We'd like to send you notifications of the latest posts and updates
ATOM သည် သုံးစွဲသူများအား အဆင်ပြေစွာဖြင့် ကြိုက်ရာပြည်တွင်း ဖုန်းနံပါတ်များအားလုံးကို ဖုန်းခေါ်ဆိုနိုင်စေမည့် တော်ကီစုဘူး ပက်ကေ့ချ်များကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဤပက်ကေ့ချ်များသည် ရွေးချယ်စရာသုံးခုကို ပေးဆောင်ပြီး သက်တမ်းအားဖြင့် (၅)ရက်၊ (၁၀)ရက်နှင့် (၃၀)ရက် အသီးသီးရှိပြီး အသုံးမပြုလိုက်ရသေးသည့် လက်ကျန်မိနစ်များ သယ်ဆောင်ခွင့်သက်တမ်းမှာ (၇)ရက် ဖြစ်သည်။ သက်တမ်းကုန်ဆုံးရက်မှ (၇)ရက် အတွင်း နောက်ထပ် (ကြိုက်နှစ်သက်ရာ) တော်ကီစုဘူးကို ဝယ်ယူပါက လက်ကျန်မိနစ်များကို ဝယ်ယူမှုအသစ်နှင့် ပေါင်းစည်းသွားမည်ဖြစ်သည်။
တော်ကီစုဘူး ရွေးချယ်စရာများ
ဝယ်ယူသူများသည် USSD (*666*2#)၊ ATOM Store App နှင့် ATOM Website အပါအဝင် ချန်နယ်အမျိုးမျိုးမှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။
ဤပက်ကေ့ချ်များအတွက် တစ်ကြိမ်ထက်ပိုသော ဝယ်ယူမှုအား ခွင့်ပြုထားပြီး အကျိုးခံစားခွင့်များကို ပေါင်းစပ်ကာ အကောင်းဆုံးသက်တမ်းအထိ တိုးမြှင့်နိုင်စေပါသည်။
အက်တမ်၏ “တော်ကီစူဘူး” သည်ပြည်တွင်းကြိုက်ရာဖုန်းနံပါတ်များ စျေးနှုန်းသာစွာစိတ်တိုင်းကျ ခေါ်ဆိုနိုင်သည့်အပြင် လက်ကျန်မိနစ်များကိုလည်း သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ပေါင်းစည်းသယ်ဆောင်နိုင်မည့် အစီအစဉ် ဖြစ်ပါသည်။
တော်ကီစူဘူး၏ ပက်ကေ့ခ်ျ သက်တမ်းများမှာ (၅)ရက်, (၁၅)ရက် နှင့် (၃၀)ရက် အသီးသီးဖြစ်ကြပြီး ထိုပက်ကေ့ခ်ျများ၏ သက်တမ်းတိုး သယ်ယူခွင့် ကာလမှာ (၇)ရက် ဖြစ်ပါသည်။
တော်ကီစူဘူး၏ ပက်ကေ့ချ် သက်တမ်းအတွင်းတွင် ဝယ်ယူထားသောလက်ကျန်မိနစ်များ ကိုအသုံးပြုနိုင်ပါသည်။ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီး နောက် သယ်ယူခွင့် သက်တမ်း(၇)ရက်တွင် လက်ကျန်မိနစ်များ ဆက်လက်ရှိနေပြီးအသုံးပြုလိုပါက ထို(၇)ရက် တော်ကီစူဘူး ပက်ကေ့ချ် အသစ် တစ်ခုထပ်မံ ဝယ်ယူပြီး ရရှိသောမိနစ်များ နှင့် လက်ကျန်မိနစ်များ စုပေါင်းသွားပြီး ဆက်လက် အသုံးပြု နိုင်ပါသည်။
ဝယ်နိုင်ပါသည်။ ၀ယ်ယူရရှိသော တော်ကီစူဘူး၏ မိနစ်များနှင့် လက်ကျန်မိနစ်များမှာ စုပေါင်းသွားပြီး အများဆုံး သက်တမ်းအား ရရှိမည်ဖြစ်ပါသည်။
လက်ရှိရောင်းချနေသော ချန်နယ်လ်များမှာ - USSD : *666*2# ၊ ATOM Store App၊ *124# (iBCN)၊ အထွက်ခေါ်ဆိုမှုများ ပြီးချိန်တွင် ဝယ်ယူနိုင်သော ချန်နယ်လ် (iPCN) ၊ Website နှင့် E-Load/Power Load (*1#)
ပြည်ထောင်စု၏အခွန်ကောက်ဥပဒေပြင်ဆင်ချက်အရ ဖုန်းခေါ်ဆိုမှုအတွက် အခွန် ၅% ပေးဆောင်ရပါမည်။
ပမာဏကန့်သတ်ချက်မရှိပါ။ အပိုဆုငွေကို သက်မှတ်ထားသောပက်ကေ့ချ်များ ဝယ်ယူသည့်အချိန်တိုင်း လက်ခံရရှိမည်ဖြစ်ပါသည်။
အပိုဆုငွေကို ဒေတာ၊ အက်တမ်ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများတွင် သုံးသလောက်ပေးနှုန်းထားဖြင့် သုံးစွဲနိုင်ပါသည်။
“တော်ကီစူဘူး အလိုအလျောက်သက်တမ်းတိုး” ပက်ကေ့ချ်များ သည် တစ်ကြိမ်ထပ်ပိုသော ထပ်မံဝယ်ယူခြင်းများကို ပြုလုပ်နိုင်ပြီး တော်ကီစူဘူးဖုန်းပြောမိနစ်လက်ကျန် (၁၀) မိနစ်အောက်ရောက်သည်နှင့် (သို့) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်စျေးနှုန်းအတိုင်း လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ လက်ကျန်ငွေလုံလောက်မှုမရှိပါက အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမှု မအောင်မြင်နိုင်ပါ။
အလိုအလျောက်သက်တမ်းတိုးခြင်း ဝန်ဆောင်မှုပါရှိသောကြောင့် သက်တမ်းကုန်ဆုံးသွားချိန် ထပ်မံဝယ်ယူစရာ မလိုဘဲ ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက အလိုအလျောက်သက်တမ်းတိုး ဝယ်ယူပေးသွားမည်ဖြစ်သဖြင့် သုံးသလောက်ပေး နှုန်းထားဖြင့် လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ကို စိတ်ပူရန်မလိုတော့ပါ။
“တော်ကီစူဘူး အလိုအလျောက်သက်တမ်းတိုး” ပက်ကေ့ချ်များ သည် တစ်ကြိမ်ထပ်ပိုသော ထပ်မံဝယ်ယူခြင်းများကို ပြုလုပ်နိုင်ပြီး တော်ကီစူဘူးဖုန်းပြောမိနစ်လက်ကျန် (၁၀) မိနစ်အောက်ရောက်သည်နှင့် (သို့) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည်ဖြစ်ပြီး ဝယ်ယူထားသော ပက်ကေ့ချ်စျေးနှုန်းအတိုင်း လက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ လက်ကျန်ငွေလုံလောက်မှုမရှိပါက အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမှု မအောင်မြင်နိုင်ပါ။
အောက်ပါ သက်ဆိုင်ရာ USSD code မှတစ်ဆင့်ခေါ်ဆို၍ ပယ်ဖျက်နိုင်ပါသည်-
တော်ကီစူဘူး ၄၂ မိနစ် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကိုပယ်ဖျက်ရန် *8022*15#
ထူးရှယ်ပြော ၁၅၁ မိနစ် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကိုပယ်ဖျက်ရန် *8022*16#
ထူးရှယ်ပြော ၂၆၃ မိနစ် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကိုပယ်ဖျက်ရန် *8022*17#
*979*4*7# ကိုခေါ်ဆိုပြီး မျှဝေနိုင်ပါသည်။
တစ်ကြိမ်လျှင် အနည်းဆုံး ၅ မိနစ် မှ အများဆုံး ၂၀ မိနစ် အထိသာ မျှဝေနိုင်ပါသည်။
တစ်ကြိမ်မျှဝေလျှင် ၀န်ဆောင်ခ ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ကောက်ခံပါမည်။
တော်ကီစုဘူး နှင့် ထူးရှယ်ပြော နှစ်ခုလုံးအတွက် တစ်ရက်လျှင် ၅ ကြိမ်သာ မျှဝေနိုင်ပါသည်။
ဖုန်းပြောမိနစ်ကို အက်တမ်နံပါတ်အချင်းချင်းသာ မျှဝေနိုင်ပါသည်။
Back to top
Share