဲ့ SME လုပ်ငန်းတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း စနစ်

27 Jun,2024 - Yangon | 4 mins read

စာရေးသူ - Rituraj Kalita ၊ အက်တမ် (ATOM) ၏ စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်

ဇွန်လ (၂၇) ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ (Micro-, Small, and Medium-sized Enterprises Day) ကို ကျွန်တော်တို့ အက်တမ် (ATOM) က ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒီနှစ်အတွက်သတ်မှတ်ထားတဲ့ " Building a Stronger Future Together - ပိုမိုခိုင်မာသေချာတဲ့ အနာဂတ်တစ်ခုကို အတူတူပုံဖော်ဖန်တီးလိုက်ရအောင်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းများအတွက် အရေးပါတဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအကြောင်းကို ပြောပြသွားချင်ပါတယ်။  ကျွန်တော်ကတော့ နောင်လာမယ့် (၁၀) နှစ်မှာ နိုင်ငံတစ်နိုင်ငံရဲ့ MSME ကဏ္ဍတိုးတက်ဖို့အတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုတာ သိပ်ကို အရေးကြီးတယ်လို့ ယုံကြည်လက်ခံထားပါတယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ အခုလို ဒစ်ဂျစ်တယ်ဈေးကွက်ကြီးမှာ MSME တွေအနေနဲ့ အပြိုင်အဆိုင်တွေကြားမှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေနဲ့ သိမှတ်ဖွယ်ရာတွေကို ဒီ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကနေ ကူညီလုပ်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် စီးပွားရေး လုပ်ငန်းတွေရဲ့ (၉၀) ရာခိုင်နှုန်းလောက်က SME လုပ်ငန်းတွေဖြစ်ပြီး အလုပ်အကိုင်တွေရဲ့ (၇၀) ရာခိုင်နှုန်းလောက်ကို SME လုပ်ငန်းတွေက တာဝန်ယူပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။  ဒါ့ကြောင့် SME လုပ်ငန်းတွေရဲ့ တိုးတက်ဖို့က နိုင်ငံရဲ့ စီးပွားရေးကဏ္ဍတိုးတက်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ Digital Transformation လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုက SME လုပ်ငန်းတွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါဆိုရင် အခုကျွန်တော်ပြောနေတဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုတာ ဘယ်လိုမျိုးလဲဘာတွေပါဝင်လဲ? ဒါကို ကျွန်တော် ဒီဆောင်းပါးထဲမှာ ဆက်လက်ရှင်းပြပေးသွားပါမယ်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုတာ MSME လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ နောက်ဆုံးပေါ်ပစ္စည်းတွေကို ဝယ်ယူတပ်ဆင်ဖို့ဆိုတာထက် တိုးတက်လာတဲ့ နည်းပညာတွေကို ဗျူဟာကျကျ ပေါင်းစပ်လုပ်ကိုင်ဖို့ပဲဖြစ်ပါတယ်။ နည်းပညာတွေကို အသုံးပြုပြီး လုပ်ငန်းဆောင်တာတွေကို ပိုပြီး ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်ဖို့၊ ဆက်သွယ်ပြောဆိုရေးတွေ ပိုမိုလွယ်ကူစေဖို့နဲ့ သုံးစွဲသူ customer တွေနဲ့ ပိုမိုရင်းနှီးမှုတိုးစေဖို့ကို အထောက်အကူပြုပါတယ်။ ဥပမာပြောရမယ်ဆိုရင် Automation လို့ခေါ်တဲ့ အလိုအလျောက်စနစ်ကို အသုံးပြုပြီး မှားယွင်းမှုတွေကို လျှော့ချနိုင်ပြီး ငွေတောင်းခံတာ၊ အော်ဒါတင်တာမျိုးစတဲ့ အလုပ်တွေမှာ အချိန်မကုန်ဘဲ လျင်မြန်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်  ဒစ်ဂျစ်တယ်ကိရိယာတွေက စာရင်းဇယားတွေစီမံခန့်ခွဲတဲ့အခါ အကောင်းဆုံးလုပ်ဆောင်ရင်း ဆုံးဖြတ်ချက်ကောင်းတွေ ပိုချမှတ်နိုင်ပြီး အလုပ်ပြီးနိုင်စွမ်းပိုမိုတိုးတက်စေဖို့အတွက် သိသင့်သိထိုက်တဲ့ ဒေတာအချက်အလက်တွေကို ပြပေးပါတယ်။ ချိတ်ဆက်ပြောဆိုတဲ့နေရာမှာလည်း အီးမေးလ်၊ ချက်ချင်းစာတိုပေးပို့လို့ရတာ၊ ဗီဒီယိုကောနဲ့ ပရောဂျက်စီမံခန့်ခွဲတဲ့ tool တွေလိုမျိုး cloud-based ထုတ်ကုန်တွေကိုအသုံးပြုလို့ရပါသေးတယ်။ ဒါဟာ ချော့မွေ့တဲ့ ချိတ်ဆက်ပြောဆိုမှုတွေကိုလုပ်ဆောင်နိုင်တဲ့ အပြင် ကိုယ့်ဝန်ထမ်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီသတင်းအချက်အလက်တွေကို မျှဝေလို့ရတာကြောင့် ပိုပြီး ထိထိရောက်ရောက်နဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါတယ်။

ဆိုရှယ်မီဒီယာတွေ၊ e-commerce ပလက်ဖောင်းတွေပေါ်မှာ အမြဲရှိနေရင်း targeted marketing လုပ်နေတာက SME တွေအတွက်၊ အထူးသဖြင့် လက်လီလက်ကားနဲ့ စားသောက်ကုန်လုပ်ငန်းမှာကျင်လည်နေတဲ့ SME တွေအတွက် ဒီ့ထက်ပိုပြီး လူများများသိလာအောင်၊ သုံးစွဲသူ customer တွေအနေနဲ့ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်မှာလို့ရအောင်နဲ့ ကိုယ့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေကို ထပ်ခါထပ်ခါအသုံးပြုချင်လာအောင် လုပ်ဆောင်ပေးတာကြောင့် အရောင်းပိုင်းမှာရော၊ ဝင်ငွေရရှိမှုအပေါ်မှာပါ တိုးတက်မှုတွေကို တွေ့ရနိုင်ပါတယ်။

MSME များ ကြုံတွေ့ရနိုင်တဲ့ ဒစ်ဂျစ်တယ်အကူးအပြောင်း စိန်ခေါ်မှုများ

ဒစ်ဂျစ်တယ်အကူးအပြောင်းခရီးလမ်းကတော့ အခက်အခဲတွေမရှိရင် မပြည့်စုံပါဘူး။ ဒေသတွင်းလိုအပ်တဲ့ ပလက်ဖောင်းတွေမရှိခြင်းနဲ့ ပြည်တွင်းအတွက် Software-as-a-Service (SaaS) ထုတ်ကုန်များနည်းပါးခြင်းတို့အပြင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦးတွေကလည်း ရှားပါးတာကြောင့် တိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေပါတယ်။ ကမ္ဘာတစ်ဝန်းကအသုံးပြုနေကြတဲ့ ပလက်ဖောင်းတွေကို သုံးဖို့အတွက် ငွေပေးချေမှုစနစ်တွေ၊ ငွေကြေးပိုင်းဆိုင်ရာစိန်ခေါ်မှုတွေက အဟန့်အတားဖြစ်နေပြန်ပါတယ်။ တော်တော်များများကြုံတွေ့ရတဲ့ ပြဿနာကတော့ ခေတ်နဲ့အညီတိုးတက်နေတဲ့ နည်းပညာတွေကို ထိထိရောက်ရောက်နဲ့ အသုံးချနိုင်ဖို့အတွက် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေအများစုမှာ  လိုအပ်တဲ့ ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတပိုင်းမှာ အားနည်းနေတတ်ပါတယ်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းဖို့အတွက် ငွေစုရတာကလည်း ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေသိပ်မရှိတာကြောင့်ရယ်၊ ချေးငွေကိစ္စအကူအညီရယူနိုင်ဖို့အတွက်လည်း အခက်အခဲများတွေ့ကြုံနိုင်ပါတယ်။

ပြီးတော့ စိန်ခေါ်မှု ဆိုတာထက် ပိုတဲ့အရာတစ်ခုလည်း ရှိပါသေးတယ်။အဲ့တာကတော့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးက အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ အွန်လိုင်းပေါ်ကခြိမ်းခြောက်မှုတွေ၊ ငွေကြေးလိမ်လည်မှုတွေက ပိုဖြစ်လာနိုင်ပြီး ကြိုတင်မပြင်ဆင်ထားတဲ့ SME လုပ်ငန်းတွေအတွက် စိတ်ပူစရာကိစ္စတစ်ခုဖြစ်လာနိုင်ပါတယ်။ အခုလိုဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ပြည်တွင်းဈေးကွက်ထဲကို နိုင်ငံတကာက အမှတ်တံဆိပ်တွေပါ ဝင်ရောက်လာပြီး ယှဉ်ပြိုင်တဲ့အခါ SME လုပ်ငန်းတွေအနေနဲ့ သူတို့ထက် ပိုကြီးပြီး ပိုအစဉ်အလာကြီးတဲ့ အမှတ်တံဆိပ်တွေအနေနဲ့ အပြိုင်တိုးရတာခက်ခဲပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့   ဒစ်ဂျစ်တယ်နဲ့စီးပွားရေးပိုင်းဆိုင်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ မကြာခဏပြောင်းလဲနိုင်မှုကလည်း ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာအသွင်ကူးပြောင်းခြင်းမှာ နှောင့်နှေးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

MSME တွေအနေနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဘယ်လို စတင်သင့်သလဲ

တကယ်လို့ အခုစာဖတ်ပရိသတ်က စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်၊ MSME လုပ်ငန်းပိုင်ရှင် ဒါမှမဟုတ် စီးပွားရေးအကြီးအကဲတစ်ယောက်ဆိုရင် ကိုယ့်အနေနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်ကို ဘယ်လိုစပြီး လျှောက်လှမ်းရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။ ပထမဆုံး ကိုယ့်ရဲ့ စီးပွားရေးရည်မှန်းချက်တွေနဲ့ အညီ လိုအပ်တဲ့ ဒစ်ဂျစ်တယ် tools တွေနဲ့ ပလက်ဖောင်းတွေကို သိရှိဖို့လိုအပ်ပြီး အရင်းအမြစ်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာနိုင်မယ့် ဒစ်ဂျစ်တယ်နည်းဗျူဟာကောင်းကောင်းတစ်ခု ရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်နည်းဗျူဟာတစ်ခုရေးဆွဲနေတဲ့အချိန်မှာ သိကျွမ်းနားလည်သူတွေရဲ့ အကူအညီ ယူသင့်ရင် ယူရပါမယ်။

ဒီနေရာမှာ ပူးပေါင်းလုပ်ဆောင်ခြင်းက အဓိက ကျပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာရှိတဲ့ တစ်ခြား စီးပွားဖက်တွေနဲ့ အတူတူ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းကလည်း ကိုယ့်ကို ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို အတူတကွ ရှာဖွေနိုင်ပြီး ပြည်တွင်းပြည်ပ ဝန်ဆောင်မှုပေးသူတွေအတွက် ဖြစ်ပေါ်လာနိုင်တဲ့ အတားအဆီးအခက်အခဲတွေကို‌ ပိုမိုကောင်းမွန်စွာနဲ့ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

တစ်ခြားအရာတွေထက် အဓိက ဦးစားပေးနေရာမှာ ထည့်သွင်းစဉ်းစားသင့်တာက သုံးစွဲသူ customer တွေပဲဖြစ်ပါတယ်။ အခုလို ဒစ်ဂျစ်တယ် tools တွေက သုံးစွဲသူ customer နဲ့ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အချက်အလက်တွေကို စုဆောင်းပေးပြီး သူတို့ရဲ့ မတူညီတဲ့လိုအပ်ချက်တစ်ခုချင်းစီတိုင်းကို ဖြည့်ဆည်းပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်ကနေပဲ ဆက်သွယ်တာပဲဖြစ်ဖြစ်၊ စစ်တမ်းကောက်ယူတာ၊ အကြံပြုချက်တောင်းခံတာကနေပဲဖြစ်ဖြစ်၊ customer နဲ့ ကိုယ့်ကြားမှာ ခိုင်မာတဲ့ ဆက်သွယ်ရေးတစ်ခုရှိနေဖို့က သိပ်ကိုအရေးကြီးပါတယ်။ အောင်မြင်အောင် ကြိုးစားနေတဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေမှာမဆို customer တွေက သူတို့ရဲ့ပင်မသွေးကြောတစ်ခုလို အရေးကြီးပါတယ်။ ကိုယ့်ဆီမှာ အချိန်တစ်ခုကြာအောင် အားပေးနေတဲ့ customer တွေအတွက် loyalty programme တွေလိုမျိုး သူတို့ကို ကျေးဇူးပြန်လည်တုံ့ပြန်တဲ့ အစီအစဉ်တွေ ထားရှိပေးထားခြင်းက ကိုယ့်ဆီမှာ ထပ်တလဲလဲ အားပေးစေပြီး သူတို့ရဲ့ အားပေးမှုအတွက် အသိအမှတ်ပြုရာရောက်တာကြောင့် ဒီအချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

ဒစ်ဂျစ်တယ်အသွင်ကူပြောင်းရေးအတွက် ကူညီဆောင်ရွက်သွားမယ့် အက်တမ် (ATOM)

ဒီနေရာမှာ အက်တမ် (ATOM) အနေနဲ့ MSMEs တွေ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကို သဘောပေါက် သိရှိနားလည်ပြီးတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ခရီးစဉ်ကို ပံ့ပိုးကူညီပေးဖို့အတွက် ကျွန်တော်တို့အက်တမ် (ATOM) အဖွဲ့သားတွေက အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပေးသူတွေနဲ့ ချိတ်ဆက်ပေးပြီး လေ့လာသင်ကြားရေးအတွက် လိုအပ်တဲ့အခွင့်အလမ်းတွေကို ထောက်ပံ့ပေးသွားမယ့် ပေါင်းကူးတံတားသဖွယ် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးသွားမှာပါ။

သုံးစွဲသူ customer တွေနဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့အတွက် စီပွားရေးချိတ်ဆက်မှုထုတ်ကုန် (mobile and fixed) တွေကအစ လုပ်ငန်း ပိုမိုကောင်းမွန်ထိရောက်စွာ လည်ပတ်နိုင်ဖို့အတွက် Cloud & IoT Services (Cloud PBXCloud Call CentreFleet Management) အထိ customer များရဲ့ စီးပွားလိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ဖို့ အက်တမ် (ATOM) မှာ ကိုယ်ပိုင် ဒစ်ဂျစ်တယ် tools တွေရှိပါတယ်။ နောက်ပြီးတော့ cloud ဝန်ဆောင်မှုတွေ၊ စီးပွားစီမံခန့်ခွဲ ဆော့ဖ်ဝဲတွေနဲ့ ဒစ်ဂျစ်တယ်မာကတ်တင်း tool တွေပါဝင်ပြီး ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ရတဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးပက်ကေ့ချ်တွေကိုလည်း အက်တမ် (ATOM) မှာ ရရှိနိုင်ပါတယ်။

အက်တမ် (ATOM) ရဲ့ ဈေးနှုန်းသက်သာတဲ့ ချိတ်ဆက်မှုထုတ်ကုန်တွေက အမြဲတမ်းဈေးနှုန်းသက်သက်သာနဲ့ အင်တာနက်ရရှိမယ့်အပြင် သိထားသင့်တဲ့ ဒစ်ဂျစ်တယ်နည်းပညာရပ်တွေကို ပုံမှန်အစီအစဉ်လုပ်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ အက်တမ် (ATOM) ရဲ့ အလုပ်ကြိုးစားတဲ့ အသုံးပြုသူ ဝန်ဆောင်မှုအဖွဲ့နဲ့ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဝန်ဆောင်မှုပေးသွားမယ့် service အဖွဲ့အနေနဲ့ နည်းပညာအခက်အခဲကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကိုယ့်မှာ လိုအပ်တဲ့အသိပညာ၊ မှီငြမ်းစရာတွေရှိဖို့ အမြဲတမ်းကူညီပေးသွားမှာပါ။

အားလုံးအနာဂတ်လှပနေစေဖို့ ATOM SME Acceleration Programme လိုမျိုးအစီအစဉ်မျိုးနဲ့ ရင်းနှီးမြှုပ်နှံ ပုံဖော်လျက်ရှိပါတယ်။ အွန်လိုင်းကနေ ပြုလုပ်မယ့် အခမဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာလေ့ကျင့်ခြင်း  ဟောပြောပွဲစီးရီးကို ၂၀၂၄ ခုနှစ်၊ ဇွန်လကနေစပြီး နိုဝင်ဘာလထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အက်တမ် (ATOM) ရဲ့ Facebook page မှာ ထုတ်လွှင့်ပြသွားပေးသွားမှာဖြစ်ပါတယ်။ ပြောကြားမျှဝေသွားမယ့်အကြောင်းအရာတွေထဲမှာဆိုရင် အခုလိုဒစ်ဂျစ်တယ်ခေတ်ကြီးမှာ သူမတူ ထိုးဖောက်နိုင်ဖို့ သိထားသင့်တဲ့အရာတွေဖြစ်တဲ့ ငွေကြေးစီမံခန့်ခွဲတဲ့နည်းဗျူဟာများကအစ ထိရောက်တဲ့ မာကတ်တင်းနည်းလမ်းတွေအဆုံး ပြောပြပေးသွားမှာပါဖြစ်ပါတယ်။

အခုလိုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လက်ခံကျင့်သုံးပြီး အတူတူပူးပေါင်းဆောင်ရွက်ရင်း အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ MSME ကဏ္ဍ အတောက်ပဆုံး လင်းလက်လာအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် ပိုမိုခိုင်မာတဲ့ အနာဂတ်တစ်ခုပုံဖော်တည်ဆောက်တဲ့နေရာမှာ အားလုံးရဲ့ လက်တွဲဖော်ကောင်းအဖြစ် အက်တမ် (ATOM) က အဆင်သင့် အမြဲအတူရှိနေမှာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက အက်တမ် (ATOM) Website https://www.atom.com.mm/my/business ဒါမှမဟုတ် business support အဖွဲ့ဖုန်းနံပါတ် +၉၅ ၉ ၇၈၀ ၀၀၈၀၈၀ နဲ့ business.support@atom.com.mm သို့ဆက်သွယ်နိုင်ပါတယ်။

- ပြီး -

Back to top