We'd like to send you notifications of the latest posts and updates
ထိုင်းနိုင်ငံတွင် ခရီးသွားစဉ် စျေးနှုန်းချိုသာပြီး စိတ်ချမ်းသာမှုအပြည့်ဖြင့် ဆက်သွယ်အသုံးပြုနိုင်ရန် ဈေးကွက်အတွင်း ပထမဦးဆုံးသော Thailand Roaming Pack အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော – အထူး Roaming Pack
ဤ အထူး roaming pack သည် ဈေးကွက်အတွင်း ပထမဦးဆုံး တီထွင်ဆန်းသစ်မှု ဖြစ်ပါသည်။ ခရီးထွက်ခင် မြန်မာနိုင်ငံအတွင်းမှ ကြိုတင် ဝယ်ယူပြီး ထိုင်းနိုင်ငံရောက်မှသာ အလိုအလျောက်အသုံးပြုနိုင်မည်ဖြစ်သော roaming pack ဖြစ်ပါသည်။
ကြိုတင်ဝယ်ယူပြီး - ခရီးသွားနေစဥ်အတွင်း စိတ်ချလက်ချသုံးနိုင်သော
ခရီးရောက်မှ ပြေးဝယ်ဖို့ မလိုတော့ပဲ Pack သက်တမ်း ကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး၊ Pack ကို ခရီးထွက်ဖို့ ၃ ရက်အတွင်း ကြိုတင်ဝယ်ယူပြီး စိတ်အေးအေးနဲ့ခရီးထွက်နိုင်ပါတယ်။
အလိုအလျောက် Activate လုပ်နိုင်သော
ထိုင်းနိုင်ငံ ရောက်တဲ့အခါမှသာ pack က အလိုအလျောက် activate ဖြစ်ပြီး လေယာဉ်ဆင်းတာနဲ့ roaming service ကိုအသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။
၇ ရက် အပြည့်အဝသုံးနိုင်သော
ခရီးစဥ်ရောက်ရှိပြီးမှ pack သက်တမ်းမှာ အကျုံးဝင်မှာ ဖြစ်တဲ့အတွက် တစ်ရက်လေးတောင် မပျက်ပဲ ၇ ရက်အပြည့်အဝ အသုံးအပြုနိုင်မည့် Roaming Pack တစ်ခုဖြစ်ပါသည်။
You are buying Thailand Roaming Pack
Price: | 9,599 ကျပ် |
Volume: | 1200 |
Validity: | 7 Days |
ATOM ရဲ့ prepaid (ကြိုတင်ငွေသုံးစွဲ) ဝန်ဆောင်မှုအသုံးပြုသူအားလုံး Thailand Roaming Pack ကို အသုံးပြုနိုင်ပါသည်။
ဤဝန်ဆောင်မှုတွင် ထိုင်းနိုင်ငံအတွင်းမှာ အသုံးပြုနိုင်မည့် roaming data 1,200 MB ပါဝင်ပါတယ်။ Voice call နဲ့ SMS တွေအတွက်ကတော့ pack ထဲမှာ မပါဝင်ဘဲ၊ သင့်ဖုန်းဘေလ် မှ pay-as-you-go နှုန်းထားနဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် မိတ်ဆက်ထားတဲ့ roaming pack ဖြစ်ပါတယ်။
ဤ roaming pack သည်
Activate ဖြစ်သွားတဲ့အချိန်နဲ့ သက်တမ်းကုန်ချိန်မှာ SMS ဖြင့်အသိပေးခြင်းOffer က activate ဖြစ်တဲ့အချိန်နဲ့ သက်တမ်းကုန်သွားတဲ့အချိန်တိုင်းမှာ SMS ပို့ပေးမှာ ဖြစ်ပါတယ်
ဈေးကွက်အတွင်း ပထမဆုံး တစ်ခုတည်းသော roaming pack တစ်ခု ဖြစ်ပါသည်။
သင်ခရီးထွက်မည့်ရက်မတိုင်မီ ၃ ရက်အတွင်း မြန်မာနိုင်ငံအတွင်းမှာတင် ဤ pack ကို ကြိုတင်ဝယ်ယူနိုင်ပါတယ်။ ထို့အပြင် ထိုင်းနိုင်ငံရောက်ပြီးနောက်လည်း မည်သည့်အချိန်မှာမဆို ဤ pack ကို ဝယ်ယူနိုင်ပါသေးတယ်။
သင် Thailand ကိုရောက်ရှိသောအခါမှာ Subscribe လုပ်ထားသော roaming pack မှာအလိုအလျှောက် active ဖြစ်သွားပါလိမ့်မယ်။ တခြား Action လုပ်ဆောင်ရန် မလိုအပ်ပါ —ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ သင့်ဖုန်းက Thailand ရဲ့ network ကိုချိတ်ဆက်တဲ့အချိန်မှာ Roaming service ကို ချက်ချင်းအသုံးပြုလို့ရပါပြီ။
Pack ကို subscribe လုပ်ပြီးနောက်၊ သင် Thailand ကိုရောက်တဲ့အချိန်ကစပြီး ၇ ရက်တာသက်တမ်းက စတင်တွက်ချက်ပါမယ်။ အကျိုးအမြတ်အပြည့်အဝရနိုင်ဖို့အတွက် အာမခံပေးထားခြင်း ဖြစ်ပါသည်။
ဒီ Thailand Roaming pack က Thailand အတွင်း မည်သည့်နေရာမဆို အသုံးပြုနိုင်ပါသည်။ တခြားနိုင်ငံတွေမှာတော့ အသုံးမပြုနိုင်ပါ။
သင် pack ကို ဝယ်ယူပြီးနောက် ၃ ရက်အတွင်း Thailand ကို မသွားပါက၊ pack ရဲ့အကျိုးခံစားခွင့် (benefit) နဲ့ သက်တမ်း (validity) တို့ အလုပ်မလုပ်ပါဘူး။
အဲ့ဒါကြောင့် သင့်ခရီးစဉ်အချိန်ဇယားနဲ့ pack ဝယ်ချိန်ကာလကို စီစဉ်ဖို့ အရေးကြီးပါတယ်။
ရပါတယ်။
ရပါတယ်။ ဒီ roaming pack ကို တစ်ခါထက် များများ subscribe လုပ်ခွင့်ရှိပါတယ်။
တပြိုင်နက်အတွင်း pack တော်တော်များများဝယ်ထားနိုင်ပြီး၊ အဲ့ဒီ pack တွေရဲ့ အကျိုးခံစားခွင့် (benefits) တွေကို ပေါင်းပြီးသုံးနိုင်မှာဖြစ်ပါတယ်။
မဟုတ်ပါဘူး၊ ဒီ pack က auto renewal မဖြစ်ပါ။
ဒါကြောင့် သက်တမ်းကုန်သွားပြီဆိုရင် ထပ်မံဝယ်ယူဖို့ လိုအပ်ပါတယ်။
Back to top
Share