We'd like to send you notifications of the latest posts and updates

Press Release

အက်တမ် (ATOM) နှင့် ZTE တို့မှ နည်းဗျူဟာကျစွာ လက်တွဲပူးပေါင်း၍ မြန်မာ့ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအနာဂတ်ကို အရှိန်အဟုန်မြှင့်တင်သွားမည်

03 Jun,2025 - Yangon | 4 mins read

  • မျိုးဆက်သစ် Business Support System (BSS) လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ်သည် သုံးစွဲသူ အတွေ့ အကြုံကို ပိုမိုကောင်းမွန်လာစေပြီး ဆန်းသစ်တီထွင်မှုကို မြှင့်တင်ကာ နိုင်ငံ၏ ဒစ်ဂျစ်တယ် ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအားကောင်းလာစေမည်။
  • ATOM နှင့် ZTE တို့၏ နည်းဗျူဟာကျသော လက်တွဲပူးပေါင်းမှုသည် အက်တမ်(ATOM)၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုခရီးစဉ်အတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်သည်။
  • Business Support System (BSS) လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် သည် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင် မှုအတွက် ပေါင်းကူးပေးသွားမည်ဖြစ်ပြီး သုံးစွဲသူအတွေ့အကြုံနှင့် လုပ်ငန်းထိရောက်မြန်ဆန်စွာ လည်ပတ်နိုင်ရေးတို့အတွက် စံနှုန်းတစ်ခု ဖြစ်လာမည်။
  • အဆိုပါစနစ်ကြောင့် အိုင်တီနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ ပြောင်းလဲဖွံ့ဖြိုးစေမည်ဖြစ်ရာ ထိရောက်မြန်ဆန်ပြီး အနာဂတ်အတွက် အသင့်ဖြစ်နေသည့် ဖြေရှင်းလုပ်ဆောင်ချက်များမှတဆင့် သုံးစွဲသူများကို ဝန်ဆောင်မှုပေးသွားမည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့— မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့သည် မျိုးဆက်သစ် Business Support System (BSS) ကို ပူးတွဲဖော်ဆောင်၊ ပြောင်းလဲကျင့်သုံးပြီး မြန်မာ့ဆက်သွယ်ရေး ချိတ်ဆက်မှုကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန် နည်းဗျူဟာကျသော လက်တွဲဆောင်ရွက်ချက်အား စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါလက်တွဲပူးပေါင်း မှုသည် အနာဂတ်အတွက်အသင့်ဖြစ်သော ဒစ်ဂျစ်တယ်အော်ပရေတာတစ်ခုအဖြစ် ရပ်တည်သွားမည့် အက်တမ် (ATOM) ၏ ရှေ့ခရီးစဉ်အတွက် အထူးအရေးပါသော မှတ်တိုင်ဖြစ်ပြီး နောက်ဆုံးပေါ်ဆက်သွယ်ချိတ်ဆက်မှု၊ အကောင်းမွန်ဆုံးသော လုပ်ငန်းလည်ပတ်မှု နှင့် သုံးစွဲသူ အတွေ့အကြုံကို ပိုမိုအဆင်ပြေလာစေရန် ဆောင်ရွက် ပေးလိုသော ကုမ္ပဏီနှစ်ခုလုံး၏ တူညီသော ရည်မှန်းချက်ကို မီးမောင်းထိုးပြနေပါသည်။

BSS

လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ပြောင်းလဲလုပ်ဆောင်သွားမည့်  နည်းဗျူဟာကျသော အဆိုပါ အသွင်ကူးပြောင်းရေး အစီအစဉ်သည် Customer Relationship Management (CRM)Order ManagementEnterprise Product Catalog နှင့် Partner Management များအပါအဝင် အက်တမ် (ATOM) ၏ အဓိက အိုင်တီစနစ်များကို ခေတ်မီတိုးတက်လာစေမည်ဖြစ်ပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်အသုံးပြုမှု ကိစ္စရပ်များ နှင့် ပြောင်းလဲနေသော သုံးစွဲသူများ၏လိုအပ်ချက်များအား ပံ့ပိုးပေးနိုင်သော မြန်ဆန်ချောမွေ့ပြီး လိုက်လျောညီထွေမှုရှိသည့် ဝန်ဆောင်မှု ဂေဟစနစ်တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ချပေးနိုင်မည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခန်းကဏ္ဍ ဆက်လက်ပြောင်းလဲတိုးတက်နေသည်နှင့်တစ်ပြိုင်နက် အက်တမ် (ATOM) နှင့် ZTE တို့သည် cloud နည်းပညာပိုင်းဆိုင်ရာ ဒစ်ဂျစ်တယ် ဖန်တီးတည်ဆောက် ခြင်းနှင့် တိုးချဲ့ လုပ်ဆောင်မှုများမှတဆင့်  ဉာဏ်ရည်မြင့်ကွန်ရက်ချိတ်ဆက်လေ့လာနိုင်မှုနှင့် ထိရောက်စွာ လုပ်ငန်း လည်ပတ် နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ ပူးတွဲလုပ်ဆောင်ချက်များသည် ရေရှည် ချမှတ် ထားသည့် ရည်မှန်းချက်ကို အကောင်အထည်ဖြစ်ပေါ်စေပြီး ဝန်ဆောင်မှုပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု နှင့် 5G Monetization   အပါအဝင် IoT နည်းစနစ် အသုံးပြုခြင်းများပါဝင်သော အနာဂတ်တိုးတက်မှု အခွင့်အလမ်းများ အတွက် အခြေခံအုတ်မြစ် ချမှတ်ပေးသွားနိုင်မည် ဖြစ်ပါသည်။ 

BSS   

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချူပ်  Ahmad Abdallah မှ “အခုလို လက်တွဲပူးပေါင်းခြင်းဟာ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Whale Cloud ရဲ့ အဆင့်မြင့်နည်းပညာပေါင်းစပ်ပြီး BSS ဆန်းသစ်တီထွင်မှုပိုင်းမှာ ဦးဆောင်နေတဲ့ ZTE ရဲ့  ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အက်တမ် (ATOM) ရဲ့ သုံးစွဲသူဦးစားပေးရည်မှန်းချက်တွေရယ် ပေါင်းစပ် လိုက်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ အပိုင်းကို အဆင့်မြှင့်ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကို မြန်ဆန်စွာ လည်ပတ်စေနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အဆင်ပြေချောမွေ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတစ်ခုကို ဖန်တီးဖွင့်ဟ ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ ပါသည်။ 

  • ခေတ်မီတိုးတက်သော Cloud နည်းပညာနှင့် ချိတ်ဆက်နိုင်သော ဤဒစ်ဂျစ်တယ် အသွင်ကူးပြောင်ရေးစနစ်သည်
  • သုံးစွဲသူများအနေဖြင့်ဒစ်ဂျစ်တယ်ချန်နယ်များမှတဆင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်နိုင်ခြင်း
  • ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုများနှင့် တီထွင်ဆန်းသစ်မှုများအတွက် ဈေးကွက်သို့ ရောက်ရှိ မိတ်ဆက်ရန် ပိုမိုမြန်ဆန်စေခြင်း
  • အဆိုပါစနစ်များမှတဆင့် ထိရောက်မြန်ဆန်သော လုပ်ငန်းလည်ပတ်မှု နှင့် ကုန်ကျစရိတ် သက်သာမှု ရှိစေခြင်း
  • 5GIoT နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေလမ်းကြောင်းသစ် မူဘောင်များအတွက် အဆင်သင့်ဖြစ်နေစေခြင်း
  • စိတ်ဝင်စားစရာကောင်းပြီး တူညီသော ဒစ်ဂျစ်တယ်သုံးစွဲမှုအတွေ့အကြုံကို ပေးအပ်ခြင်း
  • သုံးစွဲသူများနှင့် ဆက်သွယ်ချိတ်ဆက်မှုများအတွက်ဝန်ဆောင်မှုပေးအပ်ရာတွင် AI ၏ ပါဝင်မှုအား ပိုမို ကောင်းမွန်လာခြင်း

စသည်ဖြင့် နည်းဗျူဟာကျသော အကျိူးရလဒ်များကို ဖြစ်ထွန်းစေပါသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ခေတ်သစ်တစ်ခုကို စတင်ဝင်ရောက်လာပြီဖြစ်ရာ အက်တမ် (ATOM) နှင့် ZTE ကုမ္ပဏီနှစ်ခုစလုံးသည် နည်းပညာသစ်များကို မိတ်ဆက်ပေးရုံသာမက ဆက်သွယ်ရေးကွန်ရက်များနှင့် မြန်မာ ပြည်သူလူထု၏ ဘဝများကိုပါ ကောင်းမွန်သော ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုလက်တွဲပူးပေါင်းမှုသည် နိုင်ငံတကာ၏ထိပ်တန်းအလေ့အကျင့်များကို ယူဆောင် လာပေးမည် ဖြစ်ပြီး အဆင့်မြင့်ပလက်ဖောင်းများနှင့် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်နေသည့် ယဉ်ကျေးမှု တစ်ရပ်အား မြန်မာနိုင်ငံ ဆက်သွယ်ချိတ်ဆက်ရေးဂေဟစနစ်ကြီး၏ အဓိကနေရာတွင် တည်ရှိစေမည်ဖြစ်ပါသည်။

အခုလို နည်းပညာအသွင်ကူးပြောင်းမယ့် ခရီးစဉ်မှာ အက်တမ် (ATOM) နဲ့ လက်တွဲရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့မှာ အသုံးဝင်ပြီးသား ဒစ်ဂျစ်တယ် BSS လုပ်ဆောင်ရည်တွေကို အက်တမ် (ATOM) ရဲ့ ဈေးကွက် ဦးဆောင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းလည်ပတ်မှုနဲ့ သုံးစွဲသူအရည်အသွေးတွေ ပိုပြီးမြင့်တက် လာမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်းနည်းပညာ၊ အဆင့်မြင့်ပြီးယုံကြည်စိတ်ချရတဲ့ hardwaresoftware တွေအပါအဝင် ပြည့်စုံတဲ့ ဝန်ဆောင်မှုစွမ်းရည်တွေ ယူဆောင်လာပေးခြင်းအားဖြင့် ZTE က အက်တမ် (ATOM) အတွက် အကောင်းမွန်ဆုံးသုံးစွဲသူအတွေ့အကြုံတစ်ခုကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ် Whale Cloud နည်းပညာရဲ့ အကူအညီနဲ့ ဆန်းသစ်တီထွင်မှုကို ဆက်လက်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးအတွက် စံနှုန်းအသစ်တစ်ခုကို ချမှတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး အနာဂတ်ရဲ့ လိုအပ်ချက်တွေကို တိုးတက်ပြောင်းလဲနိုင်ဖို့၊ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ အမြင့်မားဆုံးရလဒ်တစ်ခု ဖန်တီးပေးဖို့ ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခုကို ဖော်ဆောင် နေကြတာပဲဖြစ်ပါတယ်ဟု ZTE အမှုဆောင်အရာရှိချုပ် Mr. Gavin Cai က ပြောကြားခဲ့ပါသည်။

BSS   

ဒီအစီအစဉ်ဟာ နည်းပညာအဆင့်မြှင့်တင်တာတစ်ခုထက် ပိုပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုရဲ့ ယဉ်ကျေးမှု၊ လုပ်ငန်းလည်ပတ်ပုံနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတွေအတွက် ပေါင်းကူးပေးမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အလုပ်လုပ်ဆောင်ပုံ၊ ဝန်ဆောင်မှုပေးအပ်ပုံနဲ့ ဆန်းသစ်တီထွင်ဖန်တီးပုံတွေကို  ပြန်လည်ဆန်းစစ်နေပါတယ်။ ဒီဇိုင်းအားဖြင့် ထက်မြက်ကောင်းမွန်ပြီး တည်ဆောက်ရေးပိုင်းမှာလည်း တိုးချဲ့လို့  ရသလို အားလုံးအတွက် သက်ရောက်မှုအားကောင်းတဲ့ နည်းပညာပလက်ဖောင်းတစ်ခုကို အတူတကွ လက်တွဲ ပူးပေါင်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) သတင်းအချက်အလက်ဆိုင်ရာ အရာရှိချုပ် Srinivas Rao က ပြောကြားခဲ့ပါသည်။ 

အဆိုပါ အစီအစဉ်ကို ခန့်မှန်းခြေအားဖြင့် ၁၈ လကြာ သတ်မှတ်ထားပြီး အစပိုင်းတွင် Enterprise Business Customer (B2B) လုပ်ဆောင်ချက်များပါရှိကာ Retail Business Customer (B2C) လုပ်ဆောင်ချက်များအထိ တစ်ဆင့်ချင်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤကာလအတွင်း အက်တမ် (ATOM) ၏ ဌာန အသီးသီးမှ တာဝန်ရှိသူများက ZTE နှင့်အနီးကပ် ပူးတွဲလုပ်ဆောင်ပြီး နိုင်ငံတကာအကောင်းဆုံး လုပ်ထုံးလုပ်နည်း များနှင့်အညီ အလုံးစုံပေါင်းစပ်ပါဝင်သည့် BSS လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် ပလက်ဖောင်း တစ်ခုအဖြစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

ဤမဟာဗျူဟာမြောက်သော လက်တွဲပူးပေါင်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ အားလုံးနှင့် သက်ဆိုင်သော ဒစ်ဂျစ်တယ်စနစ်တစ်ခုဖော်ဆောင်ပေးခြင်း လူထုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းများကို တိုးတက်မြင့်မားစေသည့် မျိုးဆက်သစ်ဝန်ဆောင်မှု ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို ပြောင်းလဲဖွံ့ဖြိုးလာစေလိုသော ရေရှည်ကတိကဝတ်ကို ဖော်ညွှန်းနေခြင်း ဖြစ်ပါသည်။

-ပြီး-

အက်တမ် (ATOM) အကြောင်း  

အက်တမ် (ATOM)သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး(People-First)ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံအကောင်းဆုံး4.5G VoLTEကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသောလုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ်သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။ အသေးစိတ်သိရှိလိုပါကwww.atom.com.mm  သို့မဟုတ်  Facebookနှင့်LinkedInစာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်  

ZTE အကြောင်း  

ZTE သည် အလုံးစုံပေါင်းစည်းပါဝင်သော သတင်းအချက်အလက်နှင့် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက် ဝန်ဆောင်မှု ပေးနေသည့် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ဆန်းသစ်တီထွင်မှုရှိသောနည်းပညာရပ်များ နှင့် ထုတ်ကုန်ဆိုင်ရာ ဖြေရှင်းချက်များနှင့်အတူ ZTE သည် ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးအော်ပရေတာများ၊ အစိုးရအဖွဲ့အစည်းများ၊ ဝန်ဆောင်မှု ရယူသုံးစွဲသူ၊ စားသုံးသူ လုပ်ငန်းများကို ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကျော်အထိ လွှမ်းခြုံထားသော ZTE သည် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံအား ဝန်ဆောင်မှုပေးအပ်နေပြီး နေရာအသီးသီးတွင် ချိတ်ဆက်မှုနှင့် ယုံကြည်မှုပြည့်ဝသော ထွန်းလင်းသည့်အနာဂါတ်တစ်ခု ဖော်ဆောင်နိုင်ရန် ရည်သန်လျက်ရှိပါသည်။  ZTE ၏ အဓိက ရည်မှန်းချက်သည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများ၊ ဝန်ထမ်းများအတွက် တိုးတက်ရေး လမ်းကြောင်း များ၊ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများ၊ ရှယ်ယာရှင်များ၊ ဆက်စပ်လုပ်ငန်းအဖွဲ့အစည်းများအတွက် အကောင်းဆုံး တန်ဖိုးများဖော်ဆောင်ခြင်းနှင့်အတူ ထက်မြက်ကောင်းမွန်သည့် အနာဂတ်တစ်ခုကို ဖန်တီးပေးရန် ဖြစ်ပါ သည်။ အသေးစိတ်ပိုမိုသိရှိလိုပါက- www.zte.com.cn.

သတင်းမီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန်communications@aml.mobi.

Back to top