We'd like to send you notifications of the latest posts and updates
Press Release
17 Aug,2022 - Yangon | 2 mins read
ရန်ကုန်၊ သြဂုတ်လ ၁၇ ရက် ၂၀၂၂ ခုနှစ်။ ။ အက်တမ် (ATOM) သည် အမျိုးသမီးများ ဦးဆောင်သော နိုင်ငံတကာတွင် ဂုဏ်သတင်းကျော်စောသည့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် အတိုင်ပင်ခံအဖွဲ့အစည်းနှင့် မိတ်ဖွဲ့ပူးပေါင်းကာ လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းများ ဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာမျှော်မှန်းချက်များနှင့်အညီ တာဝန်သိစီးပွားရေးလုပ်ငန်းကို ထိန်းသိမ်းထားရှိ လုပ်ဆောင် ရန် အက်တမ် (ATOM) ၏ ကတိကဝတ်ကို ထပ်လောင်းသက်သေပြနေခြင်းဖြစ်ပါသည်။
ကနဦးအဆင့်အနေဖြင့် မိတ်ဖက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းသည် အက်တမ် (ATOM) ၏ လူ့အခွင့် အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအသီးသီးကို ပြန်လည်သုံးသပ်ပြီး အကဲဖြတ်ခြင်းဖြင့် စံနှုန်းများနှင့်အညီ ကျင့်ဝတ်ဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ရှာဖွေတွေ့ရှိချက်များပေါ်တွင် အခြေ ခံပြီး လူ့အခွင့်အရေးကို လေးစားရန်ဆိုသော စီးပွားရေးလုပ်ငန်း၏ ထားရှိပြီးသော ကတိကဝတ်ကို ပိုမိုခိုင်မာစေ ရန်အတွက် အဖွဲ့အစည်းနှစ်ခုလုံးသည် စနစ်ကျသည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်လုပ်ဆောင်ခြင်း (Human Rights Corrective Action Plan) အစီအစဥ်တစ်ခုကို ပူးပေါင်းရေးဆွဲတည် ဆောက်သွားမည်ဖြစ်ပါသည်။
“ကျယ်ပြန့်ပြည့်စုံပြီး လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးတွေအပြင် ဝန်ထမ်းတွေ၊ သုံးစွဲသူ တွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်သူအားလုံးအတွက် အကျိုးသက်ရောက်မှုရှိတဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေစတင်ဖို့ ခြေလှမ်းတစ်လှမ်း နီးကပ်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဒေသအတွင်း အကောင်းမွန်ဆုံး စံချိန်စံနှုန်းတွေနဲ့အညီ ကျွန်တော်တို့ရဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုက လူမှုအဖွဲ့အစည်း အတွက် ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ဆောင်ကြဉ်းလာမယ်လို့ မျှော်လင့် ပါတယ်။” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Muhammad Ziaullah Siddiqui က ပြောကြားခဲ့ပါသည်။
အက်တမ် (ATOM) နှင့် ပူးပေါင်းဆောင်ရွက်မည့် အကြံပေးအတိုင်ပင်ခံအဖွဲ့အစည်းသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အထူးပြုဆောင်ရွက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲမှု၊ ရပ်ရွာတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တိုင်ပင်ဆွေးနွေးမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် စနစ်ကျသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်း (Human Rights Corrective Action Plan)ကို ရေးဆွဲရာတွင် ခိုင်မာသောမှတ်တမ်းများရရှိထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် သက်ဆိုင်သူများအားလုံး ပါ၀င်သော တွေ့ဆုံဆွေးနွေးမှုများ မဟာဗျူ ဟာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး၊ သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှုနှင့် ဆိုးကျိုး များကို အကဲဖြတ်ခြင်းနှင့် များစွာသော ရေရှည်တည်တံ့မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ဝန်ဆောင်မှုများ စွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ လုပ်ငန်းပူးတွဲလုပ်ကိုင်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ လိုအပ်နိုင်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းများနှင့် အခြားအစီအစဥ်များကိုလည်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
“ယနေ့ခေတ် စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အက်တမ် (ATOM) လိုမျိုး တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အမှတ်တံ ဆိပ်တွေက လူ့အခွင့်အရေးကို လက်ကိုင်ထားပြီး ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားကာ ဥပဒေနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များကို ဆက်လက်လိုက်နာလုပ်ဆောင်ခြင်းဖြင့် လူမှုအသိုက်အဝန်းများအပေါ် ပိုမိုခိုင်မာတဲ့ အပြုသဘော သက်ရောက်မှုများ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဒီကနဦး အစပြုခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို ပြီးခဲ့တဲ့ ဇွန်လက စတင်မိတ်ဆက်ပြီးကတည်းက လူမှုအကျိုးပြုလှုပ်ရှားမှုတွေ ကို ဖန်တီးသွားမယ်လို့ ကတိပြုခဲ့ပြီးတော့ လျာထားတဲ့ မြန်မာကျပ် ၃ ဘီလီယံနှင့် နိုင်ငံတစ်ဝှမ်းရှိ လူတစ်သိန်းကို အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ထပ်လောင်း ပြောကြားခဲ့သည်။
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည် ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက်သာလွန်သော ဘဝအတွေ့ အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန်ဖြစ်ပါသည်။
Back to top
Share