We'd like to send you notifications of the latest posts and updates

ကွန်ပျူတာ စာသင်ခန်း (ICT Lab) များလှူဒါန်းခြင်း

အက်တမ် (ATOM) သည် ကျောင်းသားကျောင်းသူများကို ဒစ်ဂျစ်တယ်နည်းပညာများဖြင့် စွမ်းရည်မြှင့်တင်ပေးရန်၊ ပြည်သူ့ကျန်းမာရေးကို ကူညီပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များ တည်ဆောက်ပေးရန် လက်ရှိရော အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပါသည်။

 

ကွန်ပျူတာစာသင်ခန်း (ICT Lab) လှူဒါန်းမှုများတွင် လက်ပ်တော့များ၊ ပရင်တာများနှင့် အင်တာနက်ချိတ်ဆက်မှုများ ပါဝင်ပြီး ကျောင်းသားကျောင်းသူများအတွက် လက်တွေ့သင်ယူနိုင်ခွင့်နှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာသိရှိနားလည်မှုများမြှင့်တင်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။ ဤလှူဒါန်းမှုသည် ကျောင်းသားကျောင်းသူများအတွက် အကျိုးရှိစေပြီး၊ ၎င်းတို့၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ပေးမည့် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးကာ ပိုမိုတောက်ပပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ဖော်ဆောင်ရာတွင် အထောက်အကူ ပြုစေပါသည်။

Back to top