We'd like to send you notifications of the latest posts and updates
အက်တမ်စတားများ ဟာ နောက်ဆုံးပေါ် အက်တမ်စတိုး အက်ပ် ရှိရန်လိုအပ်ပါသည်။ ဒီ Chinese New Year Rewards Campaign အထူးပရိုမိုးရှင်း” ကိုခံစားရန်အတွက် စတား ပွိုင့် ၁၀ပွိုင့် သုံးစွဲရန် လိုအပ်ပါသည်။
အက်တမ်စတိုး အက်ပ်တွင် နှစ်သက်သော Non-Telco ပက်ကေ့ချ် များဝယ်ပြီး စတား ပွိုင့်များ ရယူနိုင်ပါသည်။
ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ ဖြစ်ပါတယ်။
ပရိုမိုးရှင်းအတွက် Oway Travel Points ကံထူးနိုင်ခွင့်ရှိမည့် အစီအစဉ်အတွက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ။
• ဤ အစီအစဉ်အား အက်တမ် ကြိုတင်ငွေပေး ဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသာ ပါဝင်ကံစမ်းနိုင်ပါသည်။
• အဆိုပါ ကမ်းလှမ်းချက်သည် ကမ်ပိန်းကာလဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိသာ အကျုံးဝင်ပါသည်။
• Special rewards မှ ပွိုင့်လဲလှယ်သော အသုံးပြုသူအားလုံးသည် Oway Travel Points အား အောက်တွင်ဖော်ပြထားသည့်အတိုင်း ကံထူးနိုင်ခွင့်ရှိသည်။
• ကံထူးသူအား ၂၀၂၆ ခုနှစ်၊ မတ်လ အတွင်း ကြေငြာပေးသွားပါမည်။
• ဖုန်းကံထူးခွင့်တွင် အက်တမ် မြန်မာ မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များကို ပါဝင်ခွင့် မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင်ပါ ဝင်ခွင့်ရှိသူများအား အက်တမ်မြန်မာမှတစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။
• အက်တမ် မြန်မာ မှ ကံထူးရှင်များကို ကမ်ပိန်းကာလ အစီအစဉ်ပြီးဆုံးချိန်တွင် ကျပန်းရွေး ချယ်ပေးမည်ဖြစ်ပြီး၊ အက်တမ် မြန်မာ Call Center မှ ဆုရရှိသောကံထူးရှင်များအား ကမ်ပိန်းကာလ အစီအစဉ်ပြီးချိန်မှ စတင်ဆက်သွယ်ပေးမည်ဖြစ်သည်။ အက်တမ် မြန်မာ Call Center သည် ကံထူးရှင်များကို တနေ့တည်းတွင် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည် ဖြစ်ပြီး ကံထူးရှင်မှ ဖုန်းပြန်လည် ဖြေဆိုမှု မရှိပါက အက်တမ်မြန်မာမှ အခြားကံထူးရှင်များကိုလည်း ပြန်လည် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကံထူးရှင်များသည် Lucky Draw ခေါ်ဆိုမှုအတွင်း ကံထူးခဲ့သောဆု ပို့ဆောင်ရန်အတွက် မိမိ၏အမည် ၊ နိုင်ငံသားမှတ်ပုံတင် နှင့် နေရပ်လိပ်စာကို ပေးဆောင်ရန် သဘောတူရပါမည်။ ကံထူးဆုအားပို့ ဆောင်စဉ်အတွင်း ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းဖြစ် ပေါ်လာသည့် ကိစ္စရပ်အတွက် အက်တမ်မြန်မာတွင်လုံးဝတာဝန်မရှိစေရပါ။
ဆုအတွက် စည်းကမ်းချက်များ
• အက်တမ်မြန်မာမှ ယင်းဆုအစား ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသား များဖြင့် အစားထိုး ပြောင်းလဲပေးအပ်မည်မဟုတ်ပါ။
• ATOM သည် လိုအပ်ပါက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဆုလာဘ် သတ်မှတ်ချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ရပ်ဆိုင်းနိုင်ပါသည်။
• တစ်ကြိမ် ကံထူးပြီးသော ကံထူးရှင်အား နောက်အကြိမ်ရွေးချယ်မှုတွင် ပါဝင်မည် မဟုတ်ပါ။
• ကံထူးရှင်များသည် ဆုလက်ဆောင်အား ကိုယ်တိုင်လက်ခံခြင်းမပြုနိုင်ပါက မိမိတို့၏ ကိုယ်စားလှယ်အားခန့်အပ်နိုင်ပြီး၊ ယင်းတို့၏ နိုင်ငံသားမှတ်ပုံတင် နှင့် အမည်ကို အက်တမ်မြန်မာ Call Center သို့ ယင်းဆုအားမပို့ဆောင်ခင် ပေးပို့လွှဲအပ်နိုင်ပါသည်။ ဤအခြေအနေတွင် ကံထူးရှင်များသည် ၎င်းတို့၏ ကိုယ်စားလှယ်ခန့်အပ်လွှာအတွက် အက်တမ် မြန်မာ သို့ ကြိုတင် အကြောင်းကြားရန် တာဝန်ရှိပါသည်။ အက်တမ် မြန်မာမှ ကံထူးရှင်များ နှင့် ၎င်းမှ ခန့်အပ်ထားသော ကိုယ်စားလှယ်များ ကြား ဖြစ်ပေါ်လာသော ပြဿနာများအတွက် တာဝန်ယူမည် မဟုတ်ပါ။ ခန့်အပ်ခံထားရသော ကိုယ်စားလှယ်များသည် ကံထူးရှင်များကိုယ်စား သက်ဆိုင်ရာဆုများအားလကျခံသည့်အခါ ယင်းတို့၏မှတ်ပုံတင်မှုရင်း အားတင်ပြရမည်ဖြစ်ပြီး၊ ယင်းမှတ်ပုံတင်ရှိအချက်အလက်များသည် ကိုယ်စားလွဲစာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိရမည်။ အက်တမ် မြန်မာသို့ မပြည့်စုံသော အချက်အလက်များ၊ စာရွက်စာတမ်းများပေးပို့ပါက၊ အက်တမ်မြန်မာမှ ကံထူးရှင်များ အား ဆုပေးအပ်ရန် ငြင်းပယ်နိုင်သည့် အခွင့်အရေး ရှိသည်။
• ကံထူးရှင်များသည် အသက် (၁၈) နှစ်အောက်ဖြစ်ပါက ယင်းတို့၏မိဘ (သို့မဟုတ်) အိမ်ထောင်စုဇယား တွင်ပါဝင်သော ယင်း၏အုပ်ထိန်းသူနှင့် လက်ခံရရှိနိုင်ရမည်ဖြစ်သည်။
• ဤပရိုမိုးရှင်းတွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ် မြန်မာမှ ဆုရရှိသူ (သို့မဟုတ်) ယင်း၏ကိုယ်စားလှယ်၏ အသံ၊ ရုပ်ပုံ၊ ဗီဒီယို၊ ရုပ်ဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာနှင့်(သို့) အခြားသောမီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ် မြန်မာ ကို ခွင့်ပြုပေး ရမည်။
• ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ၎င်းတို့ နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
• အက်တမ်မြန်မာ Call Center မှ ဆုရှိခြင်းအတွက် အတည်ပြုပြီး (၂၁) ရက်အတွင်း ဆုရရှိသူကံထူးရှင် (သို့မဟုတ်) ယင်းခန့်အပ်ထားသော ကိုယ်စားလှယ်များကို ဆုအား မိမိနေရပ်လိပ်စာ (သို့) အနီးစပ်ဆုံးကားဂိတ်ကိုပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းသတ်မှတ်ထားသော အချိန်ကာလထက် ကျော်လွန်ခြင်းကိစ္စရပ်အတွက် အက်တမ်မြန်မာတွင် ဆုအားပေးအပ်ရန် မည်သည့်တာဝန်မှ မရှိစေရပါ။
• နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ် ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာ မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။
• ကမ်ပိန်းခံစားခွင့်ကိုရယူရင် ATOM Store App နောက်ဆုံးအပ်ဒိတ်ရှိရမည်။
• ပရိုမိုးရှင်းကို ရယူရန် အသုံးပြုသူသည် အက်တမ်စတားပွိုင့် ၁၀ ပွိုင့်အသုံးပြုရမည်။
• အသုံးပြုသူများကို အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
• ကံထူးသူများသည် အက်တမ်၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအားခွင့်မပြုပါ။
• ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်မြန်မာ ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။ အက်တမ်မှ မည်သည့်အချိန်မဆို ဤစည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် မည်သည့် သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် ရှိသည်။
အက်တမ်စတားများ ဟာ နောက်ဆုံးပေါ် အက်တမ်စတိုး အက်ပ် ရှိရန်လိုအပ်ပါသည်။ ဒီ Chinese New Year Rewards Campaign အထူးပရိုမိုးရှင်း” ကိုခံစားရန်အတွက် စတား ပွိုင့် ၁၀ပွိုင့် သုံးစွဲရန် လိုအပ်ပါသည်။ အက်တမ်စတိုး အက်ပ်တွင် နှစ်သက်သော Non-Telco ပက်ကေ့ချ် များဝယ်ပြီး စတား ပွိုင့်များ ရယူနိုင်ပါသည်။
Oway Travel Points ဖြစ်ပါတယ်။
Oway Travel Points - 100,000 Points
Oway Travel Points - 50,000 Points
Oway Travel Points - 30,000 Points
ကံထူးသူ (၃) ဦးအား ပရိုမိုးရှင်းပြီးဆုံးသည့်နေ့တွင် ဖောက်ပေးမှာဖြစ်ပါတယ်။
အကြိမ်များများ ၁၀ ပွိုင့်ဖြင့် လဲလှယ်ပါက ကံထူးဖို့ အခွင့်အရေးများလေ ဖြစ်ပါတယ်။ပထမဆုံး ကံထူးတာနဲ့ နောက်တစ်ကြိမ်ရွေးချယ်မှုမှာတော့ လူကြီးမင်းပါဝင်နိုင်မည်မဟုတ်ပါ။
ပရိုမိုးရှင်းကာလပြီးသည့်နောက် ဖေဖော်ဝါရီလ ပထမအပါတ်တွင် အက်တမ်မြန်မာ call center မှ ၀၉-၇၅၀၀၉၇၅၀၀ ဖုန်းဖြင့် ကံထူးသူတိုင်းကို ဖုန်းခေါ်ဆိုကာ အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။
ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ ဖြစ်ပါတယ်။
အက်တမ် customer care service မှ ဖုန်းခေါ်ဆိုပြီး အကြောင်းကြားသည့်အခါ မိမိနေရပ်လိပ်စာအား ပေးရမည်ဖြစ်ပြီး အက်တမ်မှ အနီးစပ်ဆုံးကားဂိတ်သို့ (၂၁)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
Back to top
Share