We'd like to send you notifications of the latest posts and updates

The 300 winners with the most winning tickets count... click here


 

ATOM Maximus အကြောင်း TikTok ရိုက်ရင်း E-Load ဆုငွေအရယူ” အစီအစဉ်တွင်
ပါဝင်ယှဥ်ပြိုင်လိုသူများအနေနဲ့  ATOM ၏ Product  အကြောင်းကို Video ရိုက်ပြီး မိမိ TikTok Account တွင်တင်ပေးရပါမယ်။

 

နမူနာဗီဒီရိုများ

စည်းကမ်းသတ်မှတ်ချက်များ

(၁) ဒီအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ATOM (အက်တမ်) TikTok Channel (https://www.tiktok.com/@atom_officialpage) ကို Like နှင့်Follow လုပ်ထားရပါမည်။  


(၂) ပါဝင်ယှဥ်ပြိုင်လိုသူများအနေနှင့်  ATOM Maximus Product  အကြောင်း Video ရိုက်ပြီး မိမိ TikTok Account တွင်  #ATOM #ATOMMaximus # FYP များကို အသုံးပြု၍ တင်ပေးရမည်။  


(၃) Video တင်ထားပြီးပါက ပါဝင်ယှဉ်ပြိုင်သူတွေအနေနှင့် သက်ဆိုင်ရာ မြို့နယ် MCL  တွေရဲ့ Viber နံပါတ်များကို မိမိ၏ဆိုင်နာမည်နဲ့ ပါဝင်ယှဉ်ပြိုင်ထားသော post link ကို ပို့ပေးထားရပါမည်။  


(၄) အစီအစဉ်ကာလမှာ စက်တင်ဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့ထိဖြစ်ပြီး ဆုရရှိသူများကို အစီအစဉ်ပြီးဆုံးပြီး  (၁)လ အကြာတွင် ATOM မှတဆင့် ကြေညာပေးပါမည်။  


(၅) အနိုင်ရရှိသူများကိုရွေးချယ်ရာတွင် ATOM Maximus Product အကြောင်း 

  • ဆန်းသစ်သောအမြင်များ၊ စိတ်ကူးစိတ်သန်းများဖြင့်ဖော်ပြနိုင်ခြင်း (အမှတ်ပေးစည်းမျဉ်း - ၁မှတ် မှ ၁၀ မှတ်အထိ) 
  • Product အကြောင်းအရာ မှန်ကန်စွာတင်ဆက်နိုင်ခြင်း (အမှတ်ပေးစည်းမျဉ်း - ၁မှတ် မှ ၁၀ မှတ်အထိ) 
  • ကောင်းမွန်သောအရည်အသွေးရှိခြင်း (အမှတ်ပေးစည်းမျဉ်း - ၁မှတ် မှ ၁၀ မှတ်အထိ) 
  • Video ကြည့်ရှုသူအရေအတွက် (အမှတ်ပေးစည်းမျဉ်း - ၁မှတ် မှ ၂၀ မှတ်အထိ) 

အစရှိသည်များကို ATOM ဘက်မှ စနစ်တကျရွေးချယ်ပြီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ Product နှင့် မသက်ဆိုင်သော ၊  ရိုင်းစိုင်းသော Video များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။  
(၆)အနိုင်ရရှိသူအား အက်တမ်မှ ၁လအတွင်း ELoad ဖြင့်တိုက်ရိုက်ဖြည့်သွင်းပေးမည်ဖြစ်ပြီး ငွေသား (သို့မဟုတ်) အခြားသော ပေးချေမှုများဖြင့် အစားထိုးချီးမြှင့်သွားမည်မဟုတ်ပါ။ ဆုငွေအနေနှင့် Region တစ်ခုစီမှ အနိုင်ရရှိသူများအတွက် ပထမဆု (၅) သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု (၁)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ပါသည်။  


(၇)  အနိုင်ရရှိသူများကို ATOM (အက်တမ်) မှ ရွေးချယ်သွားမည်ဖြစ်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ATOM (အက်တမ်) ၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ပါသည်။  


(၈) ယခုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ကြသူများ၏ TikTok Profiles များနှင့် Usernames များကို ATOM (အက်တမ်) ဘက်မှ ပြန်လည်အသုံးပြုခွင့်နှင့် အခြား မီဒီယာများတွင်လည်း ပြန်လည်ဖော်ပြခွင့် ရှိပါမည်။  


(၉)   TikTok နှင့် အခြားသော ပလက်ဖောင်းများမှ နည်းပညာဆိုင်ရာ အမှားအယွင်းကြောင့် ပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့ပါက ATOM (အက်တမ်) မှ လုံးဝတာဝန်ယူမည်မဟုတ်ပါ။ 

 

ATOM Maximus ဆိုတာဘာလဲ?

ကြိုက်ရာသုံးဖို့ဒေတာတွေအပြင် အကန့်အသတ်မရှိ Entertainment တွေနဲ့စီးမျောဖို့ ATOM Maximus 
ATOM Maximus နဲ့ဆို ကြိုက်ရာသုံးနိုင်တဲ့ ဒေတာပက်ကေ့ချ်တွေကို ၁,၉၉၉ ကျပ်ကစပြီး၀ယ်ယူလိုက်တာနဲ့ Telegram, TikTok, YouTube, ရသ, PUBG Mobile နဲ့ Mobile Legends စတဲ့ Entertainment တွေထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီးသတ်မှတ်ထားတဲ့ရက်အတွင်း အကန့်အသတ်မရှိ FREE စီးမျောနိုင်ပါပြီ..


Find Out More

Back to top