We'd like to send you notifications of the latest posts and updates
ချစ်ရတဲ့ မေမေ့ကို ကျေးဇူးတင်စကားနဲ့ မေတ္တာတွေ ဖော်ပြလိုက်ရအောင်!
“အမေများနေ့ ၅၂၈ မေတ္တာ ကမ်ပိန်း” ဟာဆိုရင် လူကိုယ်တိုင်ပြောဖို့ ခဲယဉ်းနေတဲ့ မေမေ့အပေါ်ထားရှိတဲ့ ကျေးဇူးတင်စကားနဲ့ ချစ်ခြင်းမေတ္တာတွေကို အမှတ်တရ Gift Card လေးတွေကတစ်ဆင့် ဝေမျှပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အခုပဲ ATOM ရဲ့ အမေများနေ့ အထူးအစီအစဉ်မှာ ပါဝင်ပြီး
မေမေ့အတွက် “၅၂သိန်း ၈သောင်းကျပ် ကံထူးနိုင်မယ့် အခွင့်အရေး❤️” ကို ရယူလိုက်ပါ။
"ရင်ထဲက မေတ္တာစကား၊ မေမေ့အတွက် မမေ့နိုင်စရာ လက်ဆောင်"
ဖြစ်လာမယ့် သင်ပြောလိုက်တဲ့ ရင်တွင်းစကားလေးတစ်ခွန်းက မေမေ့အတွက် အကြီးမားဆုံးသော Surprise တစ်ခု ဖြစ်လာနိုင်ပါတယ်။
အဆင့် (၁):
ATOM ရဲ့ ကြိုက်ရာ ၅၂၈ မေတ္တာပက်ကေ့ချ်ကို ၅၂၈ ကျပ်တည်းဖြင့် ဝယ်ယူလိုက်ပါ။ ထို့နောက် “ATOM528Love” ထံမှ Microsite လင့်ခ်ပါဝင်သော SMS ကို လက်ခံရရှိပါမည်။ (သို့) https://528metta.atom.com.mm မှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်နိုင်သည်။
အဆင့် (၂):
ရရှိလာသော SMS မှ လင့်ခ်ကိုနှိပ်ပြီး သင့်အမည်၊ မေမေ့အမည်၊ မေမေနှင့်အတူ ရိုက်ထားသော ဓာတ်ပုံနှင့်တကွ မေမေ့အတွက် ရင်တွင်းစကားများကို ဖြည့်စွက်ပါ။
အဆင့် (၃):
မိမိစိတ်ကြိုက် ဖန်တီးထားသော “မေတ္တာ Gift Card” ကို ထုတ်ယူပြီး Social Media ပေါ်တွင် ဝေမျှပါ (သို့မဟုတ်) မေမေ့ထံ တိုက်ရိုက်ပေးပို့ပြီး ဤအစီစဉ်တွင်ပါဝင်နိုင်ပါသည်။
အဆင့် (၄):
ကံစမ်းသူများထဲမှ “ကံထူးရှင် ၇ ဦး” ကိုရွေးချယ်ပြီး တစ်ဦးလျှင် ငွေသားဆု ၅.၂၈ သန်း စီချီးမြှင့်ပေးအပ်သွားပါမည်။
၅၂၈ ကျပ်တည်းဖြင့် ဝယ်ယူပြီး Lucky 528% Cashback လက်ငင်းဆုလာဘ်ကို ရယူလိုက်ပါ။
မေမေ့အတွက် ရင်ထဲကစကားများပါဝင်သော မေတ္တာ Gift Card ပြုလုပ်ပြီးလည်း ဆုငွေ “၅၂သိန်း ၈သောင်းကျပ်” ထပ်မံကံထူးနိုင်ပါပြီ။
*528# ကိုနှိပ်ပါ (သို့မဟုတ်) ATOM Store App မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။
| ATOM 528 မေတ္တာပက်ကေ့ချ်များ | |||
|---|---|---|---|
| 528 Data Pack | 528 MB (24Hours) = 528 Ks | 528% Cashback (for 24hrs use) | USSD *528*1# |
| 528 Onnet Minutes Pack | 35 Onnet-Minutes (24Hours) = 528 Ks | 528% Cashback (for 24hrs use) | USSD *528*2# |
| 528 Anynet Minutes Pack | 20 Anynet-Minutes (24Hours) = 528 Ks | 528% Cashback (for 24hrs use) | USSD *528*3# |
၁။ ဤအစီအစဉ်သည် ATOM သုံးစွဲသူများအတွက် အမေများနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းမေတ္တာစကားများ ပေးပို့နိုင်ရန် ရည်ရွယ်ပါသည်။
၂။ အသုံးပြုသူမှ မိမိ၏ အမည်၊ မေမေ့အမည်နှင့် မေမေနှင့်အတူတကွ ရိုက်ထားသော ဓာတ်ပုံများ ဖြည့်စွက်ခြင်းသည် အဆိုပါအချက်အလက်များကို ဆုတောင်းလွှာပေးပို့ခြင်းလုပ်ငန်းစဉ်အတွက် အသုံးပြုရန် သဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါမည်။
၃။ ATOM အနေဖြင့် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုကို အလေးထားပြီး ဤအစီအစဉ်အတွက်သာ သတ်မှတ်ချက်များနှင့်အညီ အသုံးပြုသွားမည်ဖြစ်ပါသည်။
၄။ အက်တမ်၏ 528 မေတ္တာ Package အား ATOM Store App (သို့မဟုတ်) *528# ကို ဖုန်းခေါ်ပြီးသော်လည်းကောင်း ကြိုက်နှစ်သက်ရာ 528 မေတ္တာ Package အားဝယ်ယူပြီး 528 မေတ္တာလင့်ခ်မှတစ်ဆင့် မေမေ့အတွက် မေတ္တာစာ Gift Card ပြုလုပ်နိုင်သကဲ့သို့ https://528metta.atom.com.mm မှတစ်ဆင့်တိုက်ရိုက်ဝင်ရောက်ပြီးလည်း မေမေ့အတွက် မေတ္တာစာ Gift Card ပြုလုပ်နိုင်သည်။
၅။ ပြုလုပ်ထားသော Gift Card အား မေမေ့အတွက် ကြိုက်နှစ်သက်ရာ Social Media Platform တွင်တင်ပြီးသော်လည်းကောင်း မေမေ့အား တိုက်ရိုက်ပေးပို့ပြီးသော်လည်းကောင်း ဤအစီအစဥ်တွင်ပါဝင်နိုင်ပါသည်။
၆။ https://528metta.atom.com.mm မှတစ်ဆင့် ဝင်ပြီး မိမိနာမည်၊ မေမေ့နာမည်၊ မေမေနှင့်အတူတူရိုက်ထားသော ဓာတ်ပုံ၊ မေမေ့အား မပြောဖြစ်ခဲ့သော ရင်ထဲမှ ကျေးဇူးတင်စကားများကို ရေးသားပြီး 528 မေတ္တာ Gift Card အား အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
၇။ ပါဝင်သူများသည် မေလ ၅ ရက်နေ့မှ မေလ ၁၀ ရက်နေ့အတွင်း 528 မေတ္တာလင့်ခ်မှတစ်ဆင့် မေမေ့အတွက် ဆုတောင်းစာ Gift Card များကို ပြုလုပ်ရမည်ဖြစ်ပြီး မေမေ့အတွက်ဆုတောင်းစာပြုလုပ်ထားသူများထဲမှာ ကံထူးရှင် (၇) ယောက်ကို ကျပန်း ရွေးချယ်ပေးသွားမည်ဖြစ်သည်။
၈။ ကံထူးရှင် (၇) ယောက်အား ဆုငွေ ၅၂ သိန်း ၈သောင်းကျပ်တိတိကို မေမေ့အားကန်တော့ရန် ဆုငွေ ချီးမြှင့်သွားမည်ဖြစ်သည်။
၉။ ကံထူးသူများအား မေလ (၁၀) ရက်နေ့တွင် ATOM Myanmar Facebook Page နှင့် ATOM Myanmar TikTok Page များတွင် ကြေညာပေးသွားမည်ဖြစ်သည်။
၁၀။ ကံထူးသူများအနေဖြင့် မိမိ နာမည်ပါလာလျှင် ATOM Facebook Page (သို့) ATOM Myanmar TikTok Page ၏ Messenger (သို့) Inbox မှတဆင့် ဆုလက်ဆောင်များရယူရန် မိမိပြုလုပ်ထားသော Gift Card နှင့်အတူ လာရောက်ဆက်သွယ်ရပါမည်။
၁၁။ ဆုငွေ ၅၂ သိန်း ၈သောင်းကျပ်အား ကံထူးရှင်ဆီသို့ တစ်လအတွင်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အခြားသောဆုများနှင့် လဲလှယ်ခွင့်ရှိမည်မဟုတ်ပါ။
၁၂။ ကံထူးသူများသည် ဆုကံထူးသူ ကြေညာပြီး (၁)လအတွင်း ATOM Facebook Page (သို့) ATOM Myanmar TikTok ၏ Messenger (သို့) Inbox မှတဆင့် ဆုငွေပေးပို့ရန် လိုအပ်သည့်အချက်အလက်များအား ပေးပို့ဆက်သွယ်ရမည်ဖြစ်ပြီး ရက် (၃၀) ကျော်မှ ဆက်သွယ်လာသော ကံထူးရှင်များသည် ကံထူးရှင်စာရင်းမှ အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်သည်။
၁၃။ ဆုကံထူးသူများကို ATOM (အက်တမ်) မှ ရွေးချယ်သွားမည်ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ATOM (အက်တမ်) ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ပါမည်။
၁၄။ ယခုအစီအစဉ်တွင် ပါဝင်ဖြေဆိုသူများ၏ နာမည်၊ မေမေ့နာမည်၊ ဓာတ်ပုံနှင့် ပေးပို့ထားသော ကျေးဇူးတင်မေတ္တာစာများကို ATOM (အက်တမ်) ဘက်မှ ပြန်လည်အသုံးပြုခွင့် နှင့် အခြား မီဒီယာများတွင်လည်း ပြန်လည် ဖော်ပြခွင့် ရှိပါသည်။
၁၅။ Facebook နှင့် အခြားသော ပလက်ဖောင်းများမှ နည်းပညာဆိုင်ရာ အမှားအယွင်းကြောင့် ပြိုင်ပွဲအပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့ပါက ATOM (အက်တမ်) မှ တာဝန်ယူမည် မဟုတ်ပါ။
၁၆။ ယခုအစီအစဉ်တွင် ATOM (အက်တမ်) နှင့် ATOM (အက်တမ်) ဆက်စပ်လုပ်ငန်းများမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။
ATOM အသုံးပြုသူများအတွက် အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် မေမေ့ထံ ရင်တွင်းစကားများပါဝင်သည့် “မေတ္တာ Gift Card” များ ဖန်တီးပေးပို့ရင်း ဆုငွေ ၅၂ သိန်း ၈ သောင်းကျပ် (၇) ယောက်တိတိ ကံစမ်းနိုင်မည့် အထူးအစီအစဉ် ဖြစ်ပါသည်။
ဤအစီစဉ်တွင်ပါဝင်ရန် -
အဆင့် (၁): ATOM ရဲ့ ကြိုက်ရာ ၅၂၈ မေတ္တာပက်ကေ့ချ်ကို ၅၂၈ ကျပ်တည်းဖြင့် ဝယ်ယူလိုက်ပါ။ ထို့နောက် “ATOM528Love” ထံမှ Microsite လင့်ခ်ပါဝင်သော SMS ကို လက်ခံရရှိပါမည်။ (သို့) https://528metta.atom.com.mm မှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်နိုင်သည်။
အဆင့် (၂): ရရှိလာသော SMS မှ လင့်ခ်ကိုနှိပ်ပြီး သင့်အမည်၊ မေမေ့အမည်၊ မေမေနှင့်အတူ ရိုက်ထားသော ဓာတ်ပုံနှင့်တကွ မေမေ့အတွက် ရင်တွင်းစကားများကို ဖြည့်စွက်ပါ။
အဆင့် (၃): မိမိစိတ်ကြိုက် ဖန်တီးထားသော “မေတ္တာ Gift Card” ကို ထုတ်ယူပြီး Social Media ပေါ်တွင် ဝေမျှပါ (သို့မဟုတ်) မေမေ့ထံ တိုက်ရိုက်ပေးပို့ပြီး ဤအစီစဉ်တွင်ပါဝင်နိုင်ပါသည်။
သင့်အမည်၊ မေမေ့အမည်၊ မေမေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ မေမေ့ကိုပြောချင်တဲ့ ရင်တွင်းစကားများ လိုအပ်ပါသည်။
အဆင့် (၁) : https://528metta.atom.com.mm လင့်ခ်ထဲသို့ဝင်ရောက်ပါ။
အဆင့် (၂) : ပထမဆုံးစာမျက်နှာရှိ "ဒီနေရာကိုနှိပ်ပါ" ခလုတ်ကို နှိပ်ပါ။
အဆင့် (၃) : သင့်နာမည်၊ ကျား (သို့) မ ကိုရွေးချယ်ပါ။ မေ့မေ့နာမည်ထည့်သွင်းပြီး ထည့်သွင်းထားသော အချက်အလက်များအားခွင့်ပြုကြောင်း နှိပ်ကာ "ရှေ့သို့" ခလုတ်ကိုနှိပ်ပါ။
အဆင့် (၄) : မေမေ့ကို နှုတ်နဲ့ ကိုယ်တိုင် မပြောပြခဲ့သော မေမေ့ကို ပြောပြချင်သည့် ရင်ထဲက စကားများကိုရေးပါ။ စာလုံး (၄၀၀) အထိ ရေးနိုင်သည်။ ထို့နောက် "Gift Card" ဖန်တီးရန် "အမေများနေ့ဆုတောင်းဖန်တီးမယ်" ခလုတ်အားနှိပ်ပါ။
အဆင့် (၅) : မေမေနှင့် အတူတကွရိုက်ထားသော အမှတ်တရဓာတ်ပုံအား ထည့်သွင်းပါ။ "ရှေ့သို့" ခလုတ်အားနှိပ်ပါ။
အဆင့် (၆) : ဓာတ်ပုံအား ဒေါင်းလုပ်ရယူပြီး မေမေ့ဆီသို့ သီးသန့်ပို့နိုင်သကဲ့သို့ ကြိုက်နှစ်သက်ရာ ဆိုရှယ်မီဒီယာတွင့် ဖြန့်ဝေပြီးလည်း ယခုအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။
မေတ္တာ Gift Card များကို မေလ ၅ ရက်နေ့မှ မေလ ၁၀ ရက်နေ့အတွင်း ဖန်တီးပြီး ပေးပို့ရပါမည်။
ကံစမ်းသူများထဲမှ ကံထူးရှင် (၇) ဦး ကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး၊ ကံထူးရှင်တစ်ဦးစီအတွက် မေမေ့ကို ဂါရဝပြုလက်ဆောင်ပေးနိုင်ရန် ငွေသားဆု ၅၂သိန်း ၈သောင်းကျပ် တိတိစီ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
ကံထူးရှင်များကို မေလ ၁၀ ရက် (အမေများနေ့) တွင် ATOM Myanmar ၏ တရားဝင် Facebook Page နှင့် TikTok Page တို့တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
ကံထူးရှင်များသည် ATOM ၏ Facebook Messenger သို့မဟုတ် TikTok Inbox မှတစ်ဆင့် ဆက်သွယ်ရပါမည်။ မိမိဖန်တီးထားသော Gift Card နှင့် လိုအပ်သည့် အချက်အလက်များကို ကြေညာသည့်နေ့မှ (၁) လအတွင်း ပေးပို့ရပါမည်။ သတိပြုရန် - ရက်ပေါင်း ၃၀ အတွင်း ဆက်သွယ်ခြင်းမရှိပါက ဆုရရှိပိုင်ခွင့်မှ အလိုအလျောက် ပယ်ဖျက်ခြင်း ခံရပါမည်။
မရပါ။ ငွေသားဆု ၅,၂၈၀,၀၀၀ ကျပ်ကိုသာ ချီးမြှင့်မည်ဖြစ်ပြီး အခြားဆုများ၊ ဖုန်းဘေလ်များနှင့် လဲလှယ်၍ မရနိုင်ပါ။
စိတ်ချရပါသည်။ ATOM အနေဖြင့် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို အလေးထားပါသည်။ ဤအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ပေးပို့ထားသော အမည်နှင့် ဓာတ်ပုံများကို အစီအစဉ်၏ ရည်ရွယ်ချက်အတွက် အသုံးပြုရန် သဘောတူညီပြီး ဖြစ်သော်လည်း၊ ATOM မှ အဆိုပါ အချက်အလက်များကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီသာ အသုံးပြုမည် ဖြစ်ပါသည်။
ATOM အသုံးပြုသူတိုင်း ပါဝင်နိုင်ပါသည်။ သို့သော် ATOM နှင့် ၎င်း၏ မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်းများ ပါဝင်ခွင့် မရှိပါ။
Back to top
Share