We'd like to send you notifications of the latest posts and updates
ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု ပိုမိုကောင်းမွန်စေရန် အက်တမ် (ATOM) ၏ ကတိကဝတ်တစ်ရပ်အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ကလေး ၅၄ ဦးအတွက် နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ခွဲစိတ်ကုသမှုများကို ပံ့ပိုးပေးခဲ့ပါသည်။
ဤခွဲစိတ်ကုသမှုများသည် ကလေးများ၏ အစားအစာစားနိုင်ခြင်း၊ စကားပြောနိုင်ခြင်းနှင့် အသက်ရှူနိုင်ခြင်း တို့ကို ပိုမိုကောင်းမွန်စေရန် ကူညီပေးသည့်အပြင် မျက်နှာဖွံ့ဖြိုးမှုနှင့် အထွေထွေကျန်းမာကောင်းမွန်မှုကိုလည်း အထောက်အကူပြုပါသည်။
ထို့အပြင် ကုသမှုအောင်မြင်ခြင်းသည် ကလေးများ၏ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာစေရန်၊ ကျောင်းနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ပိုမိုသက်တောင့်သက်သာ ပါဝင်နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝ ရရှိနိုင်ရန် ကူညီပေးနိုင်ပါသည်။
Back to top
Share