We'd like to send you notifications of the latest posts and updates

uab သောကကင်း‌ဝေး TelcoCare အသက်အာမခံ

မိသားစုနဲ့ချစ်ရသူတွေအတွက် လုံခြုံစိတ်ချပြီး သောကဝေးတဲ့ အနာဂါတ်ဘဝလေး ပိုင်ဆိုင်နိုင်စေဖို့ uab သောကကင်းဝေး TelcoCare အသက်အာမခံကို ရယူနိုင်ပါပြီ။

 

သောကကင်းဝေး အသက်အာမခံဆိုတာ ဖြစ်လာနိုင်တဲ့ သေဆုံးခြင်း၊ ထာဝစဥ်လုံးဝ မသန်စွမ်းခြင်းနဲ့ မတော်တဆမှုတွေ‌ကြောင့် ဖြစ်နိုင်သော သင်နဲ့သင့်မိသားစုရဲ့ ငွေကြေး ဝန်ထုပ်ဝန်ပိုးတွေကို ကာကွယ်နိုင်မယ့် အသက်အာမခံအစီအစဥ်တစ်ခု ဖြစ်ပါတယ်။

 
uab သောကကင်းဝေး TelcoCare အသက်အာမခံကို ATOM Store App (သို့) ATOM ဝက်ဘ်ဆိုက်ရဲ့ ATOM Insurance မှာ လွယ်ကူစွာ ရယူနိုင်ပါပြီ။

၀ယ်ယူရန်

 

Telco လက်ဆောင် အချက်အလက်

uab သောကကင်းဝေး အသက်အာမခံ Package ကို ဝယ်ယူသူများသည် ပေးသွင်းသည့် Premium ကြေးအဆင့်အလိုက် အောက်ပါ Telco လက်ဆောင်များကို ရရှိနိုင်ပါသည်။

  • Premium 30,000 ကျပ်အထိ – ATOM to ATOM မိနစ် 160
  • Premium 80,000 ကျပ်အထိ – Data 1GB + ATOM to ATOM မိနစ် 130
  • Premium 120,000 ကျပ်အထိ – Data 2GB + ATOM to ATOM မိနစ် 300

လစဉ် Top-Up Bonus အခွင့်အရေး

သတ်မှတ်ချက်နှင့် ကိုက်ညီသော သူများသည် လစဉ်(တစ်လလျှင် တစ်ကြိမ်) ဖုန်းဘေဖြည့်သွင်းမှုအပေါ် မူတည်၍ အများဆုံး ၃၆ လအထိ ထပ်ဆောင်း Data Bonus များကို ရရှိနိုင်ပါသည်။

  • 3,000 ကျပ် ဖြည့်သွင်းမှု – 100MB Data Bonus
  • 5,000 ကျပ် ဖြည့်သွင်းမှု – 250MB Data Bonus
  • 10,000 ကျပ် ဖြည့်သွင်းမှု – 500MB Data Bonus

Top-Up Data Bonus ကို TikTok၊ YouTube နှင့် Telegram စသည့် Application များတွင် အသုံးပြုနိုင်ပြီး ရရှိသည့်အချိန်မှ စ၍ ၂၄ နာရီအတွင်း အသုံးပြုနိုင်ပါသည်။

လက်ဆောင် ထည့်သွင်းပေးခြင်း

Telco လက်ဆောင်များအားလုံးကို သတ်မှတ်ချက် အတည်ပြုပြီးနောက် ဝယ်ယူသူ၏ ATOM ဖုန်းနံပါတ်သို့ ရုံးဖွင့်ရက် ၃ ရက် မှ ၅ ရက်အတွင်း ထည့်သွင်းပေးမည် ဖြစ်ပါသည်။

ဤ Telco လက်ဆောင်များအားလုံးများကို ပြင်ဆင်ရန် သို့မဟုတ် ရပ်ဆိုင်းရန် အက်တမ်မြန်မာ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ခွင့်ရှိသည်။

Official Campaign ကာလအတွင်း uab သောကကင်းဝေး Telco Care Policy ကို ဝယ်ယူသော အက်တမ် ကြိုတင်ငွေပေး ဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသည် Lucky Draw အစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။
Campaign ကာလ
Campaign ကာလမှာ ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်မှ ဧပြီလ ၂၀ရက် အထိ ဖြစ်ပါသည်။
ဆုများ
Lucky Draw ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
•    အက်တမ်ဖုန်းဘေ ၅၀,၀၀၀ ကျပ် – ဆုရှင် ၁၀၀ ဦး
•    ငွေသား ၅၀၀,၀၀၀ ကျပ် – ဆုရှင် ၅ ဦး
•    တတိယဆု – Microwave Oven (၁ ဆု)
•    ဒုတိယဆုကြီး – Samsung Galaxy Watch 5 (40mm) (၁ ဆု)
•    ဆုကြီး – AirPods Pro (2nd Generation) (၁ ဆု)
Campaign စည်းကမ်းသတ်မှတ်ချက်များ
1.    Campaign ကာလမှာ ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်မှ ဧပြီလ ၂၀ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ်အထိ ဖြစ်ပါသည်။
2.    ဤ အစီအစဉ်အား Official Campaign ကာလအတွင်း uab Thaw Ka Kinn Way Policy ကို ဝယ်ယူသော အက်တမ် ကြိုတင်ငွေပေး ဆင်းကတ် (Prepaid SIM ကတ်) သုံးစွဲသူများသာ Lucky Draw တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။ 
3.    ကံထူးခွင့်တွင် ATOM Myanmar, uab, Manulife မှ ဝန်ထမ်းများ ပါဝင်ခွင့် မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင်ပါ ဝင်ခွင့်ရှိသူများအား အက်တမ်မြန်မာနှင့် uab,မှ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။   
4.    Campaign ကာလအတွင်း အာမခံ ပေါ်လစီ အရေအတွက် မည်မျှဝယ်ယူပါစေ၊ ပေါ်လစီ ပိုင်ရှင်တစ်ဦးလျှင် Lucky Draw အတွက် တစ်ကြိမ်သာ ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။
5.    Lucky Draw ဆုရှင်များကို ၂၀၂၆ ခုနှစ် မေလ ပထမအပတ်အတွင်း ကြေညာမည် ဖြစ်ပါသည်။
6.    ဆုများအားလုံးကို ၂၀၂၆ ခုနှစ် မေလအတွင်း ပေးအပ်မည် ဖြစ်ပါသည်။
7.    အက်တမ် မြန်မာ နှင့် uab မှ ကံထူးရှင်များကို ကမ်ပိန်းကာလ အစီအစဉ်ပြီးဆုံးချိန်တွင် ကျပန်းရွေး ချယ်ပေးမည်ဖြစ်ပြီး၊ uab call center မှ ဆုရရှိသောကံထူးရှင်များအား ကမ်ပိန်းကာလ အစီအစဉ်ပြီးချိန်မှ စတင်ဆက်သွယ်ပေးမည်ဖြစ်သည်။ ကံထူးရှင်များသည် Lucky Draw ခေါ်ဆိုမှုအတွင်း ကံထူးခဲ့သောဆု ပို့ဆောင်ရန်အတွက် မိမိ၏အမည် ၊ နိုင်ငံသားမှတ်ပုံတင် နှင့် နေရပ်လိပ်စာကို ပေးဆောင်ရန် သဘောတူရပါမည်။ ကံထူးဆုအားပို့ ဆောင်စဉ်အတွင်း ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းဖြစ်ပေါ်လာသည့် ကိစ္စရပ်အတွက် အက်တမ်မြန်မာနှင့် uab တွင်လုံးဝတာဝန်မရှိစေရပါ။ 
8.    အက်တမ်မြန်မာ နှင့် uab မှ ပေးအပ်သည့် ဆုလက်ဆောင်အစား အခြား ငွေကြေး အပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသား များဖြင့် အစားထိုး ပြောင်းလဲပေးအပ်မည်မဟုတ်ပါ။
9.    တစ်ကြိမ် ကံထူးပြီးသော ကံထူးရှင်အား နောက်အကြိမ်ရွေးချယ်မှုတွင် ပါဝင်မည် မဟုတ်ပါ။
10.    အက်တမ်မြန်မာ နှင့် uab သည် လိုအပ်ပါက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဆုလက်ဆောင် သတ်မှတ်ချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။
11.    ကံထူးရှင်များသည် ဆုလက်ဆောင်အား ကိုယ်တိုင်လက်ခံခြင်းမပြုနိုင်ပါက ဆုလက်ဆောင် အားမပို့ဆောင်ခင် မိမိတို့၏ ကိုယ်စားလှယ်အားခန့်အပ်နိုင်ပြီး၊ ယင်းတို့၏ နိုင်ငံသားမှတ်ပုံတင် နှင့် အမည်ကို uab call center သို့ ပေးပို့ အကြောင်း ကြားနိုင်ပါသည်။ ဤအခြေအနေတွင် ကံထူးရှင်များသည် ၎င်းတို့၏ ကိုယ်စားလှယ် ခန့်အပ်လွှာအတွက် အက်တမ်မြန်မာ နှင့် uab သို့ ကြိုတင် အကြောင်းကြားရန် တာဝန်ရှိပါသည်။ အက်တမ်မြန်မာ နှင့် uab တို့မှကံထူးရှင်များ နှင့် ၎င်းတို့မှ  ခန့်အပ်ထားသော ကိုယ်စားလှယ်များကြား ဖြစ်ပေါ်လာသော ပြဿနာများအတွက် တာဝန်ယူမည် မဟုတ်ပါ။ ခန့်အပ်ခံထားရသော ကိုယ်စားလှယ်များသည် ကံထူးရှင်များ ကိုယ်စား သက်ဆိုင်ရာ ဆုများအားလာရောက်ထုတ်ယူသည့်အခါ ယင်းတို့၏မှတ်ပုံတင်မှုရင်း အား တင်ပြရမည် ဖြစ်ပြီး၊ ယင်းမှတ်ပုံတင်ရှိအချက်အလက်များသည် ကိုယ်စားလွဲစာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိရမည်။ အက်တမ်မြန်မာ နှင့် uab ထံသို့ မပြည့်စုံသော အချက်အလက်များ၊ စာရွက်စာတမ်းများပေးပို့ပါက၊ အက်တမ်မြန်မာ နှင့် uab မှ ကံထူးရှင်များ အား ဆုပေးအပ်ရန် ငြင်းပယ်နိုင်သည့် အခွင့်အရေး ရှိသည်။ 
12.    ကံထူးရှင်များသည် အသက် (၁၈) နှစ်အောက်ဖြစ်ပါက ယင်းတို့၏မိဘ (သို့မဟုတ်) အိမ်ထောင်စုဇယား တွင်ပါဝင်သော ယင်း၏အုပ်ထိန်းသူနှင့်အတူ ဆုလက်ခံ ရရှိနိုင် ရမည်ဖြစ်သည်။
13.    ဤပရိုမိုးရှင်းတွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မြန်မာ နှင့် uab မှ ဆုရရှိသူ (သို့မဟုတ်) ယင်း၏ကိုယ်စားလှယ်၏ အသံ၊ ရုပ်ပုံ၊ ဗီဒီယို၊ ရုပ်ဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာနှင့်(သို့) အခြားသောမီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ်မြန်မာ နှင့် uab ကို ခွင့်ပြုပေး ရမည်။
14.    ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ၎င်းတို့ နှစ်ခုကြား ကွဲလွဲမှုရှိပါက အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။
15.    uab call center မှ ဆုရှိခြင်းအတွက် အတည်ပြုပြီး (၃၀) ရက်အတွင်း ဆုရရှိသူကံထူးရှင် (သို့မဟုတ်) ယင်းခန့်အပ်ထားသော ကိုယ်စားလှယ်များထံသို့ ဆုလက်ဆောင်အား မိမိနေရပ်လိပ်စာ (သို့) အနီးစပ်ဆုံး ကားဂိတ်သို့ပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းသတ်မှတ်ထားသော အချိန်ကာလ ထက် ကျော်လွန်ခြင်းကိစ္စရပ်အတွက် အက်တမ် မြန်မာတွင် ဆုလက်ဆောင်အားပေးအပ်ရန် မည်သည့် တာဝန်မှ မရှိစေရပါ။
16.    နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာနှင့် uab မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေ အနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာ နှင့် uab မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။
17.    ကံထူးသူများသည် အက်တမ်မြန်မာ နှင့် uab ၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ဂုဏ်သတင်း အား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအား ခွင့်မပြုပါ။
18.    ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်မြန်မာ နှင့် uab ၏ဆုံးဖြတ်ချက် သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။ အက်တမ်မြန်မာ နှင့် uab မှ မည်သည့်အချိန်မဆို ဤစည်းမျဉ်း စည်းကမ်း မျာ;နှင့် မညီသည့် မည်သည့် သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် ရှိသည်။ 

  • ဤအာမခံကို အက်တမ်သုံးစွဲသူတိုင်း ATOM Store အက်ပ်နှင့် ATOM ဝဘ်ဆိုဒ်တွင် ကြည့်ရှုနိုင်ပါသည်။ 
  • အင်တာနက်အသုံးပြု၍ ကြည့်ရှုခြင်းအတွက် ဒေတာအသုံးပြုခကို သုံးစွဲသူမှ ဝယ်ယူသည့်ဒေတာပက်ကေ့ချ်မှ ကောက်ခံမည် ဖြစ်ပြီး သို့မဟုတ် PAY-AS-YOU-GO-RATE ဖြင့် မူလလက်ကျန်လက်ကျန်ထဲမှ နုတ်ယူမည်ဖြစ်သည်။
  • ဤအစီအစဉ် ကမ်းလှမ်းချက်ကို အချိန်မရွေး ရုပ်သိမ်းရန် သို့မဟုတ် ပြောင်းလဲရန် လုပ်ဆောင်ပိုင်ခွင့်သည် ATOM Myanmar တွင်  ရှိပါသည်။ အာမခံ ဝယ်ယူခြင်းတွင် Customer များသည် အာမခံ ကုမ္ပဏီများမှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။
  • အာမခံ ဝယ်ယူရာတွင် တင်သွင်းထားသည့် ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက် အထားများ ငွေကြေးနှင့်ပတ်သတ်သော ရှင်းလင်းချက်များကို ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည် မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို အာမခံ ကုမ္ပဏီများဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် အာမခံ ကုမ္ပဏီများကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • အာမခံ ကုမ္ပဏီများသို့ အာမခံဝယ်ယူရန်အတွက် လျှောက်ထားသူမှမိမိသဘောဆန္ဒအလျာက် ပေးအပ်ထားသော ကိုယ်ရေး ကိုယ်တာအချက်အလက် စာရွက်စာတမ်းများအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
  • အာမခံဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ Customers သို့မဟုတ် အာမခံကုမ္ပဏီများ၏ အလွဲသုံးစားပြုလုပ်မှုများအတွက် အက်တမ်မြန်မာတွင် တာဝန်ရှိလိမ့်မည် မဟုတ်ပါ။
  • အာမခံနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက အာမခံကုမ္ပဏီ နှင့် Customer တို့အကြား ဖြေရှင်း ဆောင်ရွက်ရပါမည်။
  • ဤအသက်အာမခံသည် လူကြီးမင်းဝယ်ယူထားသည့် အကာအကွယ်ကာလအတွင်း
    • အသက်အာမခံထားရှိသူ သေဆုံးခြင်းအတွက် လျော်ကြေးငွေပေးခြင်း
    • အသက်အာမခံထားရှိသူ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်းအတွက် လျော်ကြေးငွေပေးခြင်း
    • မတော်တဆဖြစ်စဉ်တစ်ခုခုကြောင့်အသက်အာမခံထားရှိသူ သေဆုံးခြင်း (သို့) ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အဂႅါထိခိုက်ခြင်း အတွက် လျော်ကြေးငွေပေးခြင်း စသည့် အကာအကွယ်များပါရှိပါသည်။ 

အကျိုးခံစားခွင့်များ

  • အသက်အာမခံထားရှိသူ သေဆုံးခြင်း (သို့) ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ခြင်းအတွက် လျော်ကြေးငွေမှာ အာမခံထားငွေ၏ ၁၀၀% ဖြစ်သည်။
  • အသက်အာမခံထားရှိသူ မတော်တဆမှုကြောင့် သေဆုံးခြင်း (သို့) ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ခြင်းအတွက် လျော်ကြေးငွေမှာ အာမခံထားငွေ၏ ၂၀၀% ဖြစ်သည်။
  • မတော်တဆဖြစ်စဥ်တစ်ခုခုကြောင့် နား ၂ ဖက်စလုံးအကြားအာရုံချို့ယွင်းခြင်း (သို့) စကားမပြောနိုင်တော့ခြင်း (သို့) မျက်လုံးတစ်ဖက်ဆုံးရှုံးခြင်း (သို့) ခြေ/လက် တစ်ဖက်ဆုံးရှုံးခြင်းတို့အတွက် အာမခံထား‌ငွေ၏ ၅၀% ဖြစ်သည်။ 
  • မတော်တဆဖြစ်စဥ်တစ်ခုခုကြောင့် ဦးခေါင်းခွံဖွင့်၍ ခွဲစိတ်ရန်လိုအပ်သော ဦးခေါင်းခွံကွဲခြင်း (သို့) ခွဲစိတ်ရန်ကုသရန် လိုအပ်သော ကျောရိုးဆစ်ကျိုးခြင်း တို့အတွက် အာမခံထား‌ငွေ၏ ၁၅% ဖြစ်သည်။

အာမခံအကျိုးခံစားခွင့်မရရှိနိုင်သော အခြေအနေများ

  • ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ပြစ်မှုကျုးလွန်ရန်ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အဂႅါထိခိုက်ခြင်း
  • စစ်ဖြစ်ခြင်း၊ စစ်လက်နက်ကိုင်ဆောင်ခြင်း၊ စစ်ဖြစ်ရာတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အဂႅါ ထိခိုက်ခြင်း
  • စွန့်စွန့်စားစားပြုလုပ်ရသောအားကစားများတွင်ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အဂႅါထိခိုက်ခြင်း
  • အသက်အာမခံထားရှိသူက အမှန်တကယ်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ အဓိကရုဏ်းများ၊ သောင်းကျန်း မှုများ၊ လူထုလှုပ်ရှားမှုများ၊ သပိတ်များ၊ ဓားပြများ၏ တိုက်ခိုက်မှုများ သို့မဟုတ် အကြမ်းဖက် လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော သေဆုံးခြင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အဂႅါ ထိခိုက်ခြင်း
  • စိတ်မှန်နေစဥ်ဖြစ်စေ၊ စိတ်ပေါ့သွပ်နေစဥ်ဖြစ်စေ ပေါ်လစီထုတ်ပေးသည့်ရက် (သို့) ပေါ်လစီပြန်လည်အသက်သွင်းသည့်ရက်မှ ၂ နှစ်အတွင်း မိမိကိုယ်ကို  ထိခိုက်အောင်လုပ်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများ၊ သေကြောင်းကြံစည်ရန် ကြိုးပမ်းမှု သို့ သေကြောင်းကြံစည်မှုတို့ကြောင့် သေဆုံးခြင်း။
  • စိတ်မှန်နေစဥ်ဖြစ်စေ၊ စိတ်ပေါ့သွပ်နေစဥ်ဖြစ်စေ  မိမိကိုယ်ကို  ထိခိုက်အောင်လုပ်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများ၊ သေကြောင်းကြံစည်ရန် ကြိုးပမ်းမှု သို့ သေကြောင်းကြံစည်မှုတို့ကြောင့် ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ခြင်း၊ မတော်တဆသေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါထိခိုက်ခြင်း။
  • အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် ပေါ်လစီထုတ်ပေးသည့်ရက် (သို့) ပေါ်လစီပြန်လည်အသက်သွင်းသည့်ရက်မှ ၂ နှစ်အတွင်း သေဆုံးခြင်းနှင့် ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
  • ပေါ်လစီထုတ်ပေးခဲ့စဉ်က ကမ်းလှမ်းမှုအသစ်ထုတ်ပေး၍ ချန်လှပ်ခဲ့သော အခြေအနေများကြောင့် ဖြစ်ပေါ်လာသော အကျိုးခံစားခွင့်များ
  • ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) သို့မဟုတ် ခုခံအားကျဆင်းမှုဗိုင်းရပ်စ် (HIV) ကူးစက်မှုမှ ဖြစ်ပေါ်ရရှိ လာသော ရောဂါများ။

အာမခံလျော်ကြေးတောင်းခံခြင်း

  • အာမခံအကာအကွယ်ပေးထားသောအဖြစ်အပျက်တစ်ခုဖြစ်ပွားသည့် ရက်စွဲမှ ရက် ၃၀ အတွင်း စာဖြင့်ရေးသားထားသော အကြောင်းကြားစာကို ကျွန်ုပ်တို့အား ပေးပို့ရမည်။
  • ကျွန်ုပ်တို့သည် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် (၁၅) ရက်အတွင်း အာမခံအကာအကွယ်ပေးထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်းအထောက်အထားများကို ဖြည့်စွက်ရန်အတွက် လိုအပ်သောပုံစံများကို ထုတ်ပေးပါမည်။ အာမခံအကာအကွယ်ပေးထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း စာဖြင့်ရေးသားထားသော အကြောင်းကြားစာ နှင့် ဖြစ်ပွားခဲ့ကြောင်း သက်သေအထောက်အထားကို ထိုအဖြစ်အပျက်ဖြစ်ပွားသည့်နေ့မှ ရက်ပေါင်းကိုးဆယ် (၉၀) အတွင်း ကျွန်ုပ်တို့ထံသို့ ကျွန်ုပ်တို့ လက်ခံနိုင်သည့်ပုံစံနှင့် သဘောသဘာဝနှင့်အညီ ပေးရမည်။
  • ကျွန်ုပ်တို့သည် အာမခံထားသောအဖြစ်အပျက်ဖြစ်ပွားခဲ့ကြောင်း အတည်ပြုရန်အတွက် အသက်အာမခံထားရှိသူကို ဆေးစစ်စေရန် သို့မဟုတ် အခြားသင့်လျော်သောစစ်ဆေးမှုများပြုလုပ်စေရန် ညွှန်ကြားခွင့်ရှိသည်။ ဥပဒေအရ တားမြစ်ထားခြင်းမရှိပါက ကျွန်ုပ်တို့သည် သူသေခွဲစိတ်စစ်ဆေးခြင်း (Autopsy) ကို တောင်းဆိုပိုင်ခွင့်ရှိသည်။

လိုအပ်သောစာရွက်စာတမ်းများ

ကျွန်ုပ်တို့အား အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပေးပို့ရမည်ဖြစ်သည်။

  1. ပေါ်လစီ။
  2. အာမခံလျော်ကြေးတောင်းခံသည့် လူပုဂ္ဂိုလ်၏ ပိုင်ဆိုင်ခွင့် သို့မဟုတ် ခံစားပိုင်ခွင့်ဆိုင်ရာ သက်သေ အထောက်အထား။
  3. အသက်အာမခံထားရှိသူ သို့မဟုတ် အသက်အာမခံထားရှိသူမှ ခွင့်ပြုထားသော အာမခံလျော်ကြေး တောင်းခံသည့် လူပုဂ္ဂိုလ်အတွက် ကျွန်ုပ်တို့လိုအပ်သည့် သက်သေခံစာရွက်စာတမ်းများ သို့မဟုတ် အခြားသောသက်ဆိုင်ရာ စာရွက်စာတမ်းများ။
  4. ပြည့်စုံစွာဖြည့်စွက်ထားသော အာမခံလျော်ကြေးတောင်းခံခြင်းပုံစံ နှင့် ဆေးဖက်ဆိုင်ရာအစီရင်ခံစာ။
  5. ဤပေါ်လစီအရ  အာမခံလျော်ကြေးတောင်းခံရန် ပေါ်ပေါက်လာသည့် အကြောင်းကိစ္စဆိုင်ရာ သက်သေ အထောက်အထား။
  6. အာမခံလျော်ကြေးတောင်းခံမှုကို ကျွန်ုပ်တို့ဆက်လက်ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့တောင်းဆိုနိုင်သော အခြား စာရွက်စာတမ်း။

အသေးစိတ်လျှောက်ထားပုံနှင့် လိုအပ်သောလျှောက်လွှာပုံစံများကို ကျွန်ုပ်တို့၏ Website: https://www.manulife.com.mm/mm/services တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

Frequently Asked Questions:

သောကကင်းဝေး အသက်အာမခံသည် အာမခံအကာအကွယ်ကာလ (၃)နှစ် ရရှိပြီး ပရီမီယံ တစ်ကြိမ်တည်းသာ ပေးသွင်းရသော အသက်အာမခံအစီအစဉ်ဖြစ်ပါသည်။

သောကကင်း‌‌ဝေး အသက်အာမခံဆိုတာ ဖြစ်လာနိုင်တဲ့ သေဆုံးခြင်း၊ ထာဝစဥ်လုံးဝ မသန်စွမ်းခြင်းနဲ့ မတော်တဆမှုတွေ‌ကြောင့် ဖြစ်နိုင်သော သင်နဲ့သင့်မိသားစုရဲ့ ငွေကြေး ဝန်ထုပ်ဝန်ပိုးတွေကို ကာကွယ်နိုင်မယ့် အသက်အာမခံအစီအစဥ်တစ်ခု ဖြစ်ပါတယ်။

သောကကင်း‌‌ဝေး အသက်အာမခံကို ပရီမီယံကြေးအနည်းငယ်ဖြင့် အသက်အာမခံပေါ်လစီ လျှောက်ထားရလွယ်ကူအောင် စီစဉ်ထားပါသည်။

အသက် ၁၈နှစ် နဲ့ ၄၅နှစ် ကြားအသက်အရွယ်ရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း သောကကင်း၀ေး အသက်အာမခံကို ၀ယ်ယူနိုင်ပါတယ်။

လူတစ်ဦးကို အာမခံထားငွေ အနည်းဆုံး ၁၀သိန်း မှစ၍ အများဆုံး သိန်း ၁၀၀ အထိ ၀ယ်ယူထားရှိနိုင်ပါတယ်။

ပေါ်လစီသက်တမ်းကာလမှာ ၃နှစ် ဖြစ်ပါတယ်။

တစ်ကြိမ်သာပေးသွင်းရမှာဖြစ်ပါတယ်။

သေဆုံးခြင်း / ထာဝစဥ်လုံးဝ မသန်စွမ်းခြင်း အကျိုးခံစားခွင့် – အာမခံထားငွေ၏ 100%
မတော်တဆမှုကြောင့် သေဆုံးခြင်း/ ထာဝစဥ်လုံးဝ မသန်စွမ်းခြင်း အကျိုးခံစားခွင့်– အာမခံထားငွေ၏ ထပ်တိုး 100%
မတော်တဆမှုကြောင့် ကိုယ်အင်္ဂါထိခိုက်ပျက်စီးခြင်း အကျိုးခံစားခွင့်များ 
    နားနှစ်ဖက်လုံး မကြားခြင်း – အာမခံထားငွေ၏ ၅၀%
    စကားမပြောနိုင်ခြင်း – အာမခံထားငွေ၏ ၅၀%
    ခြေလက်တစ်ဖက်ပြတ်ခြင်း– အာမခံထားငွေ၏ ၅၀%
    မျက်စိ တစ်ဖက် ကွယ်ခြင်း – အာမခံထားငွေ၏ ၅၀%
    ဦးခေါင်းခွံရိုးကျိုးခြင်း (ဦးခေါင်းခွံဖွင့်၍ ခွဲစိတ်ကုသမှု လိုအပ်သော) – အာမခံထားငွေ၏ ၁၅%
    ကျောရိုး ကျိုးခြင်း (တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကျောရိုးဆစ်များကို ခွဲစိတ်ကုသရန် လိုအပ်သော) – အာမခံထားငွေ၏ ၁၅%
*မတော်တဆမှုကြောင့် ကိုယ်အဂ်ါထိခိုက်ပျက်စီးခြင်း အကျိုးခံစားခွင့်သည် ရှေ့တိုးအကျိုးခံစားခွင့် (Accelerated benefit) ဖြစ်ပြီး မတော်တဆမှုကြောင့် သေဆုံးခြင်း/ထာဝစဥ်လုံးဝမသန်စွမ်းခြင်း အကျိုးခံစားခွင့်မှ နှုတ်ယူမည်ဖြစ်ပါသည်။

Saving Product အမျိုးအစားမဟုတ်တဲ့အတွက် အာမခံသက်တမ်း ၃နှစ်ပြည့်ရင် အာမခံထားငွေအားပြန်လည် ထုတ်ယူမရနိုင်ပါ။

အကျိုးခံစားခွင့်ရှိသူသည် အသက် (၁၈) နှစ် နှင့်အထက်၊ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ရပါမည်။ အကျိုးခံစားခွင့်ရှိသူသည် အသက် ၁၈ နှစ်အောက် ဖြစ်ပါက သူ ၎င်း၏ အုပ်ထိန်းသူ၏ အချက်အလက်များအား ဖြည့်သွင်းပေးရန် လိုအပ်ပါသည်။

202

Back to top