We'd like to send you notifications of the latest posts and updates

အွန်လိုင်းမှ တစ်ဆင့်ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု

ကျန်းမာရေးဝန်ဆောင်မှုများ မလုံလောက်ခြင်း သို့မဟုတ် လက်လှမ်းမမီသော ကျေးလက်နှင့် ဝေးလံခေါင်သီသော ဒေသများတွင် နေထိုင်သူများအတွက် အထူးရည်ရွယ်၍ အက်တမ် (ATOM) သည် ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုဖြစ်သော Trust Oo Co., Ltd နှင့် ပူးပေါင်းကာ ၂၀၂၂ ခုနှစ်မှစတင်၍ အခမဲ့နှင့် အကန့်အသတ်မရှိ (၂၄) နာရီ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးခြင်းဝန်ဆောင်မှုများကို အက်တမ် (ATOM)သုံးစွဲသူများအား ပေးအပ်လျက်ရှိပါသည်။

 

ATOM နံပါတ်နှင့် ‘7887’ ကို ဖုန်းခေါ်ဆိုရုံဖြင့် ကျွမ်းကျင်ဆရာဝန်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ၎င်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၇၀% နေထိုင်သော ကျေးလက်ဒေသများနှင့် လိုအပ်နေသော လူမှုအသိုင်းအဝိုင်း များအတွက် အထူးအကျိုးရှိစေပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုကို တိုးတက်စေရန် ရည်ရွယ်ပါသည်။ 

Back to top