We'd like to send you notifications of the latest posts and updates

ATOM Insurance with KBZMS

KBZMS အာမခံ၏ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင့် ခရီးသွားအာမခံ ၀န်ဆောင်မှုများကို ယခု ATOM Store App (သို့) ATOM Website ၏ ATOM Insurance မှတဆင့် ရရှိနိုင်ပါပြီ။

သင့်အတွက်သင့်လျော်သော အာမခံအမျိုးအစားကို ရွေးချယ်ရန်အတွက် KBZMSအာမခံအမျိုးအစားအမျိုးမျိုးကို ကြည့်ရှုပါ။

KBZMS General Insurance

KBZMS Personal Accident Insurance

  • KBZMS ၏ ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် မတော်တဆထိခိုက်မှုများကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းစသည့် မမျှော်လင့်ထားသောဆုံးရှုံးမှုများမှ အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
To inquire

KBZMS Travel Insurance

  • KBZMS Travel Protect ခရီးသွားအာမခံသည် မမျှော်မှန်းနိုင်သော မတော်တဆမှုကြောင့်သေဆုံးခြင်း နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်း နှင့် အခြားသောအပိုအကာအကွယ်များကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။
To inquire

 

စည်းမျဉ်းစည်းကမ်းများ

  • KBZMS အာမခံအစီအစဉ်များကို ၀င်ရောက်ကြည့်ရှုနိုင်ရန်အတွက် နောက်ဆုံးပေါ် ATOM Store App ရှိရမည်။
  • KBZMS အာမခံအစီအစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ATOM ဝက်ဘ်ဆိုက် သို့မဟုတ် ATOM Store အက်ပလီကေးရှင်းမှတဆင့် KBZMS ဝက်ဘ်ဆိုက် သို့၀င်ရောက်၍ လေ့လာ၀ယ်ယူနိုင်ပါသည်။
  • အင်တာနက်အသုံးပြု၍ ကြည့်ရှုခြင်းအတွက် ဒေတာအသုံးပြုခကို သုံးစွဲသူမှ ဝယ်ယူသည့်ဒေတာပက်ကေ့ချ်မှ ကောက်ခံမည်ဖြစ်ပြီး သို့မဟုတ် PAY-AS-YOU-GO-RATE ဖြင့် မူလလက်ကျန်လက်ကျန်ထဲမှ နုတ်ယူမည်ဖြစ်သည်။
  • KBZMS အာမခံအစီအစဉ်ဝယ်ယူရာတွင် တင်သွင်းထားသည့် ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများကို ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို KBZMS အာမခံ ဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် KBZMS အာမခံ ကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • KBZMS အာမခံအစီအစဉ် မှ အာမခံဝယ်ယူရန်အတွက် လျှောက်ထားသူမှမိမိသဘောဆန္ဒအလျာက် ပေးအပ်ထားသော ကိုယ်ရေး ကိုယ်တာအချက်အလက် စာရွက်စာတမ်းများအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
  • KBZMS အာမခံအစီအစဉ် မှ ၀ယ်ယူထားသောအာမခံများ နှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZMS Insurance နှင့် Customer တို့အကြား ဖြေရှင်းဆောင်ရွက်ရမည်။

Frequently Asked Questions:

ATOM Store App အသုံးပြုသူများအတွက် ATOM Store App (သို့) ATOM website မှ၀င်ရောက်၍ သော်လည်းကောင်း KBZMS Insurance Website တွင် ၀င်ရောက်၀ယ်ယူနိုင်ပါသည်။

KBZMS  ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် အသက် ၁၆ နှစ်မှ ၆၅ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူများအတွက်သာ ဖြစ်သည်။ အသက် ၁၈ နှစ်မပြည့်သေးသူများအတွက် တရားဝင်ကိုယ်စားလှယ်၏ သဘောတူညီချက် လိုအပ်ပါသည်။

KBZMS ၏ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင် KBZMS ၏ ခရီးသွားအာမခံ (ပြည်တွင်းခရီးသွားနှင့် ပြည်ပခရီးသွား) များ၀ယ်ယူနိုင်ပါသည်။

အလုပ်မလုပ်ကိုင်နိုင်ခြင်းစသည့် မမျှော်လင့်ထားသောဆုံးရှုံးမှုများမှ အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

KBZMS  ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် မတော်တဆထိခိုက်မှုများကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းစသည့် မမျှော်လင့်ထားသောဆုံးရှုံးမှုများမှ အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို KBMS ၏ ၀က်ဘ်ဆိုက် (သို့) KBZMS ၏ Hotline number (+959) 95 007 7000​ တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

ATOM Store App အသုံးပြုသူများအတွက် ATOM Store App (သို့) ATOM website မှ၀င်ရောက်၍ သော်လည်းကောင်း KBZMS Insurance Website တွင် ၀င်ရောက်၀ယ်ယူနိုင်ပါသည်။

KBZMS ခရီးသွားအာမခံအတွက် အသက် ၃၀ ရက် မှ ၇၀ နှစ်အတွင်း ခရီးသွားသူများ (နိုင်ငံခြားသားများအပါအဝင်)၊ ဧည့်သည်များ အတွက်လည်း ဖြစ်ပြီး လေယာဉ်၊ စက်ယန္တရား၊ ပုဂ္ဂလိကယာဉ်၊ ငှားထားသောယာဉ်ဖြင့် ပြည်တွင်းသို့/ပြည်ပသို့ ခရီးသွားသူများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး မောင်းသူများအားလုံးအပါအဝင် ဖြစ်ပါသည်။

KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင် KBZMS ခရီးသွားအာမခံ (ပြည်တွင်းခရီးသွားနှင့် ပြည်ပခရီးသွား) များ၀ယ်ယူနိုင်ပါသည်။

KBZMS ခရီးသွားအာမခံအတွက် ၁,၇၀၀ ကျပ်မှ စတင်ပြီး ခရီးစဥ်ကြာချိန် နှင့် အပိုအကာအကွယ် ထပ်ဆောင်း၀ယ်ယူမှုများ အပေါ်တွင် မူတည်ပါသည်။

KBZMS ခရီးသွားအာမခံသည် မတော်တဆမှုကြောင့်သေဆုံးခြင်း နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းများနှင့် အပိုအကာအကွယ်များအတွက် ကူးစက်မြန်ရောဂါအပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက်ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု များအတွက် မမျှော်မှန်းနိုင်သော ကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။

အသေးစိတ်အချက်အလက်များကို KBMS ၏ ၀က်ဘ်ဆိုက် (သို့) KBZMS ၏ Hotline number (+959) 95 007 7000​ တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

296

Back to top