We'd like to send you notifications of the latest posts and updates
မျှဝေခံစား အက်တမ်၏ နှလုံးသား - မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း အသီးသီးကို ပံ့ပိုးကူညီခြင်း
အက်တမ် (ATOM) ၏ တာဝန်သိ လူမှုအကျိုးပြုအစီအစဥ်ရွက်မှုများသည် ကျွန်ုပ်တို့၏ ကုမ္ပဏီယဉ်ကျေးမှုတွင် အဓိ]ကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ “မျှဝေခံစား အက်တမ်၏ နှလုံးသား” လူမှုအကျိုးပြုအစီအစဥ်မှတဆင့် လူမှုဘဝများကို မြှင့်တင်ရန်၊ ပညာရေး ကဏ္ဍကို အားဖြည့်ကူညီရန်၊ ဒစ်ဂျစ်တယ် လက်လှမ်းမီမှုကို တိုးမြှင့်ရန်နှင့် လိုအပ်ချက်ရှိ နေသော လူမှုအသိုင်းအဝိုင်း များအား ကြင်နာမှုဖြင့် ဖေးမကူညီရန် ဟူသော ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို ပိုမို ခိုင်မာအောင် ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံကို နည်းပညာဖြင့်သာမက ဖေးမကူညီမှု၊ လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ကတိကဝတ်များဖြင့်ပါ ချိတ်ဆက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိတို့ ဝန်ဆောင်မှုပေးနေသော လူမှုအသိုင်းအဝိုင်း များနှင့် တသားတည်းအတူတကွ တည်ရှိနေပြီး၊ အထူးသဖြင့် အကူအညီလိုအပ်ချိန်များတွင် ရေရှည်တည်တံ့သော အပြုသဘောဆောင် သည့် အကျိုးသက်ရောက်မှုများကို ကတိပြုလုပ်ဆောင်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ လူမှုအကျိုးပြုလုပ်ငန်းများကို “လူမှုဘဝနှင့် ပညာရေး တိုးတက်ဖွံ့ဖြိုးရေး”၊ “ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်း” နှင့် “လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း” စသော မဏ္ဍိုင် (၃) ရပ်ကို အခြေခံ၍ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ မြန်မာငွေကျပ် (၉) ဘီလီယံကျော် အသုံးပြုကာ နိုင်ငံတစ်ဝှမ်း လူဦးရေ ၁,၂၀၀,၀၀၀ ကျော် ၏လူမှုဘဝများကို အကျိုးပြုမြှင့်တင်ပေးနိုင်ခဲ့ပါသည်။
အက်တမ် (ATOM) သည် တာဝန်သိ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လူမှုအဖွဲ့အစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများဖြင့် အကျိုးပြုရန်သာမက၊ လူမှုအသိုင်းအဝိုင်း . . . .
နောက်ထပ်ဖတ်ရန်
အက်တမ် (ATOM) သည် ကျောင်းသားကျောင်းသူများကို ဒစ်ဂျစ်တယ်နည်းပညာများဖြင့် စွမ်းရည်မြှင့်တင်ပေးရန်၊ ပြည်သူ့ကျန်းမာရေးကို ကူညီပံ့ပိုးပေးရန်နှင့် . . . . .
Read more
သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေသည့်ကာလအတွင်း အဆက်အသွယ် မပြတ်စေရန် အရေးကြီးသည့်အချက်အား အက်တမ် (ATOM) က နားလည်သဘောပေါက်ထားပြီး . . . . .
Read more
Back to top
Share