Environmental
အက်တမ်မြန်မာသည် သဘာဝ စနစ်နှင့် ကိုက်ညီသော နည်းလမ်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးချပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်များနှင့် ထောက်ပံ့လုပ်ငန်းများကို တိုးမြင့် အကောင်အထည် ဖော်လျက်ရှိသည်။ ဤအစီအစဉ်တွင်အဓိကပါဝင်သည်မှာ ကျွန်ုပ်တို့၏ ISO 14001 စံကို အခြေခံသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် EMS ဖြစ်ပါသည်။ အက်တမ်မြန်မာသည် ၂၀၁၆ အကုန်တွင် ထူထောင်လည်ပတ်ရန်ရည်ရွယ်ချက်ဖြင့် EMS လုပ်ငန်းများအားလုပ်ဆောင်နေပြီဖြစ်ပါသည်။
ထူထောင်ပြီးသည်နှင့် EMS သည်အက်တမ်မြန်မာအား
- အက်တမ်လုပ်ငန်းစု၏ ရာသီဥတုဆိုင်ရာ အဓိကလုပ်ဆောင်မှုအညွှန်း KPI နှင့် ငွေရေးကြေးရေးမဟုတ်သောအခြားသက်ဆိုင်သည့် KPI တို့နှင့် အညီ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများအား ဦးတည်ချက်ပန်းတိုင်များ ချမှတ်၍ စီမံခန့်ခွဲခြင်း
- အက်တမ်မြန်မာ၏ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်မှု များနှင့်ပတ်သက်၍ စာရွက်စာတမ်းများ တောင်းခံလာသော အားပေးသုံးစွဲသူများကို ဝန်ဆောင်ပေးခြင်း
- အက်တမ်လုပ်ငန်းစု၏ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်မှု များအကြောင်းများကို သိရှိလိုသော ရင်းနှီးမြူပ် နှံသူများ၊ အစိုးရများနှင့်ပညာရှင်များ သို့ အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်၍ တိကျသော ဒေတာကိုတင်ပြခြင်းတို့ကိုလုပ်ဆောင်နိုင်လာစေမည်ဖြစ်ပါသည်။
Resource Links:
https://www.ATOM.com/sustainability/responsible-business/environment-and-climate/environmental-policy/
Share