We'd like to send you notifications of the latest posts and updates
အက်တမ် (ATOM) ပညာသင်ဆုအစီအစဉ်သည် ငွေကြေးလိုအပ်ချက် ရှိပြီး ပညာရေးထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်တက္ကသိုလ်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ရည်ရွယ်ဖန်တီးထားသော အစီအစဉ်ဖြစ်ပါသည်။ အက်တမ် (ATOM) မြန်မာ သည် ထူးချွန်ထက်မြက်သည့် လူငယ်များ တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်ရန် လိုအပ်သော ငွေကြေးဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးခြင်းဖြင့် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံမျှမက လူမှုအသိုင်းအဝိုင်းအတွင်း အပြုသဘောဆောင်ကာ ရေရှည်တည်တံ့မည့် ကောင်းကျိုးများကိုပါ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။
ဤပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ သတ်မှတ်အရည်အချင်းပြည့်မီသော ကျောင်းသား/ကျောင်းသူများ လျှောက်ထားနိုင်ပြီး အောက်ပါရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပညာသင်ဆုလျှောက်ထားရန် - forms.gle/SZgDznaE95DiwJdJ9
ပညာသင်ဆုအရေအတွက် - ၁၀ ဦး
လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
Back to top
Share