We'd like to send you notifications of the latest posts and updates

Lucky Monday

တနင်္လာနေ့တိုင်းမှာ အက်တမ် စတားပွိုင့်တွေ တိုးတိုးပြီး ယူလိုက်ပါ။


အပတ်စဉ် “တနင်္လာနေ့တိုင်း မပျက်မကွက် ပုံမှန်ဝယ်ပြီး တစ်ပတ်ပြီး တစ်ပတ် ပိုများတဲ့ အက်တမ် စတားပွိုင့်တွေ (အများဆုံး ၂,၀၀၀ ပွိုင့်အထိ) ကို ရယူလိုက်ပါ။

ပရိုမိုးရှင်းတွင် ပါဝင်ဖို့ လုပ်ဆောင်နည်း အဆင့်ဆင့်

၁. တနင်္လာနေ့တိုင်း ATOM Store မှာ ပုံမှန် ပက်ကေ့ချ် ဝယ်ယူပါ

တနင်္လာနေ့တိုင်းမှာ (၉၉၉ ကျပ်နှင့် အထက်) ရှိတဲ့ မည်သည့်ပက်ကေ့ဂျ်ကိုမဆို ATOM Store မှဝယ်ယူပြီး အက်တမ်စတားပွိုင့်တွေ ကို ချက်ချင်း ရယူလိုက်ပါ။

၂. ပရိုမိုးရှင်းမှာ ဆက်လက်ပါဝင်ပါ

တနင်္လာနေ့မှာ ဝယ်ယူဖို့ လွတ်သွားခဲ့လား။ စိတ်မပူပါနဲ့၊ လူကြီးမင်းက ပရိုမိုးရှင်းမှာ ပါဝင်နေတုန်းပဲမို့ လာမည့် အပတ်မှာ ဆတိုးပွိုင့်တွေထပ်ရဖို့ အခုတစ်ပတ်တာအတွင်း ကြိုက်တဲ့ရက် (တနင်္လာ မှ တနင်္ဂနွေအထိ) ကြိုက်ရာ ၉၉၉ ကျပ်နဲ့ ပက်ခ်တွေကို ဝယ်ယူထားပါ။

၃. အဆင့်မြှင့်တင်ပြီး ပိုများတဲ့ ပွိုင့်တွေယူပါ

အပတ်စဉ် မပြတ်တမ်း ဆက်တိုက်ဝယ်ယူမှုနဲ့ ဝယ်ယူတဲ့ ပက်ကေ့ဂျ်တန်ဖိုးအပေါ်မူတည်ပြီး၊ ပိုမိုများပြားတဲ့ အက်တမ် စတားပွိုင့်တွေကို တနင်္လာနေ့တိုင်း ပြန်လာယူဖို့ မမေ့နဲ့နော်!

အပတ်စဉ် ပိုပိုများလာတဲ့ စတားပွိုင့်များ ရယူလိုက်ပါ

 

ဈေးနှုန်း (ကျပ်) ပထမပတ် ဒုတိယပတ် တတိယပတ် စတုတ္ထ/ပဉ္စမပတ်
၉၉၉ - ၄,၉၉၉ ၅၀ ပွိုင့် ၁၀၀ ပွိုင့် ၁၅၀ ပွိုင့် ၂၀၀ ပွိုင့်
၅,၀၀၀ - ၉,၉၉၀ ၂၅၀ ပွိုင့် ၅၀၀ ပွိုင့် ၇၅၀ ပွိုင့် ၁၀၀၀ ပွိုင့်
၉,၉၉၀ နှင့်အထက် ၅၀၀ ပွိုင့် ၁၀၀၀ ပွိုင့် ၁၅၀၀ ပွိုင့် ၂၀၀၀ ပွိုင့်

*** 5G Handset အသုံးပြုသူများအတွက် Bonus ၂ဆ

 

အခုပဲ ATOM Store မှ ပက်ကေ့ချ်များ ဝယ်ယူရန်

 

 

စည်းမျဉ်း၊ စည်းကမ်းများ

  • ပါဝင်ခွင့်နှင့် ဝယ်ယူနိုင်သည့် ချန်နယ်များ
    • ဤအစီအစဉ်ကို ATOM ကြိုတင်ငွေဖြည့် (Prepaid) သုံးစွဲသူများအားလုံး ပါဝင်နိုင်ပါသည်။
    • သတ်မှတ်ထားသော အပို အက်တမ်စတားပွိုင့်များကို ရရှိရန် သုံးစွဲသူများသည် တနင်္လာနေ့တိုင်းတွင် ATOM Store မှ တန်ဖိုး ၉၉၉ ကျပ်နှင့် အထက်ရှိသော မိမိတို့ ကြိုက်နှစ်သက်ရာ ပက်ကေ့ဂျ်တစ်ခုခုကို ဝယ်ယူရမည်ဖြစ်ပါသည်။
    • MyTune နှင့် ထပ်တိုးဝန်ဆောင်မှုများ (VAS) ဝယ်ယူခြင်းတို့သည် ဤပရိုမိုးရှင်းတွင် အကျုံးဝင်မည် မဟုတ်ပါ။
  • ပက်ကေ့ဂျ်ဝယ်ယူမှုနှင့် လက်ကျန်ငွေဆိုင်ရာ စည်းမျဉ်းများ
    • ပင်မလက်ကျန်ငွေ (Main Balance) သို့မဟုတ် ကြိုသုံးလက်ကျန်ငွေ (Kyo Thone Balance) တို့မှ ငွေဖြတ်တောက်ပြီး အောင်မြင်စွာဝယ်ယူထားမှုများမှသာ အပို အက်တမ် စတား ပွိုင့်များကို ထည့်သွင်း ပေးမည် ဖြစ်ပါသည်။
    • ငွေပြန်အမ်းသည့် ဘောနပ်စ် (Cashback Bonus) သို့မဟုတ် အခြားသော လုပ်ငန်းသုံးပလန် ဘောနပ်စ် လက်ကျန်ငွေများဖြင့် ဝယ်ယူမှုများအတွက် အပိုပွိုင့်များ ရရှိမည် မဟုတ်ပါ။
  • ပက်ကေ့ဂျ်ဝယ်ယူမှုများနှင့် ပွိုင့်သက်တမ်း 
    • သတ်မှတ်ထားသော နေ့အတွင်း တစ်ကြိမ်ထပ်ပိုမို ဝယ်ယူမှုများသည် အပိုဆုအတွက် အကျုံးဝင် ပြီး တူညီသောလတစ်လ၏ Point လက်ကျန်များသည် ပေါင်းစည်း ပေးသွားမည် ဖြစ်သည်။
    • ရရှိလာသော အပိုပရိုမိုးရှင်းပွိုင့်များသည် ရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) သက်တမ်း ရှိမည် ဖြစ်ပါသည်။
    • အပိုပရိုမိုးရှင်း ပွိုင့်များသည် သတ်မှတ်ထားသော ပက်ကေ့ချ်များ အောင်မြင်စွာ ဝယ်ယူ ပြီးနောက် 15 မိနစ်မှ 30 မိနစ်အတွင်း ရရှိပါမည်။
  • ပွိုင့်တွက်ချက်မှုနှင့် ထည့်သွင်းပေးခြင်း
    • တနင်္လာနေ့များတွင် အကျုံးဝင်သည့် အောင်မြင်စွာ ဝယ်ယူမှုများအပေါ် အခြေခံ၍ ပရိုမိုးရှင်းပွိုင့်များကို တွက်ချက်ပေးမည် ဖြစ်ပါသည်။
    • ဝယ်ယူသည့် ပက်ကေ့ဂျ်တန်ဖိုး နှင့် အပတ်စဉ် မပြတ်တမ်း ဆက်တိုက်ဝယ်ယူလေလေ အက်တမ် စတား ပွိုင့်များ ပိုမိုရရှိလေလေ ဖြစ်ပါသည်။
    • 5G Handset အသုံးပြုသူများသည် Lucky Monday အစီအစဉ်မှ ရရှိမည့် ပုံမှန် ဘောနပ်စ်အပြင် 5G Handset အသုံးပြုသည့်အတွက် ထပ်ဆောင်း ATOM STAR Points များကို တူညီသော ပမာဏအတိုင်း (၂ ဆ) ခံစားခွင့် ရရှိမည် ဖြစ်ပါသည်။
  • အပတ်စဉ် ဆက်တိုက်ဝယ်ယူမှုနှင့် စည်းမျဉ်းများ
    • ပထမအပတ် အစပြုခြင်း - သုံးစွဲသူများသည် နောင်လာမည့် အပတ်စဉ်ဆက်တိုက် အစီအစဉ်များတွင် ပါဝင်နိုင်ရန် ပထမအပတ်အတွင်း (တနင်္လာမှ တနင်္ဂနွေအထိ) သင့်လျော်သော ပက်ကေ့ဂျ်တစ်ခုကို ဝယ်ယူပြီး ပရိုမိုးရှင်းတွင် ပါဝင်ရမည်ဖြစ်ပါသည်။
    • တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းခြင်း - ဒုတိယအပတ် (သို့) နောက်လာမည့် အပတ်များတွင် ပွိုင့်ပိုမိုရရှိရန်အတွက် ယခင်အပတ်အတွင်း သင့်လျော်သော ဝယ်ယူမှု တစ်ခုခုကို လုပ်ဆောင် ထားရမည် (တနင်္လာနေ့မဟုတ်သော ရက်များတွင် ဝယ်ယူမှု များလည်း လာမည့်အပတ် အတွက် အရည်အချင်းပြည့်မီမှုတွင် ပါဝင် တွက်ချက်ပေးပါမည်)။
    • အကျိုးခံစားခွင့်ကို ရယူခြင်း - လာမည့်အပတ် တနင်္လာနေ့တွင် ထပ်မံဝယ်ယူခြင်းဖြင့် သက်ဆိုင်ရာ ရက်သတ္တပတ် အတွက် ပိုမိုမြင့်မားသော အကျိုးခံစားခွင့်ကို အောင်မြင်စွာ ရရှိစေမည် ဖြစ်ပါသည်။
    • ရက်အကန့်အသတ် အခွင့်အရေးနှင့် အဆင့်ပြန်လည်သတ်မှတ်ခြင်း (Grace Period & Reward Policy) - အကယ်၍ သုံးစွဲသူတစ်ဦးအနေဖြင့် တစ်ပတ်တာလုံး ပက်ကေ့ဂျ် ဝယ်ယူရန် လွတ်သွားခဲ့ပါက၊ လကုန်ဆုံးသည်အထိ ၎င်းတို့၏ ဆက်တိုက်ဝယ်ယူမှု အခြေအနေ (Streak) ကို ဆက်လက်ထိန်းသိမ်းကာကွယ်ပေးထားမည် ဖြစ်ပါသည်။ ထိုလအတွင်း လာမည့်တနင်္လာနေ့တွင် ပြန်လည်ဝယ်ယူလိုက်သည်နှင့် မူလအစသို့ လုံးဝ ပြန်ကျသွားခြင်းမရှိဘဲ ယခင်ရောက်ရှိခဲ့ဖူးသည့် အနီးစပ်ဆုံး အဆင့်အလိုက် အပို အက်တမ်စတားပွိုင့်ကို ပြန်လည်ရရှိမည် ဖြစ်ပါသည်။
    • လစဉ် လကုန်တိုင်းတွင် Progress များကို Reset ပြုလုပ်မည်ဖြစ်ပြီး Week 1 မှ စတင်၍ ဆက်တိုက်ဝယ်ယူမှု အခြေအနေ Streak ကို ပြန်လည် စတင်တွက်ချက်မည် ဖြစ်ပါသည်။

Frequently Asked Questions:

တနင်္လာနေ့တိုင်း (၉၉၉ ကျပ်နှင့် အထက်) ပက်ကေ့ဂျ်များကို ဝယ်ယူကြသည့် ATOM Prepaid (ကြိုတင်ငွေဖြည့်) သုံးစွဲသူများ အားလုံး ပါဝင်နိုင်ပါသည်။

သတ်မှတ်ထားသော အက်တမ်စတား ပွိုင့်များ ရရှိရန်အတွက် သုံးစွဲသူများသည် တနင်္လာနေ့တိုင်းတွင် ATOM Store မှ တန်ဖိုး ၉၉၉ ကျပ်နှင့် အထက်ရှိသော  ပက်ကေ့ဂျ်များကို ဝယ်ယူရမည် ဖြစ်ပါသည်။

ပွိုင့်များကို ပင်မလက်ကျန်ငွေစာရင်း - Main Balance (သို့) ကြိုသုံးငွေ မှ ပက်ကေ့ချ်ဝယ်ယူမှုများတွင်သာ ရရှိပါမည်။

MyTune နှင့် ထပ်တိုးဝန်ဆောင်မှုများ (VAS) အတွက် ဝယ်ယူမှုများကို ဤအစီအစဉ်တွင်း အကျုံးမဝင်ဘဲ အပို STAR ပွိုင့်များ ရရှိမည် မဟုတ်ပါ။

အပိုပရိုမိုးရှင်း ပွိုင့်များသည် သတ်မှတ်ထားသောပက်ကေ့ချ်များအောင်မြင်စွာဝယ်ယူပြီးနောက် 15 မိနစ်မှ 30 မိနစ်အတွင်း ရရှိပါမည်။

လူကြီးမင်း၏ဖုန်းသည် 5G အသုံးပြုနိုင်သော ဖုန်းဖြစ်ပါက Lucky Monday အစီအစဉ်မှ ရရှိမည့် ဘောနပ်စ်ကို ထပ်ဆောင်းခံစားခွင့်အဖြစ် ၂ ဆ ရရှိမည် ဖြစ်ပါသည်။ ရရှိလာသော ဘောနပ်စ်ပွိုင့်များကို မိမိနှစ်သက်ရာ ဖုန်းပြောမိနစ် (Voice)၊ အင်တာနက် (Data)၊ စာတို (SMS) နှင့် အခြား ဝန်ဆောင်မှုများနှင့် လဲလှယ်အသုံးပြုနိုင်ပါသည်။

Android ဖုန်းများတွင် စစ်ဆေးနည်း

  • ဖုန်း၏ Settings ထဲသို့ ဝင်ပါ။
  • Connections၊ Network & internet သို့မဟုတ် SIM card & mobile data အနက် မိမိဖုန်းအမျိုးအစားအလိုက် ပေါ်လာသည်ကို နှိပ်ပါ (ဖုန်းအမှတ်တံဆိပ်အပေါ် မူတည်၍ စာသား ကွဲပြားနိုင်ပါသည်)။
  • Mobile networks > Preferred network type သို့မဟုတ် Network mode ကို ရွေးချယ်ပါ။
  • ပေါ်လာသော ကွန်ရက်အမျိုးအစားစာရင်းတွင် 5G ပါဝင်မှု ရှိ/မရှိ ကြည့်ပါ။ စာရင်းတွင် 5G ကို တွေ့ရှိပါက သင့်ဖုန်းသည် 5G စနစ်ကို ထောက်ပံ့ပေးသော ဖုန်းဖြစ်ပါသည်။

iPhone ဖုန်းများတွင် စစ်ဆေးနည်း

  • iPhone ၏ Settings ထဲသို့ ဝင်ပါ။
  • Cellular (သို့မဟုတ် Mobile Data) > Cellular Data Options (သို့မဟုတ် Mobile Data Options) > Voice & Data ထဲသို့ အဆင့်ဆင့် ဝင်ပါ။
  • မိမိဖုန်းတွင် 5G Auto၊ 5G On သို့မဟုတ် LTE စသည်ဖြင့် ပေါ်နေပါက သင့် iPhone သည် 5G စနစ်နှင့် ကိုက်ညီမှုရှိသော ဖုန်းဖြစ်ပါသည်။

သတ်မှတ်ထားသော နေ့အတွင်း တစ်ကြိမ်ထပ်ပိုမို ဝယ်ယူမှုများသည် အပိုဆုအတွက် အကျုံးဝင် ပြီး တူညီသောလတစ်လ၏ Point လက်ကျန်များသည် ပေါင်းစည်း ပေးသွားမည် ဖြစ်သည်။

သုံးစွဲသူများသည် နောင်လာမည့် အပတ်စဉ်ဆက်တိုက် အစီအစဉ်များတွင် ပါဝင်နိုင်ရန် ပထမအပတ်အတွင်း (တနင်္လာမှ တနင်္ဂနွေအထိ) မိမိတို့နှင့်သင့်လျော်သော ၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ဂျ်တစ်ခုခုကို ဝယ်ယူပြီး ပရိုမိုးရှင်းတွင် ပါဝင်ရမည်ဖြစ်ပါသည်။ လစဉ် လကုန်တိုင်းတွင် Progress များကို Reset ပြုလုပ်မည်ဖြစ်ပြီး Week 1 မှ စတင်၍ ဆက်တိုက်ဝယ်ယူမှု အခြေအနေ Streak ကို ပြန်လည် စတင်တွက်ချက်မည် ဖြစ်ပါသည်။

တနင်္လာနေ့မှသာ ဝယ်ယူရမည်ဟု မဟုတ်ပါ။ ဒုတိယအပတ် (သို့) နောက်လာမည့်အပတ်များတွင် ပွိုင့်ပိုမိုရရှိရန်အတွက် ယခင်အပတ်အတွင်း သင့်လျော်သော ဝယ်ယူမှုတစ်ခုခုကို လုပ်ဆောင်ထားရန် လိုအပ်ပါသည်။ တနင်္လာနေ့မဟုတ်သော ရက်များတွင် ဝယ်ယူမှုများကလည်း လာမည့်အပတ်အတွက် အရည်အချင်းပြည့်မီမှုကို ဆက်လက်ထိန်းသိမ်းပေးနိုင်ပါသည်။

သက်ဆိုင်ရာ ရက်သတ္တပတ်အတွက် ပိုမိုမြင့်မားသော အကျိုးခံစားခွင့်ကို ရရှိရန်အတွက် ယခင်အပတ်က သတ်မှတ်ချက်များကို ပြည့်မီထားရမည့်အပြင်၊ ထိုအပတ်၏ တနင်္လာနေ့တွင်ပါ ထပ်မံဝယ်ယူမှု ပြုလုပ်ရမည် ဖြစ်ပါသည်။

အကယ်၍ သုံးစွဲသူတစ်ဦးအနေဖြင့် တစ်ပတ်တာလုံး ပက်ကေ့ဂျ် ဝယ်ယူရန် လွတ်သွားခဲ့ပါက၊ လကုန်ဆုံးသည်အထိ ၎င်းတို့၏ ဆက်တိုက်ဝယ်ယူမှု အခြေအနေ (Streak) ကို ဆက်လက်ထိန်းသိမ်းကာကွယ်ပေးထားမည် ဖြစ်ပါသည်။ ထိုလအတွင်း လာမည့်တနင်္လာနေ့တွင် ပြန်လည်ဝယ်ယူလိုက်သည်နှင့် မူလအစသို့ လုံးဝ ပြန်ကျသွားခြင်းမရှိဘဲ ယခင်ရောက်ရှိခဲ့ဖူးသည့် အနီးစပ်ဆုံး အဆင့်အလိုက် အပို အက်တမ်စတားပွိုင့်ကို ပြန်လည်ရရှိမည် ဖြစ်ပါသည်။

348

Back to top