We'd like to send you notifications of the latest posts and updates

အက်တမ်၏ “ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး”


နှစ်သစ်မှာ စုစုပေါင်းငွေသားကျပ်သိန်း (၁၂,၀၀၀) ပိုင်ဆိုင်နိုင်ပြီး စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အက်တမ်ရဲ့ ကံထူးရင်းကံမြူး အစီအစဥ်ကြီး ယူဆောင်လာပါပြီ!!

 

ATOM ရဲ့ အကြီးမားဆုံး "ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး" အစီအစဉ်ကြီးမှာ ပါဝင်ပြီး စုစုပေါင်းငွေသားကျပ်သိန်း (၁၂,၀၀၀) ဆုကြီးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုလက်ဆောင်တွေကို ဆွတ်ခူးရယူဖို့ ...


ကြိုက်နှစ်သက်ရာ channel ကနေ ၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်တစ်ခုခု ဝယ်ယူလိုက်ရုံပါပဲ။ 
ဒါ့အပြင် 'Angel Hours' အတွင်း ပက်ကေ့ချ်၀ယ်ယူသူတိုင်းအတွက်  ကံထူးခွင့် (၂) ဆ တောင် ရရှိဦးမှာဖြစ်လို့ အခုပဲ ပါဝင်လိုက်ရအောင်!

 

“အထူးဆုကြီး”

သိန်း ၁၀၀၀ ကျပ် 

“ထပ်ဆောင်း အကျိုးခံစားခွင့်များ”

  • Angel Hours တွေမှာ ကံထူးခွင့် (၂) ဆ - သတ်မှတ်ချိန်များဖြစ်သော (⏰၁၁:၁၁၊ ၁:၁၁၊ ၂:၂၂၊ ၃:၃၃၊ ၄:၄၄၊ ၅:၅၅ စသဖြင့်) အချိန်များတွင် ဝယ်ယူပါက ကံစမ်းမဲလက်မှတ် (၂) ဆ ရရှိပါမည်။ 
  • ဝယ်ယူမှုတိုင်းတွင် အပိုထပ်ဆောင်း ATOM Star ပွိုင့် ၂ဆ လဲရရှိပါမည်။

"များများဝယ်လေလေ၊ လက်မှတ်တွေ ပိုရလေလေ ... ကံထူးဖို့ အခွင့်အရေး ပိုများလေလေပဲနော်"


အခုပဲဝယ်ယူရန် (https://bit.ly/45DT2ck)


ကံထူးခွင့်လက်မှတ်များကို ကြည့်ရန် ဒီကို နှိပ်ပါ။


ကံထူးခွင့် လက်မှတ် အရေအတွက်အများဆုံးပိုင်ဆိုင်ထားတဲ့သူ အယောက် ၃၀၀ ကို ကြည့်ရန် ဒီကို နှိပ်ပါ။

 

လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ

 ၁)    ဤအက်တမ်၏  အထူးပရိုမိုးရှင်း အစီအစဉ်တွင် အက်တမ်  စီးပွားရေးသုံး ကြိုတင်ငွေပေး ဆင်းကဒ် (Prepaid SIM ကဒ်) (သို့မဟုတ်) အက်တမ်မိုဘိုင်း ကြိုတင်ငွေပေး သုံးစွဲသူများ နှင့် ဘရော့ဘန် (Broadband) သုံးစွဲသူများ သာ ပါဝင် ကံစမ်းနိုင်ပါသည်။
၂)    ATOM မိုဘိုင်းနံပါတ်ဖြင့်မှတ်ပုံတင်ထားသော ATOM Broadband သုံးစွဲသူများသည်  အက်တမ် ၏ အထူးအရောင်းမြှင့်တင်ခြင်း အစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည် (“သုံးစွဲသူများ”)။ အခြား မိုဘိုင်းအော်ပရေတာများ၏ နံပါတ်များဖြင့် မှတ်ပုံတင်ထားသော သုံးစွဲသူများ သည် ယခု ပရိုမိုးရှင်းတွင် ပါဝင်ခွင့်မရှိပါ။ မှတ်ပုံတင်ထားသော  အက်တမ် ဖုန်းနံပါတ်ဖြင့် ဝယ်ယူမှုအတွက် အတည်ပြုနိုင်သည့် ဝန်ဆောင်မှု များတွင် Fiber, Wireless နှင့် Flexi Net တို့ပါဝင်သည်။ ယခုဝယ်ယူရန် - broadband.atom.com.mm
၃)    တရားဝင်  အက်တမ် ဝက်ဘ်ဆိုဒ် သို့မဟုတ် အက်တမ် Power app မှတဆင့် မှတ်ပုံတင်ထားသော အက်တမ် မိုဘိုင်းနံပါတ်ကိုသာ Broadband ဝန်ဆောင်မှုများ၏ တရားဝင်ပိုင်ရှင်အဖြစ် အသိ အမှတ်ပြုပါမည်။ အသုံးပြုသူအမှန်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ဝန်ဆောင်မှုရယူရန် မှတ်ပုံတင်ထားသော အက်တမ် နံပါတ်ကိုသာ ပိုင်ရှင်ဖြစ်ကြောင်းအတည်ပြုပါမည်။
၄)    ယင်း အက်တမ်ဆင်းကဒ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ် အရ တရားဝင်မှတ်ပုံတင်ထားပြီး ဖြစ်ရပါမည်။ (သို့မဟုတ်)  ATOM မှ ကံထူးရှင်များ၏ အက်တမ်ဆင်းကဒ်အား အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှုတို့အား  စစ်ဆေး၊ မေးမြန်းနိုင်သည့် လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ ထိုသို့  အမှန်တကယ်ပိုင်ဆိုင်မှု နှင့် လက်ရောက်ပိုင်ဆိုင်မှု တို့အား အက်တမ်၏  ကျေနပ်မှု ရှိမှသာလျှင် ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ရန် ကမ်းလှမ်းနိုင်သည်။ ယင်းသို့ စစ်ဆေး၊ မေးမြန်းခြင်းအား အက်တမ်၏  အကျိုးအကြောင်းဆီလျော်သော ကျေနပ်မှု မရှိပါက အက်တမ်မှ ကံထူးရှင်များအား အထူးဆုကြီးများ နှင့် အပါတ်စဉ်ကံထူးဆုများ (သို့မဟုတ်) ဤအထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများအား ပေးအပ်ခြင်းအား ငြင်းပယ်နိုင်သည်။
၅)    ဤအထူးပရိုမိုးရှင်း အစီအစဉ်အား အက်တမ်မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များ၊ အက်တမ် အက်ပလီကေးရှင်းအား အသုံးပြုနေသော အရောင်းကိုယ်စားလှယ်များ ကို ပါဝင်ကံစမ်းခွင့်မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိသူများအား အက်တမ်မှ တစ်ဦးတည်း ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။ 
၆)    ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် ပါဝင်ရန် ကြိုက်နှစ်သက်ရာ channels မှ ၉၉၉ ကျပ်နှင့်အထက် မည့်သည့် အက်တမ် ပက်ကေ့ချ်ကို မဆို နှစ်သက်ရာ နည်းလမ်း (သို့) POS, Banking, e-Wallets channels များမှတစ်ဆင့် (သို့) ဖုန်းဘေလ်လက်ကျန် (သို့) အက်တမ်ကြိုသုံး လက်ကျန်ကို အသုံးပြုပြီး ဝယ်ယူရန်လိုအပ်ပါသည်။
၇)    ယခု အထူးပရိုမိုးရှင်း အစီအစဉ် ကျင်းပနေသည့်ကာလအတွင်း ATOM Prepaid သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ channels (ATOM Store App, USSD, Eload & POS Store, Kwat Ti Po Ya *1#, IVR, SMS, ATOM  Website, iPCN, iBCN) မှ ကြိုက်နှစ်သက်ရာ ၉၉၉ ကျပ်နှင့်အထက် ပက်ကေ့ချ်များအား ဝယ်ယူရန် လိုအပ်ပြီး၊ ထိုသို့ ဝယ်ယူသူတိုင်း အတွက်သာ ကံစမ်းမဲအစီအစဉ်ဖြစ်သည့် အက်တမ်၏ “ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး” အထူးပရိုမိုးရှင်း အစီအစဉ်တွင် ကံစမ်းခွင့်ကို အထူးဆုများနှင့် အပတ်စဉ် ချီးမြှင့်သည့် ဆုများ (သို့မဟုတ်) ဤ အထူးပရိုမိုးရှင်း အစီအစဉ်မှ ပေးအပ်သောဆုများ အဖြစ် ရယူနိုင်ပါသည်။ ဤ အထူးပရိုမိုးရှင်း  အစီအစဉ်အတွက် ကျင်းပသောကာလမှာ - (၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်) မှ (၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၆ ခုနှစ်) နေ့အထိ  ဖြစ်ပါသည်။  အက်တမ်မှ ယင်း အထူးပရိုမိုးရှင်း အစီစဉ်အတွက် ကျင်းပသောကာလအား မည်သည့်အချိန်တွင်မဆို သက်တမ်းတိုးနိုင်၊ လျှော့နိုင် ပါသည်။
၈)      ဤအထူးပရိုမိုးရှင်း အစီအစဉ်တွင် ဘရော့ဘန် (Broadband) သုံးစွဲသူများသည်  မည်သည့် နည်းလမ်း channels မှ မဆိုငွေပေးချေမှုအားပြီး မြှောက်အောင် ဆောင်ရွက်ရပါမည်။ FTTH သုံးစွဲသူအသစ်များ ပါဝင်နိုင်ရန်အတွက် မည်သည့် အက်တမ်ဘရော့ဘန် (Broadband) ပက်ကေ့ချ်ထုတ်ကုန်အား ဝယ်ယူမှုတွင် ပြီးမြှောက်အောင် တပ်ဆင်၊ အတည်ပြုပြီးမှသာ ပါဝင်နိုင်ပါမည်။ 

Frequently Asked Questions:

အက်တမ်ဖုန်း ကြိုတင်ငွေပေး ဆင်းကဒ် (Prepaid SIM ကဒ်) သုံးစွဲသူများ နှင့် ဘရော့ဘန် (Broadband) သုံးစွဲသူများ သာ ပါဝင် ကံစမ်းနိုင်ပါသည်။

ဤပရိုမိုးရှင်းတွင် ပါဝင်ရန် ကြိုက်နှစ်သက်ရာ channels မှ ၉၉၉ ကျပ်နှင့်အထက် မည့်သည့် အက်တမ် ပက်ကေ့ချ်ကို မဆို နှစ်သက်ရာ နည်းလမ်း (သို့) POS, Banking, eWallets channels များမှတစ်ဆင့် (သို့) ဖုန်းဘေလ်လက်ကျန် (သို့) အက်တမ်ကြိုသုံး လက်ကျန်ကို အသုံးပြုပြီး ဝယ်ယူရန်လိုအပ်ပါသည်။

အက်တမ်ဖုန်း ကြိုတင်ငွေပေး ဆင်းကဒ် (Prepaid SIM ကဒ်) အသုံးပြုသူများသည် ပရိုမိုးရှင်းကာလအတွင်း 999 ကျပ်နှင့် အထက် တန်ဖိုးရှိ ပက်ကေ့ချ်များကို ATOM Store App၊ USSD၊ Eload & POS Store၊ Kwat Ti Po Ya *1#၊ IVR၊ SMS၊ ATOM Myanmar Website၊ iPCN၊ iBCN အပါအဝင် မည်သည့် channel မှမဆို ဝယ်ယူခြင်းဖြင့် အက်တမ်၏ "ကံထူးရင်းကံမြူး၊ သိန်းသောင်းချီဆွတ်ခူး" အစီအစဉ်၏ ဆုကြီးများ ကံထူးရန် ကံစမ်းခွင့်ရရှိမည်ဖြစ်ပါသည်။

အထူးဆုကြီး
(၁) လတစ်ကြိမ် သိန်း ၁၀၀၀ ကျပ် - (၁) ဆု 

“ထပ်ဆောင်း အကျိုးခံစားခွင့်များ”
-   အကျုံးဝင်သော ပက်ကေ့ချ်ဝယ်ယူမှုတိုင်းတွင် အပိုထပ်ဆောင်း ATOM Star ပွိုင့် ၂ဆ ရရှိပါမည်။
-  ထို့အပြင် Angel Hours တွေမှာ ကံစမ်းခွင့်လက်မှတ် (၂) ဆ - သတ်မှတ်ချိန်များဖြစ်သော (⏰၁၁:၁၁၊ ၁:၁၁၊၂:၂၂၊ ၃:၃၃၊ ၄:၄၄၊ ၅:၅၅ စသဖြင့်) အချိန်များတွင် ဝယ်ယူပါက ကံစမ်းခွင့်လက်မှတ် (၂) ဆ ကိုရရှိပါမည်။ 

ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက်ရာ channel မှ 999 ကျပ်နှင့် အထက် ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အပတ်စဉ် ဆုမဲများနှင့် အထူးဆုကြီး အတွက် ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်သည်။ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

ကံထူးရှင်များကို ATOM Myanmar Call Center 09-750097500 မှ ပရိုမိုးရှင်းကာလအတွင်း (သို့မဟုတ်) အပြီးတွင် ဆက်သွယ်ပေးမည်ဖြစ်သည်။

ပရိုမိုးရှင်းကာလ -  ဇန်နဝါရီလ ၁၅ ရက် ၂၀၂၆ ခုနှစ် မှ မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ် အထိ  

Kwat Ti Po Ya မှသာမက အခြား channel များမှလည်း 999 ကျပ်နှင့် အထက် တန်ဖိုးရှိ ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်များဝယ်ယူခြင်းများအားလုံးသည် ဤအစီအစဉ်တွင် အကျုံးဝင်ပါသည်။

Kyo Thone သည် ယခု အစီအစဉ်တွင် အကျုံးမဝင်ပါ။ သို့သော် Kyo Thone ရရှိငွေကို အသုံးပြု၍ 999 ကျပ်နှင့် အထက် အက်တမ်ပက်ကေ့ချ်များကို ဝယ်ယူပါက ဤအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။

ဝယ်ယူထားသော အက်တမ်ပက်ကေ့ချ်၏ တန်ဖိုးအလိုက် အောက်ပါဆုမဲ အရေအတွက်များကို ရရှိနိုင်ပါသည်။ 

 

အကျုံးဝင်သည့် ပက်ကေ့ချ်ဝယ်ယူမှုနှုန်းထားများ (ကျပ်) ရရှိနိုင်မည့် လက်မှတ် အရေအတွက်
999 - 1997 1
1998 - 2000 2
2001 - 2001 25
2002 - 3995 3
3996 - 4994 4
4995 - 5993 5
5994 - 6992 6
6993 - 7991 7
7992 - 8990 8
8991 - 9989 9
9990 - 10988 10
10989 - 11987 11
11988 - 12986 12
12987 - 13500 13
13501 - 13501 35
13502 - 14984 14
14985 - 15983 15
15984 - 16982 16
16983 - 17981 17
17982 - 18980 18
18981 - 19979 19
19980 - 20978 20
20979 - 21986 21
21987 - 22996 22
22997 - 23975 23
> 23976 24

အထူးအခွင့်အရေးအနေနဲ့ Angle Hours မှာ 999 ကျပ်နှင့် အထက်ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်များ၀ယ်ယူသူတိုင်း ကံစမ်းခွင့်လက်မှတ် (၂) ဆ ရရှိမှာဖြစ်ပြီး Angle Hours တွေကတော့ (1:11 AM, 2:22 AM, 3:33 AM, 4:44 AM, 5:55 AM, 11:11 AM, 1:11 PM, 2:22 PM ,3:33 PM, 4:44 PM, 5:55 PM, 11:11 PM) အချိန်တွေပဲဖြစ်ပါတယ်။

ပါဝင်ကံစမ်းတဲ့သူက အက်တမ်ဖုန်း ကြိုတင်ငွေပေး ဆင်းကတ် နှင့် ဘရော့ဘန် (Broadband) နှစ်မျိုးလုံးကိုသုံးစွဲတဲ့သူဖြစ်နေခဲ့ရင် ATOM Store App၊ ATOM Power App၊ Lucky Chance Web Portal နဲ့ USSD တို့တွင် စစ်ဆေးနိုင်ပြီးတော့ တူညီတဲ့ ကံစမ်းမဲအရေအတွက်ကိုဘဲပြပေးမှာ ဖြစ်ပါသည်။

ပါဝင်ကံစမ်းတဲ့သူက  ဘရော့ဘန် (Broadband) သုံးစွဲတဲ့သူဖြစ်နေခဲ့ရင် ATOM Power App နဲ့ Lucky Chance Web Portal တွင်သာ ကံစမ်းမဲအရေအတွက်ကို စစ်ဆေးနိုင်ပြီးတော့ တူညီတဲ့ ကံစမ်းမဲအရေအတွက်ကိုဘဲပြပေးမှာဖြစ်ပါသည်။

အက်တမ်မြန်မာ မှ (၁)လတစ်ကြိမ် အထူးဆုကြီး  ရွေးချယ်ပွဲ အချိန်နှင့် နေ့ရက်ကို ကြိုတင်ကြေညာပေးမည်ဖြစ်သည်။

အရေအတွက် အကန့်အသတ် မရှိပါ။ ပက်ကေ့ချ်များများ ဝယ်လေ အထူးဆုကြီး  သိန်း(၁,၀၀၀) ကျပ်ကံထူးနိုင်ဖို့အတွက် အခွင့်အရေးပိုရလေပဲ ဖြစ်ပါသည်။

Ticket count ကို App (daily 1st time login)/ USSD *9900#/ Web https://luckychance.atom.com.mm တို့မှာ စစ်လို့ရပါတယ်။

Ticket Number ကို Web https://luckychance.atom.com.mm တစ်ခုထဲတွင် စစ်ဆေးလို့ရပါမည်။

အက်တမ်မြန်မာ၏ တရားဝင်ဆိုရှယ်မီဒီယာများမှ (သို့မဟုတ်) ATOM Myanmar Call Center 979 (ATOM ဖုန်း) သို့မဟုတ် 09750097500 (အခြားလိုင်းများ) သို့ ဆက်သွယ်နိုင်ပါသည်။

450

Back to top