We'd like to send you notifications of the latest posts and updates
ATOM တွင် ဆန်းသစ်တီထွင်မှုများကို အားပေးပြီး၊ ဝန်ထမ်းတစ်ဦးချင်းစီတိုင်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကာ စည်းလုံးညီညွတ်စွာဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲများကို ဖန်တီးနိုင်သည့် လုပ်ငန်းခွင်ကောင်းတစ်ခုကို တည်ဆောက်ထားပါသည်။
သင်သည် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်မည့်သူပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းခရီးလမ်းတွင် နောက်ထပ် ခြေလှမ်းသစ်တစ်ခုတက်လှမ်းရန် ပြင်ဆင်နေသူပဲဖြစ်ဖြစ် ATOM သည် သင့်တိုးတက်မှုကို အစဉ်အလေးထားပြီး သင့်အသံကို တန်ဖိုးထားနားထောင်ပေးမည့် ပတ်ဝန်းကျင်ကောင်းကို ပံ့ပိုးပေးထားပါသည်။
ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်တိုင်းသည် သုံးစွဲသူ ပြည်သူများ အကျိုးရှိစေရန် ဝန်ထမ်းများ၏ စိတ်အားထက်သန်မှု၊ စာနာနားလည်မှု၊ ပံ့ပိုးကူညီမှုတို့ဖြင့် အဓိကတည်ဆောက်ထားပါသည်။
ATOM မှ ထိပ်တန်း အတတ်ပညာရှင်များကို လုပ်ငန်းခွင်တွင် ဦးဆောင်မည့် ခေါင်းဆောင်များမွေးထုတ်နိုင်ဖို့ ခန့်အပ်ပေးနေပါသည်။
ATOM တွင် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေလိုက်ပါ
လက်ရှိနှင့် မကြာမီ ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ပိုမိုသိရှိနိုင်ရန် ATOM ၏ Career Portal အသစ်သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။ ရရှိနိုင်သည့် အလုပ်အကိုင်ရာထူးများကို လေ့လာပြီး သင့်အတွက် သင့်လျော်သည့် အခွင့်အလမ်းကို ရှာဖွေလိုက်ပါ။
Mhyata သည် မသန်စွမ်းသူများအတွက် အဓိပ္ပာယ်ရှိသော အလုပ်အကိုင် အခွင့်အလမ်းများနှင့် လိုအပ်သော လေ့ကျင့်သင်ကြားမှုများကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည့် ဆန်းသစ်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ Mhyata သည် သီးသန့်ဒီဇိုင်းရေးဆွဲထားသော...
Read More
ATOM ၏ အထူးဖန်တီးထားသော လူငယ်အလုပ်အကိုင်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုဖြစ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများနှင့် ဘွဲ့ရပြီးစလူငယ်များ ကျောင်းပညာရေးမှ လုပ်ငန်းခွင်သို့ အောင်မြင်စွာ ကူးပြောင်းဝင်ရောက်နိုင်ရန် ပံ့ပိုးကူညီပေးမည့်...
Read More
ကျောင်းတက်နေဆဲကာလအတွင်း လုပ်ငန်းခွင်အတွေ့အကြုံ စတင်ရယူလိုသည့် ကျောင်းသားကျောင်းသူများအတွက် အက်တမ်၏ (၃) လကြာ အလုပ်သင်အစီအစဉ်ကို အထူးဖန်တီးထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမည့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံက ...
Read More
ATOM သည် လုပ်ငန်းခွင်တစ်ခုတင်မကဘဲ လူတိုင်းကို အလေးထားပြီး၊ အသံကို နားထောင်ပေးကာ၊ တန်ဖိုးထားသည့် လူမှုဝန်းကျင်တစ်ခုလည်း ဖြစ်ပါသည်။ လူတွေဟာ မိမိကိုယ်မိမိ စိတ်ချလုံခြုံမှုရှိရှိနဲ့ ကိုယ်ပိုင်ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသပြီး အတူတကွ တိုးတက်ခွင့်ရတဲ့အခါမှသာ စစ်မှန်တဲ့ ဆန်းသစ်တီထွင်မှုတွေ ဖြစ်ပေါ်လာနိုင်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။
ဝန်းကျင်တစ်ခု၏အစိတ်အပိုင်းဖြစ်သည်ဆိုသည်မှာ အသံတိုင်းအတွက် နေရာဖန်တီးပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ဤသည်မှာ မတူကွဲပြားမှုများကို လေးစားပြီး ပူးပေါင်းဆောင်ရွက်မှု၊ စာနာနားလည်မှုနှင့် တူညီသည့် ရည်မှန်းချက်များကတစ်ဆင့် ပေါင်းကူးတံတားများ တည်ဆောက်ခြင်း ဖြစ်ပါသည်။ သင်သည် ကွင်းဆင်းလုပ်ဆောင်နေသူပဲဖြစ်ဖြစ်၊ ရုံးချုပ်မှာရှိသူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်ုပ်တို့နှင့်အတူ ခရီးစဉ်ကို အခုမှ စတင်မယ့်သူပဲဖြစ်ဖြစ် သင်သည် ဤနေရာ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
မတူကွဲပြားမှုတွေကို လက်ခံကြိုဆိုပြီး၊ အားလုံးပါဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကာ၊ စစ်မှန်ပြီး နွေးထွေးမှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေဖို့ ကျွန်တော်တို့ ကတိပြုထားပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံး တစ်သားတည်းဖြစ်သည်ဟု ခံစားရသည့်အခါ ပိုမိုအောင်မြင်နိုင်ပြီး၊ အောင်ပွဲများကိုလည်း အတူတကွ ဆွတ်ခူးနိုင်မည် ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပါသည်။
ATOM တွင် ယဉ်ကျေးမှုဆိုသည်မှာ တန်ဖိုးထားရမည့် အရာတစ်ခုသာမကဘဲ အားလုံးအတူတကွ လှုပ်ရှားဆောင်ရွက်နေသည့် အသွင်ကူးပြောင်းမှုတစ်ခုလည်း ဖြစ်ပါသည်။ ဝန်ထမ်းများ ပိုမိုအောင်မြင်ပြီး၊ တစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ချိတ်ဆက်မိကာ၊ မိမိတို့၏ အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းများကို ထုတ်ဖော်နိုင်မည့် လုပ်ငန်းခွင်တစ်ခု တည်ဆောက်ဖို့ ကျွန်ုပ်တို့ အမြဲမပြတ် ပြောင်းလဲတိုးတက်လျက်ရှိပါသည်။
ခိုင်မာသည့် ယဉ်ကျေးမှုတစ်ခုဆိုသည်မှာ ယုံကြည်မှုက စတင်ပြီး၊ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကြီးထွားကာ၊ တူညီတဲ့ ရည်မှန်းချက်တွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲတာ ဖြစ်တယ်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့ ဦးဆောင်ပုံကနေ နားထောင်ပေးပုံအထိ အပြန်အလှန် ဆက်ဆံမှုတိုင်းဟာ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်း၊ သုံးစွဲသူများနှင့် လူမှုဝန်းကျင်များအတွက် ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်ကောင်းကို ပုံဖော်ပေးနေပါသည်။
ကျွန်ုပ်တို့ တိုးတက်လာတာနဲ့အမျှ အရေးအကြီးဆုံး အရာတွေဖြစ်သည့် လူသားများ၊ ရည်ရွယ်ချက်နှင့် တိုးတက်မှုများအပေါ် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါသည်။
ကျွန်ုပ်တို့ အတူတကွ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နေရုံတင် မကပါဘူး
စစ်မှန်သည့် အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေမည့် ယဉ်ကျေးမှုတစ်ရပ်ကိုပါ မြှင့်တင်မောင်းနှင်နေခြင်း ဖြစ်ပါသည်။
Back to top
Share