We'd like to send you notifications of the latest posts and updates
သင့်ဖုန်းနံပါတ်သည် ကိန်းဂဏန်းများသက်သက်မဟုတ်ပဲ သင့်၏ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အမှတ်တံဆိပ် သို့မဟုတ် စီးပွားရေးအမှတ်သညာကို ဖော်ပြပေးသည့်အရာတစ်ခုလည်းဖြစ်ပါသည်။
သင်ယုံကြည်စိတ်ချရသော e-commerce platform တစ်ခုပေါ်မှာရှိနေသော ကျွန်ုပ်တို့၏ ATOM Store တွင် အက်တမ်နံပါတ်အလှများကို တိုက်ရိုက်ယူဆောင်လာပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်မိပါသည်။
မှတ်ရလွယ်သော အက်တမ်နံပါတ်အလှများကို ရှာဖွေရန် ယခုအခါတွင် ပိုမို၍ လွယ်ကူလို့လာပြီဖြစ်ပြီး အောက်ပါအတိုင်း အမျိုးအစား (၆) မျိုးအတွင်းမှ သီးသန့်နံပါတ်များကို ကြည့်ရှုရွေးချယ်ဝယ်ယူနိုင်ပါသည်။
KBZPay Market ရှိ ATOM store သို့ ဝင်ရောက်ပြီး သင့်စိတ်ကြိုက် အက်တမ်နံပါတ်အလှများကို လေ့လာရွေးချယ်နိုင်ပါသည်။
ကြိုက်နှစ်သက်ရာနံပါတ်ကို ရွေးချယ်ပြီး SIM registration form ကို ဖြည့်စွက်ကာ ယုံကြည်စိတ်ချစွာ အော်ဒါတင်နိုင်ပါသည်။ အက်တမ်နံပါတ်အလှတိုင်းနှင့်အတူ အထူး data offer များနှင့် အကျိုးခံစားခွင့်များ ပါဝင်ပါသည်။
ဝယ်ယူထားသော အက်တမ်နံပါတ်အလှဖြင့် ဆင်းကတ်ကို သင့်အိမ်တံခါးဝအထိ လုံခြုံစွာ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
KBZPay app အတွင်းရှိ KBZPay Market mini app ထဲတွင် ATOM Store အားရှာ၍ ဝယ်ယူနိင်ပါသည်။
မှတ်ပုံတင် သို့ Passport (နိုင်ငံခြားသားဖြစ်လျှင်) ဖြင့် ဝယ်ယူနိုင်ပါသည်။
မရပါ။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆင်းကတ်အားလုံးကို မှတ်ပုံတင်ရန်လိုအပ်သည်ဟု ညွှန်ကြားထားသည်။ (လူကြီးမင်း၏ သက်သေခံကတ်ပြားဖြင့် ဆင်းကတ် ၂ကတ်အထိသာ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။)
ATOM Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း care@atom.com.mm သို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။
Back to top
Share