We'd like to send you notifications of the latest posts and updates
သင့်ဖုန်းလက်ကျန်ငွေကို စူပါထောနဲ့ အဆများစွာ တိုးမြှင့်လိုက်ပါ !
စူပါထော ပက်ကေ့ချ်များသည် သင်ရွေးချယ်မှုအပေါ် မူတည်၍ သင့်ဖုန်းလက်ကျန်ငွေ၏ ၁၀ ဆ (သို့မဟုတ်) ၇ ဆ (သို့မဟုတ်) ၆ ဆ အထိ တိုးမြှင့်ပြောင်းလဲပေးပြီး ရရှိသော စူပါထော ပမာဏဖြင့် ဒေတာ၊ ပြည်တွင်း ကြိုက်ရာဖုန်းခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်း တို့ကို သက်တမ်းအကြာဆုံးရက် (၃၀)အထိ အသုံးပြုနိုင်ပါသည်။
*606#,
ATOM Store App,
ATOM Website(Shop)
အက်တမ်၏ “စူပါထော” ၁၀ဆ ၊ ၇ဆ၊ ၆ဆ ပက်ကေ့ချ်များသည် လက်ကျန်ငွေ(ပုံမှန်ဖုန်းဘေလ်)ကို စူပါထောဖုန်းဘေလ်အနေဖြင့် ၁၀ဆ ၊ ၇ဆ၊ ၆ဆ ပိုမို ရရှိမည့် အစီအစဉ်ဖြစ်ပါသည်။ ရရှိသော စူပါထောဖုန်းဘေလ်ပမာဏများ ကို အင်တာနက်ဒေတာ အသုံးပြုမှု၊ ပြည်တွင်း ကြိုက်ရာ ဖုန်းခေါ်ဆိုခြင်း နှင့် စာတိုပေးပို့ခြင်း များကို “စူပါထော” သတ်မှတ်နှုန်းထားများဖြင့်အသုံးပြုနိုင်ပါသည်။
အက်တမ် Prepaid အစီအစဉ်သုံးစွဲသူများ အားလုံး “စူပါထော” အစီအစဉ်များကိုရယူနိုင်ပါသည်။
စူပါထော ဖုန်းလက်ကျန်ငွေဖြင့် ဒေတာပက်ကေ့ချ်များ၊ ဖုန်းပြောမိနစ်များ၊ စာတိုပေးပို့ခြင်း ပက်ကေ့ချ်များ နှင့် VAS ဝန်ဆောင်မှုများကို ဝယ်ယူခွင့်မရှိပါ။
စူပါထော ဖုန်းလက်ကျန်ငွေကို အခြားသူများထံ လွှဲပြောင်းခွင့်မရနိုင်ပါ။
သုံးစွဲသူထံတွင် စူပါထော ၆ဆ နှင့် ၁၀ဆ နှစ်ခုလုံးရှိနေပါက အသုံးပြုမှုများသည် စူပါထော ၆ဆ မှ ပထမဦးစွာ ဖြတ်တောက်မည် ဖြစ်ပြီး၊ ထို့နောက် စူပါထော ၁၀ဆ မှဖြတ်တောက်မည် ဖြစ်သည်။
အကယ်၍ သုံးစွဲသူတွင် ရှယ်စူဘူး လက်ကျန် နှင့် စူပါထော ၁၀ဆ လက်ကျန် ရှိလျှင်၊ ဒေတာအသုံးပြုမှုသည် အရင် သက်တမ်း ကုန်ဆုံးမည့်လက်ကျန်မှ ဖြတ်တောက်ပါမည်။
တော်ကီစူဘူး နှင့် စူပါထော ၁၀ဆ လက်ကျန် နှစ်ခုရှိလျှင်လည်း ဖုန်းခေါ်ဆို အသုံးပြုမှုသည် အရင် သက်တမ်း ကုန်ဆုံးမည့်လက်ကျန်မှ ဖြတ်တောက်ပါမည်။
တစ်ကြိမ်ထပ်မက ဝယ်ယူအသုံးပြုနိုင်ပါသည်။ စူပါထော ၁၀ဆ ဖုန်းလက်ကျန်ငွေများ အားလုံး ပေါင်းစည်းသွားမည်ဖြစ်ပြီး အများဆုံးသက်တမ်းအား ရရှိမည်ဖြစ်ပါသည်။
လက်ကျန်ပမာဏများကို ATOM Store App မှ လည်းကောင်း၊ *124*1# ကို ဖုန်းခေါ်ဆို၍လည်းကောင်း စစ်ဆေးနိုင်ပါသည်။
Back to top
Share