We'd like to send you notifications of the latest posts and updates
ကျောင်းတက်နေဆဲကာလအတွင်း လုပ်ငန်းခွင်အတွေ့အကြုံ စတင်ရယူလိုသည့် ကျောင်းသားကျောင်းသူများအတွက် အက်တမ်၏ (၃) လကြာ အလုပ်သင်အစီအစဉ်ကို အထူးဖန်တီးထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမည့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံက ကော်ပိုရိတ်လုပ်ငန်းခွင်ဘဝကို စတင်ချိန်တွင် လုပ်ငန်းခွင်နှင့် ကိုက်ညီသည့် အရေးပါသော ဗဟုသုတများကို ရရှိစေရန်နှင့် စာသင်ခန်းအတွင်း သင်ယူခဲ့ရသည်များကို လုပ်ငန်းခွင်စိန်ခေါ်မှုများတွင် လက်တွေ့အသုံးချနိုင်ရန် အခွင့်အလမ်းဖြစ်စေမည် ဖြစ်ပါသည်။
အက်တမ်နှင့်အတူ (၃) လတာ ကာလအတွင်း လက်တွေ့ပရောဂျက်များတွင် ပါဝင်လုပ်ကိုင်ရမည်ဖြစ်ပြီး၊ နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှုများအတွက် အတွေးသစ် အမြင်သစ်များကို ယူဆောင်လာနိုင်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည်။
ဤအစီအစဉ်သည် ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကို တည်ဆောက်ရန်၊ လုပ်ငန်းခွင်အတွင်း အသိမိတ်ဆွေအသစ်များ ရရှိရန် နှင့် ATOM တွင် နောင်လာမည့် အခွင့်အလမ်းများအတွက် မိမိ စွမ်းဆောင်ရည်များကို သက်သေပြရန် အကောင်းဆုံးသော အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။
Back to top
Share