We'd like to send you notifications of the latest posts and updates

သင်္ကြန်တွင်းမှာ ဖုန်းတွေတဝကြီးပြောပြီး 100% Cashback ယူကြမယ်...ဒီကို နှိပ်ပါ။

Press Release

အက်တမ်၏ သီးသန့်ဂိမ်းဖြစ်သည့် ရွှေလယ်တောဂိမ်းက မိုးရာသီအထူးအစီအစဉ်အဖြစ် စိတ်လှုပ်ရှားဖွယ်ဆုများ ပေးအပ်

01 Aug,2022 - Yangon | 2 mins read

  • အက်တမ်စတိုးအက်ပ်တွင်သာ ရရှိနိုင်သော ရွှေလယ်တောဂိမ်းကို ပုံမှန်ကစားသူပေါင်း ၂ သန်းကျော်ရှိ 
  • ဂိမ်းကို စုစုပေါင်း အကြိမ်အရေအတွက် သန်း ၃၈ ကျော် ကစားပြီးဖြစ် 
  • လက်ငင်း ငွေသားရရှိနိုင်မည့် အထူးဆုများနှင့် အခြား Telco ဆုများကို ရရှိနိုင်မည့် မိုးရာသီ အထူးကမ်ပိန်းကို စတင်မိတ်ဆက်လိုက်ပြီးဖြစ် 

ရန်ကုန် ၊ ဩဂုတ် ၊ ၁။   ATOM က သီးသန့်ဂိမ်း  ရွှေလယ်တောကို သုံးစွဲသူများအတွက် အခမဲ့အသက်အပို နှစ်ဆပေးပြီး စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ ပေးအပ်ခြင်းဖြင့် မိုးရာသီအထူး ကန်ပိမ်းကို စတင်ခဲ့ပြီဖြစ်သည်။ အက်တမ် အသုံးပြုသူတိုင်းသည် ယခုကမ်ပိန်းကို ဩဂုတ်လကုန်အထိ ပါဝင်ဆင်နွှဲနိုင်သည်။ 

 

 

အက်တမ်စတိုးအက်ပ်၏ နောက်ဆုံးထွက်ဂိမ်းဖြစ်သည့် ရွှေလယ်တောကို စတင်မိတ်ဆက်ချိန်မှစ၍ ယခုအချိန်ထိ စုစုပေါင်းအကြိမ်အရေအတွက် သန်း ၃၈ ကျော် ကစားပြီးဖြစ်ပြီး သုံးစွဲသူ စုစုပေါင်း ၂ သန်းကျော်က ပုံမှန်ကစားလျက်ရှိသည်။ ရွှေလယ်တောဂိမ်းကို ကြိုက်နှစ်သက်ကြသော သုံးစွဲသူများသည်  အခပေးဝယ်ယူရသော ဂိမ်းကစားခွင့် “အသက်” ကို ၃.၃  သန်းကျော်အထိ  လက်ရှိတွင် ၀ယ်ယူထားပြီးဖြစ်သည်။ အက်တမ် သုံးစွဲသူများသည် ဂိမ်းကို (၁)ရက်တည်းတွင် အများဆုံးကစားသည့် အကြိမ်ရေအဖြစ် အကြိမ်ရေ ၇၀ဝ,၀၀၀ ကျော် စံချိန်တင် ရောက်ရှိခဲ့သည်။  
 
ယခုမိုးရာသီအထူးကမ်ပိန်းကာလအတွင်း၊ အက်တမ် အသုံးပြုသူများအားလုံးသည် ၎င်းတို့၏ စတားအဆင့်အပေါ်မူတည်ပြီး အသက်အပိုဆုနှစ်ဆရရှိမည်ဖြစ်သည်။  ပလက်တီနမ်အဆင့် စတားများအတွက် အပတ်စဉ် အခမဲ့အသက် ၁၀ ခု၊ ရွှေအဆင့် စတားများအတွက် အခမဲ့အသက် ၈ ခု၊ ငွေအဆင့် စတားများအတွက် အခမဲ့အသက် ၆ ခု  နှင့် စတားအဆင့် မဟုတ်သော သုံးစွဲသူများအတွက်  အခမဲ့အသက် ၂ ခု အသီးသီး လက်ဆောင်ရရှိသွားမည်ဖြစ်သည်။ ဂိမ်းကစားသူများသည် ဂိမ်းတွင် ကြက်ဥများကို စုဆောင်းခြင်းဖြင့် လက်ငင်းအထူးဆုကြီးဖြစ်တဲ့ CashBack (ဖုန်းဘေလ်)နဲ့ အခြား  ဒေတာ ၊ အချင်းချင်းဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများအတွက် Telco အထူးဆုများကို ၂၀၂၂  ခုနှစ် ဩဂုတ်လကုန်အထိ ကံစမ်းသွားနိုင်မည်ဖြစ်သည်။ 
 
“အကောင်းမွန်ဆုံးကွန်ရက်၊ အကောင်းမွန်ဆုံး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် ကဏ္ဏအားလုံးတွင် အကောင်းမွန်ဆုံးအရာများဖြင့် မြန်မာနိုင်ငံသားများနှင့် မြန်မာ့စီးပွါးရေးကို မြှင့်တင်ပေးရန်” ဆိုသော အက်တမ်၏ ကတိကဝတ်နှင့်အညီ အက်တမ်သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံအသစ်များနှင့် ဂိမ်းအသစ်များအပါအဝင် ဆွဲဆောင်မှုရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်သွားမည်ဖြစ်သည်။ 

 

သုံးစွဲသူများအနေဖြင့် အက်တမ်၏ ထုတ်ကုန်အသစ်များနှင့် ဝန်ဆောင်မှုများဖြင့် အဆက်အသွယ်မပြတ်စေရန် အက်တမ်စတိုးအက်ပ်ကို ဒေါင်းလုဒ်ပြုလုပ်ရန်အတွက်  တိုက်တွန်းအပ်ပါသည်။ အက်တမ်စတိုးအက်ပ်၏ နောက်ဆုံးဗားရှင်းကို Apple App Store နှင့် Google Play Store တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သည့်အပြင်  “APP” ဟု နံပါတ် 500 ကို စာတိုပေးပို့ခြင်းဖြင့်လည်းကောင်း ၊*979*5*5# ဖုန်းခေါ်ဆို၍ဖြစ်စေ ဒေါင်းလုဒ်လင့်ခ်ကို ရယူနိုင်ပါသည်။ iOS OS အသုံးပြုသူများအတွက်လည်း မကြာမီရက်သတ္တပတ်များအတွင်း အက်ပ်စတိုးမှတစ်ဆင့် အက်တမ်အက်ပ်အသစ်ကို ရနိုင်တော့မည်ဖြစ်ပါသည်။ 

 

အက်တမ်(ATOM) အကြောင်း


အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First)  ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည်  လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင်သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ် သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။
 
 

Back to top