We'd like to send you notifications of the latest posts and updates
Mingalar Par, How can we help you?
အက်တမ်စတားအဖွဲ့ဝင်များသည် အောက်ပါအထူးအခွင့်အရေးများကို ရရှိမှာဖြစ်ပါတယ်။ - ကြိုသုံးပမာဏ ၃ဆထိ ရရှိခွင့် - ကွန်ရက်အခက်အခဲကြောင့် ဖုန်းကျသွားသည့်အပေါ် ၁မိနစ်အပိုလက်ဆောင် - အက်တမ် call center အားခေါ်ဆိုခွင့် အခမဲ့ - အက်တမ်အရောင်းဆိုင်များတွင် ဦးစားပေးစနစ် - အက်တမ်အရောင်းဆိုင်များတွင် အက်တမ်အမှတ်တံဆိပ်ထုတ်ကုန်များကို အထူးလျှော့စျေးဖြင့် ဝယ်ယူခွင့် - မိတ်ဖက်ဆိုင်များမှ အထူးလျှော့စျေးနှင့် ခံစားခွင့်များ
စတားအခြေအနေအား အောက်ပါအတိုင်း စစ်ဆေးနိုင်ပါတယ်။ - ATOM Store အက်ပလီကေးရှင်း ပင်မစာမျက်နှာ - 2345 အား "STAR" ဟု ပေးပို့ခြင်း - *979*3*5*1#
အက်တမ်စတားအဖွဲ့ဝင်များသည် ပရိုမိုးရှင်းကုဒ်ကို ATOM Store အက်ပလီကေးရှင်း၊ ဝက်ဘ်ဆိုဒ်နှင့် SMS မှတဆင့် ရယူနိုင်ပါတယ်။ ရယူထားသောကုဒ်အား မိတ်ဖက်ဆိုင်များမှ ဝယ်ယူရာတွင် ပြသရမည်ဖြစ်ပါတယ်။ ပရိုမိုးရှင်းကုဒ် ရယူရန် အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ATOM Store အက်ပလီကေးရှင်း ၁. ATOM Store အက်ပလီကေးရှင်းသို့ ဝင်ရောက်ပါ ၂. ညာဘက်ထောင့်တွင်ရှိသော "စတားအခွင့်ရေး" အား နှိပ်ပါ ၃. ရယူလိုသော ခံစားခွင့်အား ရွေးချယ်ပါ ၄. ခံစားခွင့်အချက်အလက်များကိုကြည့်ပြီး "ရယူရန်" အား နှိပ်ပါ ၅. ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ငွေရှင်းကောင်တာတွင် ပြသပါ (ဆိုင်တွင်) ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ကူးယူ၍ ပရိုမိုးရှင်းကုဒ် သို့မဟုတ် checkout ကဏ္ဍတွင် ထည့်သွင်းပါ (အွန်လိုင်း) ဝက်ဘ်ဆိုဒ် ၁. အက်တမ်မြန်မာ တရားဝင်ဝက်ဘ်ဆိုဒ်တွင် "My Account" အား ဝင်ရောက်ပါ ၂. မိမိကိုယ်ပိုင်စာမျက်နှာတွင် ညာဘက်ထောင့်ရှိ အဖွဲ့ဝင်အချက်အလက်အား နှိပ်ပါ ၃. အက်တမ်စတားကဏ္ဍအား နှိပ်ပါ ၄. ရယူလိုသော ခံစားခွင့်အား ရွေးချယ်ပါ ၅. ခံစားခွင့်အချက်အလက်များကိုကြည့်ပြီး "ရယူရန်" အား နှိပ်ပါ ၆. ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ငွေရှင်းကောင်တာတွင် ပြသပါ (ဆိုင်တွင်) ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ကူးယူ၍ ပရိုမိုးရှင်းကုဒ် သို့မဟုတ် checkout ကဏ္ဍတွင် ထည့်သွင်းပါ (အွန်လိုင်း) SMS ၁. အက်တမ်စတားဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသော ကူပွန်ကုဒ်အား ရိုက်ပြီး 2121 သို့ စာတိုပို့ပါ။ စာတိုမှတဆင့် ပရိုမိုးရှင်းကုဒ်အား ရရှိမည်ဖြစ်သည် ၂. ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ငွေရှင်းကောင်တာတွင် ပြသပါ (ဆိုင်တွင်) ရရှိလာသော ပရိုမိုးရှင်းကုဒ်အား ကူးယူ၍ ပရိုမိုးရှင်းကုဒ် သို့မဟုတ် checkout ကဏ္ဍတွင် ထည့်သွင်းပါ (အွန်လိုင်း)
Back to top
Share