We'd like to send you notifications of the latest posts and updates
နိုင်ငံတကာလက်ရွေးစင်အသင်း (၄၈) သင်းရဲ့ အကြိတ်အနယ် ဘောလုံးပြိုင်ပွဲတွေကို အားပေးရင်း iPhone 17 Pro Max (၅) လုံးနဲ့ နေ့စဉ်ဒေတာဆုများ ရယူလိုက်ပါ။
ပွဲစဉ်တစ်ခုချင်းစီရဲ့ ရလဒ်တွေကို ATOM Store App မှာ နေ့စဉ် အခမဲ့ (၁) ကြိမ် ခန့်မှန်းနိုင်ပြီး၊ ထပ်မံခန့်မှန်းလိုပါက ATOM Star Points (၅၀) ပွိုင့်သာ အသုံးပြုရုံဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ခန့်မှန်းချက်များ မှန်ကန်လေလေ နေ့စဉ်ဒေတာဆုများနှင့် iPhone 17 Pro Max (၅) ဆု ရရှိနိုင်မည့် အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်ပါတယ်။ ယခုပဲ ATOM Store App တွင် နေ့စဉ်ဝင်ရောက်ခန့်မှန်းပြီး iPhone 17 Pro Max (၅) လုံးနှင့် ဒေတာဆုလက်ဆောင်များကို ရယူလိုက်ပါ!
The more you purchase, the more tickets you earn—and the higher your chances to win!
Buy Now (https://bit.ly/45DT2ck)
၁။ အက်တမ်မြန်မာ လီမိတက် (“အက်တမ် မြန်မာ”) မှ Guess & Win အစီအစဉ် (“အစီအစဉ်”) ကာလ
မှာ ဇွန်လ ၁၂ ရက် ၂၀၂၆ခုနှစ်တွင် စတင်ပြီး ဇူလိုင်လ ၂၀ ရက် ၂၀၂၆ခုနှစ်အထိ (“အစီအစဉ် ကာလ”) ဖြစ်သည်။
၂။ ဤ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းမှ အက်တမ် မြန်မာ၏ Guess & Win အစီအစဉ် နှင့် သက်ဆိုင်သည့် စည်းမျဉ်း စည်းကမ်းများ (“စည်းမျဉ်း စည်းကမ်းများ”)၊ ပြင်ဆင်ချက်များ၊ ဆုံးဖြတ်ချက်များအား လိုက်နာရန် သဘောတူညီသည်ဟု မှတ်ယူမည် ဖြစ်သည်။ စည်းမျဉ်း စည်းကမ်းများအား ပြင်ဆင်မှု တစုံတရာ ရှိပါက ATOM Store application မှတဆင့် ကြော်ငြာ မည် ဖြစ်ပြီး ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုးသက်ရောက်မည်ဖြစ်သည်။ အက်တမ် မြန်မာမှ လက်ဆောင်ပစ္စည်းများ အစားထိုးခြင်း အပါ အဝင် စည်းမျဉ်း စည်းကမ်းများအား ပြောင်းလဲခွင့် ရှိသည်ဖြစ်ပြီး ပြောင်းလဲချက်အား ကြော်ငြာသည်နှင့် တပြိုက်နက် အကျိုး သက် ရောက်မည် ဖြစ်သည်။ ဤ အစီအစဉ်တွင် ပါဝင်သူများ အနေဖြင့် ဤ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ လုပ်ဆောင်ရန် သဘော တူညီသည်ဟု မှတ်ယူခြင်း ခံရမည်ဖြစ်သည်။
၃။ ဤ အစီအစဉ်သည် အက်တမ် မြန်မာ ဖုန်းများ၏ ကြိုတင်ငွေဖြည့်သွင်းသည့် ဝန်ဆောင်မှု (prepaid) သုံးစွဲသူအားလုံး အတွက် ဖြစ်သည်။ (“အက်တမ် မြန်မာ ၏ ဝန်ဆောင်မှုသုံးစွဲသူ”) ဤကံစမ်းမဲ အစီအစဉ်သို့ ဝင်ရောက်ခန့်မှန်းချင်သော အက်တမ် မြန်မာ၏ ဝန်ဆောင်မှု သုံးစွဲသူများသည် “Atom Store application” အား ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် သုံးစွဲရန် လိုအပ်သည်။
၄။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ဤကံစမ်းမဲ အစီစဉ်တွင်ပါဝင်ပြီး နေ့စဥ်ပေးအပ်သော လက်ဆောင်များ (data လက်ဆောင် (သို့) ATOM star points) ကို ရရှိနိုင်သော်လည်း Grand Prize (ကံစမ်းမဲကာလ ပြီးဆုံးသည့်အချိန်တွင် ပေးအပ်မည့် ဆုလက် ဆောင်)ရယူခြင်းအား တားမြစ်ထားသည် (“ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်းအား ကန့်သတ်ထားသူများ”)
(က) အက်တမ် မြန်မာ ၏ အချိန်ပြည့်၊ အချိန်ပိုင်း၊ ယာယီ၊ အမြဲတမ်း ဝန်ထမ်းများ
(ခ) အက်တမ် မြန်မာ အား ဝန်ဆောင်မှု ပေးနေသူများ (Service Provider) ၊ အက်တမ် မြန်မာ နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက် ကုမ္ပဏီများ (Business Partner) နှင့် ၎င်းတို့၏ ဝန်ထမ်းများအား
(ဂ) အက်တမ် မြန်မာ ၏ Productနှင့် ဝန်ဆောင်မှုများအား ဖြန့်ချိခြင်းနှင့် ရောင်းချခြင်း (sale or distribution) တို့တွင် ပါဝင်သူများနှင့် ၎င်းတို့၏ ဝန်ထမ်းများအား ဤ ကံစမ်းမဲ အစီအစဉ်တွင် ဝင်ရောက်ကံစမ်းခြင်းအား တားမြစ်ထားသည်။
ဆုလက်ဆောင်တစ်ခုကိုဆွတ်ခူးရရှိပြီးသူ အပါအဝင်၊ အစီအစဉ်တွင် ပါဝင်သည့် မည်သူနှင့်စပ်လျင်း၍ မဆို တရားဝင် အတည်ဖြစ်မှုအား အက်တမ် မြန်မာ မှ မိမိတစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အစီအစဉ်တွင် ပါဝင်ခြင်း အား ကန့်သတ် ထားသူများ မှ ကံစမ်းမဲ အစီအစဉ်အား ကံထူးခဲ့ပါက လက်ဆောင် ပစ္စည်းများ အား အက်တမ် မြန်မာ မှ မိမိသဘော ဖြင့် ပြန်လည် သိမ်းယူခွင့်နှင့် ပယ်ဖျက်နိုင်ခွင့်တို့ရှိသည်။
၅။ အက်တမ် မြန်မာ ဝန်ဆောင်မှုသုံးစွဲသူ များသည် ဤ အစီအစဉ်ကာလအတွင်း Atom Store application ကိုနေ့စဥ်ဝင်ရောက် အသုံးပြုခြင်း ဖြင့် ဘောလုံးပွဲ အနိုင်ရရှိသည့်အသင်းအား အခမဲ့ ခန့်မှန်းခွင့် လက်မှတ် (Lucky Chance) ၁ စောင်ကို နေ့စဥ်ရရှိ နိုင်မည် ဖြစ်သည်။ သို့သော် အဆိုပါ အခမဲ့ ခန့်မှန်းခွင့် လက်မှတ်မှာ ပေးအပ်သည့် နေ့ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်တရက်သို့ ထပ်မံ သက်တမ်းတိုး သယ်ဆောင် အသုံးပြုခွင့် ရှိမည်မဟုတ်ပါ။ အဆိုပါ ဝန်ဆောင်မှုသုံးစွဲသူများသည် ဘောလုံးပွဲများ ထပ်မံပြီး ခန့်မှန်းလိုပါက ၄င်းတို့၏ ATOM star points အားအသုံးပြုပြီး ခန့်မှန်းနိုင်သည်။ ( ဘောလုံးပွဲ တပွဲ ခန့်မှန်းခြင်းအတွက် ATOM star point 50 ). ထို points 50 မှာ ပွဲစဥ်ခန့်မှန်းရန် ရွေးချယ်သည်နှင့် တပြိုက်နက် ATOM star pointsမှ အလိုလျောက် နှုတ်ယူသွားမည် ဖြစ်သည်။
၆။ အစီအစဉ်တွင် ပါဝင်သူများမှ ဘောလုံးပွဲစဥ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ပါက အောက်ဖော်ပြပါ Instant Rewards ( နေ့စဉ်ပေးအပ်သည့် ဆုလက်ဆောင်)များ ရရှိနိုင်မည် ဖြစ်သည်။
Instant Reward (နေ့စဉ်ပေးအပ်သည့် ဆုလက်ဆောင်)
Up-to 1 GB Free Data Bonus (၃)ရက် သက်တမ်းရှိ)
(or)
ATOM star loyalty points
၇။ Free Internet Data (MB) ကံထူးသူများသည် ၄င်းတို့ခန့်မှန်းသည့် ဘောလုံးအသင်းမှ အနိုင်ရရှိသည်နှင့် တပြိုင်တည်း ၎င်းတို့ဖုန်း၏ balance ထဲသို့ သက်ဆိုင်ရာ ဆု လက်ဆောင် များ ရရှိမည် ATOM star pointsမှာ သက်ဆိုင်ရာ စည်းမျဥ်း စည်းကမ်းနှင့်အညီ အသုံးပြုရမည် ဖြစ်သည်။
၈။ နေ့တနေ့ချင်းစီအလိုက်ပေးအပ်မည့် Instant Reward ဆု၏ အရေအတွက်ပမာဏကို အက်တမ်မြန်မာ မှ ဆုံးဖြတ် သတ်မှတ် မည်ဖြစ်သည်။ ယင်းနေ့ တစ်နေ့တာ တွင် ပေးရန် သတ်မှတ်ထားသော ဆုအားလုံးကို ဆွတ်ခူး ရရှိသူများသို့ ပေးအပ် ချီးမြှင့်ပြီး နောက် အဆိုပါ နေ့တွင် အစီအစဉ်သို့ ထပ်မံ ဝင်ရောက်ခန့်မှန်းသော သူများအတွက် Instant Rewardဆုများ ချဲ့ထွင် ပြုလုပ် ပေးအပ်ရန် အတွက် အက်တမ်မြန်မာ တွင် တာဝန်မရှိချေ။
၉။ အနိုင်ရရှိမည့် ဘောလုံးအသင်းအား အနည်းဆုံး တကြိမ်မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သူများသည် Grand Prize (ကံစမ်းမဲကာလ ပြီးဆုံးသည့်အချိန်တွင် ပေးအပ်မည့် ဆုလက်ဆောင်) ကံစမ်းနိုင်မည့် လက်မှတ် တစောင်စီရရှိနိုင်မည် ဖြစ်သည်။ ထို့အတွက်ကြောင့် များများပါဝင်ခန့်မှန်းလေ Grand Prize iPhone 17 Pro Max ရရှိရန် အခွင့်အရေးပိုမိုရရှိလေဖြစ်သည်။ ရွေးချယ်ခံရသည့် ကံထူးရှင် (၅)ယောက်မှ iPhone 17 Pro Max တလုံးစီရရှိမည်ဖြစ်ပါသည်။
၁၀။ အကယ်၍ ရရှိသည့် ဆုလက်ဆောင်အတွက် စရိတ်ကုန်ကျမှု နှင့် သက်ဆိုင်ရာ အခွန်ငွေပေးအပ်ရခြင်းများရှိပါကအဆိုပါ ကုန်ကျမှု နှင့် အခွန် ပေးအပ်ခြင်းမှာ ကံထူးသူ၏ တာဝန်သာဖြစ်သည်။
၁၁။ အက်တမ်မြန်မာမှ ပေးအပ်သည့် ဆုလက်ဆောင်များ၏ အခြေအနေ နှင့် အာမခံ (warranty)တို့အတွက် အက်တမ်မြန်မာတွင် တာဝန်မရှိပါ။ လက်ဆောင်ပစ္စည်းများ နှင့် ပေးပို့ရမည့် လိပ်စာမှားယွင်းခြင်း၊ မပြည့်စုံခြင်း၊လိပ်စာ ပြောင်းလဲခြင်း၊ အခြားအချက်အ လက်များ မပြည့်စုံသောကြောင့် ဆုလက်ဆောင်များ မပေးပို့ နိုင်ခြင်း၊ ပေးပို့သည့် ဆုလက်ဆောင်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ ပစ္စည်းများ အသင့် မရှိခြင်းတို့အတွက် အက်တမ်မြန်မာတွင် တာဝန်မရှိပေ။
၁၂။ သက်ဆိုင်ရာဥပဒေ အရ အဆိုပါ ဆုလက်ဆောင်အား ပိုင်ဆိုင်ခွင့်ရှိသူဟု ယူဆရန် မဖြစ်နိုင်သူများအားလည်း အက်တမ်မြန်မာမှ ဆု လက်ဆောင် ပေးအပ်ရန်ငြင်းပယ်နိုင်ခွင့်ရှိသည်။ ဤစာပိုဒ်ပါ ဆုလက်ဆောင်များ ပေးအပ်ရန် ငြင်းပယ်ခွင့် ရှိသော အချက်များ အရ အက်တမ်မြန်မာ သည် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဆုလက်ဆောင်များအား ရုပ်သိမ်းခြင်း၊ ထိုဆုလက်ဆောင်များအား ပြန်လည် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကံထူးသူမှ ဆုလက်ဆောင်ပစ္စည်းများလက်ခံရယူရန်အတွက် အက်တမ်မြန်မာ ၏ အကြံပြု ချက်အတိုင်း လိုက်နာရမည်ဖြစ်သည်။ ထိုသို့ ဆုလက်ဆောင်ပစ္စည်းများလက်ခံရယူရန်အတွက် အက်တမ်မြန်မာ၏ အကြံပြုချက် အတိုင်းလိုက်နာခြင်းမရှိသော ကံထူးရှင်များအား ဆုလက်ဆောင်ပေးအပ်ရန် အက်တမ်မြန်မာမှ ငြင်းဆိုနိုင်သည်။
၁၃။ ဆုလက်ဆောင်များ ပေးအပ်ရာတွင် အက်တမ်မြန်မာ မှ အမှန်တကယ် ကံထူးသူဟု မှတ်ယူနိုင်ရန်အတွက် ၎င်းတို့၏ အမည်၊ ကံထူးသည့် ဖုန်းနံပါတ်အား နောက်ဆုံးဖြည့်သွင်းခဲ့သည့် ငွေဖြည့်ကဒ် ပမာဏ၊ အများဆုံး ခေါ်ယူသည့် ဖုန်းနံပါတ် စသည်ဖြင့် လိုအပ်သော သတင်းအချက်အလက် အချို့ကို တောင်းခံမည်ဖြစ်သည်။ အက်တမ်မြန်မာ မှ မေးမြန်းသော မေးခွန်းများအား မှန်ကန် အောင် ဖြေဆိုနိုင်ခြင်း မရှိသူအား ဆုလက်ဆောင် ပေးအပ်ရန် ငြင်းပယ်နိုင်ခွင့် ရှိသည်။
၁၄။ နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အမှားများ၊ ပျက်စီး ဆုံးရှုံးမှုများ၊ အချိန်ကြံ့ကြာမှုများ၊ အင်တာနက် နက်ဝက် မရခြင်း နှင့် အက်တမ်မြန်မာ မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ ကြောင့် ဂိမ်း အစီအစဉ် တွင် ပါဝင် သည့်သူများ အပေါ် သက်ရောက်မှု/ဆုံးရှုံးမှု တစုံတရာ ရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။
၁၅။ ဆုလက်ဆောင်များအား အက်တမ်မြန်မာ မှ လာရောက် ပို့ဆောင်ပေးခြင်း (သို့) ကံထူးသူမှ အက်တမ်မြန်မာ ရုံးချုပ် Sule Square၊ အမှတ် ၂၂၁၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့သို့ လာရောက် ၍ ဖြစ်စေ ရယူရမည် ဖြစ်သည်။ ထိုသို့ အက်တမ်မြန်မာ မှ လက်ဆောင် ပစ္စည်း ပေးပို့ ရန် (သို့) ကံထူးသူမှ အက်တမ်မြန်မာ ရုံးချုပ် (သို့) အခြားရုံးများတွင် လာရောက်ရယူရန် အတွက်မူ အက်တမ်မြန်မာ မှ ဆုံးဖြတ်မည်ဖြစ်သည်။ အက်တမ်မြန်မာမှ လုပ်ဆောင်နိုင်သည့် အခြေအနေထက်ပိုမိုပြီး လက်ဆောင်ပစ္စည်းများ ပေးပို့ရန် မဖြစ် နိုင်သည့် အခြေအနေ (သို့) ကံထူးသူမှ အက်တမ်မြန်မာ၏ရုံးခန်းသို့ ဆုလက်ဆောင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိပါက အဆိုပါ ဆုလက်ဆောင်အား အက်တမ်မြန်မာမှ အခြားကံထူးသူများအား ပြန်လည်ပေးအပ်ခြင်း (သို့) အခြား ကံစမ်းမဲ အစီအစဥ်များတွင် ပြန်လည်သုံးစွဲခြင်းတို့ပြုလုပ်နိုင်မည်ဖြစ်သည်။
၁၆။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ငွေကြေးအကျိုးအမြတ် အလို့ဌာ ဆုလက်ဆောင်များအား မျှဝေခြင်း မပြုလုပ်ရ။ ထို့အပြင် အက်တမ်မြန်မာ (သို့) မိတ်ဖက် ကုမ္ပဏီများမှ ဆုလက်ဆောင်ပစ္စည်းများ အား လဲလှယ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း နှင့် ငွေကြေး အစားထိုးပေးအပ်ခြင်း တို့ ပြုလုပ်မည်မဟုတ်။ ဆုလက်ဆောင် ရရှိသူမှ မိမိလက်အတွင်း ဆုလက်ဆောင် ရရှိသည်နှင့် တပြိုင်နက် မိမိကိုယ်ပိုင် ဆုံးဖြတ် ချက်ဖြင့် ဤစည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်ခြင်းမရှိဘဲ သင့်တော်သလို အသုံးပြု နိုင်သည်။ ဆု လက်ဆောင်ပေါ်တွင် သက်မှတ်ထား သည့် နေ့ရက်မတိုင်မီ အသုံးပြုရန် (သို့) လက်ခံရရှိရန် ပါရှိပါက ဆုလက်ဆောင် ရရှိသူမှ အဆိုပါ နေ့အား ထပ်မံ သက်တမ်းတိုးခြင်း (သို့) အစားထိုးခြင်း တို့ ပြုလုပ်ရန် တောင်းဆိုခြင်း မပြုနိုင်ပါ။ အက်တမ်မြန်မာမှ ပေးအပ် သော လက်ဆောင် ပစ္စည်းများ အတွက် အာမခံပေးခြင်းများ ပြုလုပ်မည်မဟုတ်။ အစီအစဉ်တွင် ပါဝင်ခွင့်ရှိသူ မှ ဤစည်းမျဉ်း စည်းကမ်းများ အား နားလည်ပြီး လိုက်နာရန် သဘော တူညီသည်ဟု မှတ်ယူခြင်း ပြုမည်ဖြစ်သည်။
၁၇။ ဤကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် အက်တမ်မြန်မာမှ ကံထူးသူ၏ ရုပ်ပုံ၊ အသံတို့အား အသုံးပြု၍ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး ခြင်း၊ အင်တာဗျူး ပြုလုပ်ခြင်း၊ လှုမှုကွန်ယက်များတွင်ဖြစ်စေ၊ အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုခုတွင်ဖြစ်စေ ၊ ထုတ်လွှင့် ခြင်း၊ လွှင့် တင်ခြင်း၊ ဖြန့်ဝေခြင်း၊ အခြားကြော်ငြာ လက်ကမ်းစာစောင်တွင်ဖြစ်စေ၊ ပိုစတာ တစ်မျိုးမျိုးတွင်ဖြစ်စေ ရိုက်နှိပ် ဖော်ပြခြင်း များ အားဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိ သည်ဟု မှတ်ယူရမည် ဖြစ်သည်။
၁၈။ အက်တမ်မြန်မာမှ ဆောင်ရွက်နိုင်သည့် အခြေအနေထက်ပိုသော ကိစ္စရပ်များတွင် ကံထူးသူ ရရှိသည့် ဆုမဲများအား အက်တမ် မြန်မာမှ လဲလှယ်ခွင့် နှင့် အခြား ဆုမဲများ အစားထိုးပေးအပ်ခွင့်တို့ရှိသည်။
၁၉။ ဤကံစမ်းမဲ အစီအစဉ်နှင့် စပ်လျဉ်းကာ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အက်တမ်မြန်မာ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပါမည်။
၂၀။ ဤစည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်သောသူနှင့် အက်တမ်မြန်မာမှ လိုအပ်သည် သင့်တော်သည်ဟုထင်မြင်သည့် အချက်အလက် စာရွက်စာတမ်းများ တောင်းခံခြင်းအား ငြင်းဆန်ခြင်း၊ ပေးအပ်သည့် အချက်အလက်များ မပြည့်စုံခြင်း အစရှိသော ကံထူးရှင်တို့အား အက်တမ်မြန်မာမှ ကံစမ်းမဲတွင် ပါဝင် ကံစမ်းရန် ငြင်းပယ်ခွင့်၊ ဆုလက်ဆောင်များ ပေးအပ်ရန် ငြင်းပယ်ခွင့်များ အပြည့်အဝရှိသည်။
၂၁။ ဤစည်းမျဉ်း စည်းကမ်းများအား ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဥပဒေများမှ လွှမ်းမိုးမည်ဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိမည်ဖြစ်သည်။
၂၂။ ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် ၂ဘာသာရှိရာ ၎င်းတို့၂ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာမှာ အတည်ဖြစ်သည်။
ATOM Prepaid အသုံးပြုသူအားလုံးအတွက် ATOM Store App တွင် ပြုလုပ်ထားသော အစီအစဉ်အသစ်တစ်ခုဖြစ်ပါသည်။ Customers များသည် ပွဲရလဒ်ကို မှန်ကန်စွာ ခန့်မှန်းရင်း လက်ငင်း Data ဆုများ ရရှိနိုင်ပြီး Promotion Period ပြီးဆုံးပြီးနောက် iPhone 17 Pro Lucky Draw ဆုများကိုလည်း ကံစမ်းရရှိနိုင်ပါသည်။
Customer များသည် တစ်နေ့လျှင် ပွဲတစ်ပွဲအတွက် အခမဲ့ခန့်မှန်းခွင့် ၁ ကြိမ် ရရှိပါမည်။
အသုံးပြုသူများသည် ထပ်မံခန့်မှန်းမှု တစ်ကြိမ်စီအတွက် STAR Points 50 Points ကို အသုံးပြု၍ နောက်ထပ်ပွဲများကို ခန့်မှန်းနိုင်ပါသည်။
နောက်နေ့ပွဲများအတွက် ခန့်မှန်းတင်သွင်းမှုကို ယနေ့ 23:59:59 တွင် ပိတ်သွားမည်ဖြစ်ပါသည်။
ခန့်မှန်းမှုကိုပိတ်မည့် Countdown ကို Screen ပေါ်တွင် ဖော်ပြပေးထားမည်ဖြစ်ပါသည်။
ပွဲရလဒ်ကို မှန်ကန်စွာ ခန့်မှန်းထားသော အသုံးပြုသူများသည် Prediction ရလဒ်ထွက်ရှိပြီးနောက် ၄၈ နာရီအတွင်း Instant Data Bonus ကို ရရှိမည်ဖြစ်သည်။
တိုးပေးပါမည်။ လက်ရှိ Bonus Validity မကုန်ခင် ထပ်မံ Bonus ရရှိပါက Validity ကို တိုးပေးမည်ဖြစ်ပါသည်။
Landing Page ရှိ “History” Icon ကို နှိပ်ပြီး ဆုလက်ဆောင်မှတ်တမ်းကို ကြည့်ရှုနိုင်ပါသည်။
ပွဲတစ်ပွဲထက်ပိုပြီး ခန့်မှန်းလိုပါက STAR Points 50 အသုံးပြုရပါမည်။
ATOM ၏ channel များမှ ပက်ကေ့ချ်များကိုဝယ်ယူပြီး Point များ ရယူနိုင်ပါသည်။ ထို့အပြင် App Daily Login Campaign မှလည်း Point များ ရရှိနိုင်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် အစီအစဉ် ပြီးဆုံးပြီးနောက် အမှန်ကန်ဆုံး ခန့်မှန်းမှုအရေအတွက် အများဆုံးရှိသော ထိပ်တန်း ခန့်မှန်းသူများအတွက် Lucky Draw ကို ပြုလုပ်မည်ဖြစ်သည်။
Lucky Draw မှတစ်ဆင့် ကံထူးရှင် ၅ ဦးသည် brand-new iPhone 17 Pro ကို ရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။
Guess & Win အစီအစဥ်ကို ATOM Store App Version 4.16.1 တွင်သာဝင်ရောက်ပါ၀င်နိုင်ပါသည်။
Guess & Win အစီအစဥ် ၏ Promotion Period သည် 2026 ခုနှစ် 11 June မှ စတင်ပြီး July 19 ရက်အထိ ဖြစ်ပါသည်။

Back to top
Share