We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Press Release

မန္တလေးမြို့ရှိ SME လုပ်ငန်းခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာအတွေ့အကြုံများနှင့် သိမှတ်ဖွယ်ရာများအကြောင်း မျှဝေပေးသည့် 'ATOM SME Acceleration Programme' အစီအစဉ်ကို အက်တမ် (ATOM) မှ စီစဉ်ကျင်းပခဲ့

22 Dec,2023 - Yangon | 4 mins read

  • ‘အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထိရောက်စွာ ငွေကြေးသုံးစွဲမှု’ ဆိုသည့် အခန်းကဏ္ဍဆောင်ပုဒ်အောက်တွင် ကျင်းပသော အဓိပ္ပာယ်ပြည့်ဝသည့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးမှ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
  • အဆိုပါပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းအရင်းအနှီးများကို ထိရောက်စွာ စီမံခန့်ခွဲမှုစသည့် ခေါင်းစဉ်များအောက်တွင် တန်ဖိုးရှိသော အတွေးအမြင်ဗဟုသုတများကို မျှဝေခဲ့သည်။
  • ယခုပွဲအခမ်းအနားသည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကူညီထောက်ပံ့ပေးနေသော ‘ATOM SME Acceleration Programme’ အစီအစဉ်၏ ဒုတိယအကြိမ်မြောက် ပွဲအစီအစဉ်ဖြစ်သည်။

မန္တလေးမြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ - မြန်မာ့စီးပွားရေးကဏ္ဍကို ထောက်ပံ့ပေးပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SME) များကို အဆင့်မြှင့်တင်ပေးမည်ဆိုသော အက်တမ် (ATOM) ၏ ချမှတ်ထားသော ကတိကဝတ်နှင့်အညီ 'ATOM SME Acceleration Programme' အစီအစဉ်၏ ဒုတိယအကြိမ်မြောက်ပွဲအခမ်းအနားအစီအစဉ်ကို အောင်မြင်စွာကျင်းပခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ Hotel Mandalay တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပွဲကို ‘အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထိရောက်စွာ ငွေကြေးသုံးစွဲမှု’ ဆိုသည့် အခန်းကဏ္ဍဆောင်ပုဒ်အောက်တွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းဗျူဟာများနှင့် ပတ်သက်၍ အတွေးအမြင်ဗဟုသုတများရရှိရန်အတွက် မန္တလေးတိုင်းဒေသကြီးမှ SME လုပ်ငန်းခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

ယခုပွဲအခမ်းအနား၏ အဓိကထူးခြားချက်သည် Kaung Hein Soe Strategic Consulting Firm တည်ထောင်သူနှင့် မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ကျွမ်းကျင်နည်းပြ ဦးကောင်းဟိန်းစိုး မှ ဦးဆောင်ပြီး SME လုပ်ငန်းများတွင် ကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုများ၊ ငွေကြေးပိုင်းဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ၊ လက်ရှိခေတ်ရေစီးကြောင်းများနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။ တက်ရောက်လာကြသူများသည် စီးပွားရေးလုပ်ငန်းများ၏ အလားအလာကောင်းများ မြှင့်တင်ခြင်းနှင့် လုပ်ငန်းအရင်းအနှီးများကို ထိရောက်စွာ စီမံခန့်ခွဲမှုဆိုင်ရာ အတွေးအမြင်ဗဟုသုတများစွာ ရရှိခဲ့သည်။

အက်တမ် (ATOM) စီးပွားရေးလုပ်ငန်းစုအဖွဲ့သည် SME လုပ်ငန်းများအတွက် ဆန်းသစ်ပြီး လက်လှမ်းမီနိုင်သော ဖြေရှင်းနည်းများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်သည့် ပွဲအခမ်းအနားအတွင်း အက်တမ် (ATOM) လုပ်ငန်းစီးပွားရေးဆိုင်ရာအဖွဲ့သည် SME လုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းသုံး အင်တာနက်ကွန်ရက်ချိတ်ဆက်မှုများ၊ လုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းနည်းများနှင့် ဆော့ဖ်ဝဲဝန်ဆောင်မှုဖြစ်သည့် cloud ဝန်ဆောင်မှုများ အပါအဝင် ဝန်ဆောင်မှုအစုံအလင်ကို ပြသပေးခဲ့သည်။ အက်တမ် (ATOM) ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းစု သတင်းအချက်အလက်နည်းပညာ လုပ်ငန်းဆောင်ရွက်မှု (IT Operations) အကြီးအကဲဖြစ်သူ ဦးလွင်ထူးကိုက SME လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကို အဆင့်မြှင့်တင်ပေးနိုင်ရန်အပါအဝင် ဝင်ငွေတိုးတက်လာစေရန်အတွက် အက်တမ် (ATOM) ၏ လုပ်ငန်းများ၊ စီးပွားရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး ဖြေရှင်းနည်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် A Bank ၏ စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးထွန်းထွန်းလင်းက SME လုပ်ငန်းများအတွက် အသုံးတည့်စေမည့် ဘဏ္ဍာရေးဆိုင်ရာကိရိယာများအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးခဲ့သည်။ အက်တမ် (ATOM) စီးပွားရေးလုပ်ငန်းစုအဖွဲ့၏ မဟာဗျူဟာမြောက် မိတ်ဖက်ပါတနာဖြစ်သည့်  BIM Engineering Solutions သည် လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် ထိရောက်သော ဆက်သွယ်ရေးနှင့် အသုံးပြုသူ customer ဝန်ဆောင်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး လုပ်ငန်းများတွင် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေသည့် ဆက်သွယ်ရေးပိုင်းဆိုင်ရာစင်တာများနှင့် ပတ်သက်၍ အချက်အလက်များကို မျှဝေပေးသောအစီအစဉ်လည်း ပါဝင်ခဲ့သည်။

“အခု ‘ATOM SME Acceleration Programme’ အစီအစဉ်ဟာဆိုရင် ဒီနေ့ခေတ်လိုမျိုး အပြိုင်အဆိုင်တွေများတဲ့ လုပ်ငန်းဈေးကွက်ထဲမှာ SME လုပ်ငန်းတွေ တိုးတက်အောင်မြင်လာဖို့အတွက် သူတို့အနေနဲ့ လိုအပ်တဲ့ အသိပညာဗဟုသုတများ၊ စီးပွားရေးလုပ်ငန်းအတွေ့အကြုံများအကြောင်း သိရှိနားလည်စေနိုင်ဖို့ ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ပဲကြုံကြုံ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ပြည်တွင်းစီးပွားရေးတိုးတက်မှုကို ထောက်ပံ့အားပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့တော်ကြီးမှာ အခုလိုမျိုး  SME လုပ်ငန်း‌တွေကို ကူညီခွင့်ရတာက အရေးပါလှပါတယ်။ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ မန္တလေးမြို့ရဲ့ SME လုပ်ငန်းအခန်းကဏ္ဍဟာဆိုရင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးတို့အတွက် တစ်ကယ့်ကို အရေးပါတဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု၊ တီထွင်ဆန်းသစ်မှုနဲ့ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှု စတာတွေမှာ အရေးကြီးတဲ့အပိုင်းကနေ ပါဝင်နေပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က SME လုပ်ငန်းများကို ယခုလို ကူညီထောက်ပံ့ပေးလျက်ရှိသည့် အက်တမ် (ATOM) ၏ ပံ့ပိုးထောက်ပံ့မှုများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။  

ယခုကျင်းပခဲ့သော မန္တလေးပွဲအခမ်းအနားတွင် စီးပွားရေးအဖွဲ့အစည်းမျိုးစုံနှင့် အက်တမ် (ATOM) ၏ အွန်လိုင်းချန်နယ်များမှတစ်ဆင့် စာရင်းသွင်းတက်ရောက်သူများနှင့်အတူ စီးပွားရေးအသိုင်းအဝိုင်းမှ တုံ့ပြန်ချက်ကောင်းများ ရရှိခဲ့ပါသည်။

“ဒီနေ့ပွဲကနေတစ်ဆင့် SME လုပ်ငန်းတွေက ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းဗျူဟာတွေနဲ့ အဲ့ဒီနည်းလမ်းတွေကို သူတို့ရဲ့ လုပ်ငန်းတွေမှာ ဘယ်လိုပြန်လည်အသုံးချနိုင်မလဲဆိုတာကို သင်ယူဖို့ ကောင်းမွန်တဲ့အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲအခမ်းအနားကို တက်ရောက်ခဲ့သူတွေအနေနဲ့ အဲ့ဒီနည်းလမ်းအသစ်တွေကို သုံးကာ သူတို့ရဲ့ ဘဏ္ဍာရေးလုပ်ဆောင်ချက်တွေကို တိုးတက်အောင်လုပ်ပြီး စီးပွားရေးရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိအောင်မြင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဦးကောင်းဟိန်းစိုး ကပြောကြားခဲ့သည်။

‘ATOM SME Acceleration Programme’ အစီအစဉ်၏ ပထမဆုံးပွဲကို ရန်ကုန်မြို့ရှိ အက်တမ် (ATOM) ရုံးချုပ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်ခဲ့ကြသော SME လုပ်ငန်းရှင် (၁၀၀)ဦးသည် လုပ်ငန်းသဘောသဘာဝ၊ စီးပွားရေးလုပ်ငန်းများနှင့် အံဝင်ခွင်ကျဖြစ်စေမည့် နည်းပညာများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိခဲ့ကြသည်။

လက်ရှိလုပ်ဆောင်နေသော ‘ATOM SME Acceleration Programme’ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အက်တမ် (ATOM) သည် အဓိကနယ်ပယ်သုံးရပ်ကို ဦးတည်ထားသည့် အစပျိုးမှုအစီအစဉ်များကို ဖော်ဆောင်လျက်ရှိသည်။

ဒစ်ဂျစ်တယ်စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း - SME လုပ်ငန်းများအနေဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန် ဒစ်ဂျစ်တယ်ကိရိယာများနှင့် နည်းပညာများကို အသုံးချနိုင်ရန် ကူညီပေးခြင်း။

ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီနိုင်အောင် ဖော်ဆောင်ခြင်း - SME လုပ်ငန်းများအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များ ရရှိရန် သတင်းအချက်အလက်နှင့် အရင်းအမြစ်များကို ပံ့ပိုးပေးခြင်း။

ကွန်ရက်ချိတ်ဆက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - SME လုပ်ငန်းများ အချင်းချင်းချိတ်ဆက်ရန် အပါအဝင် အလားအလာရှိသော မိတ်ဖက်ပါတနာများ၊ အသုံးပြုသူ customer များနှင့် ချိတ်ဆက်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစုကို SME လုပ်ငန်းများအဖြစ် သတ်မှတ်နိုင်ပြီး ‘ATOM SME Acceleration Programme’ အစီအစဉ်သည် မြန်မာ့စီးပွားရေးကို ပံ့ပိုးကူညီပေးရန် ရည်မှန်းထားသော အက်တမ် (ATOM) ၏ ပိုမိုကျယ်ပြန့်သည့် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် အက်တမ် (ATOM) ၏ နည်းပညာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချနိုင်ရန်လည်း ကတိကဝတ်ပြုထားသည်။

အက်တမ် (ATOM) ၏ လုပ်ငန်းဆိုင်ရာ ဖြေရှင်းနည်းများအကြောင်း သိရှိလေ့လာလိုပါက www.atom.com.mm/my/business သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အက်တမ် (ATOM) စီးပွားရေးလုပ်ငန်းစုအဖွဲ့အား ဆက်သွယ်ရန်နှင့် ‘ATOM SME Acceleration Programme’ အစီအစဉ်အကြောင်း အသေးစိတ်သိရှိလိုပါက အက်တမ် (ATOM) ၏ စီးပွားရေးဆိုင်ရာ Facebook လူမှုကွန်ရက်စာမျက်နှာ www.facebook.com/ATOMBusinessPage သို့ မက်ဆေ့ချ်ပေးပို့၍သော်လည်းကောင်း၊ business.support@atom.com သို့ အီးမေးလ်ပေးပို့၍သော်လည်းကောင်း၊ hotline ဖုန်းနံပါတ်ဖြစ်သည့်  +၉၅ ၉၇၈ ၀၀၀ ၈၀၈၀ သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

- ပြီး-

အက်တမ် (ATOM) အကြောင်း

အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် -  communications@atom.com.mm / atom@chilli.agency

Back to top