We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Press Release

အက်တမ် (ATOM) ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာအပြောင်း အလဲများနှင့်ပတ်သက် ၍ အသိပေးကြေညာခြင်း

20 May,2024 - Yangon | 1 mins read

ပိုမိုကောင်းမွန်သည့် အနာဂတ်ပန်းတိုင်များကို ဆက်လက်အရောက်လှမ်းနိုင်ရန် ရှေးရှု၍ အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အုပ်ချုပ်မှုပိုင်းဆိုင်ရာအပြောင်းအလဲအသစ်များကို အသိပေးကြေညာလိုက်ရပါသည်။

ယခုလက်ရှိတွင် အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် တာဝန်ထမ်းဆောင်နေလျက်ရှိသော Muhammad Ziaullah Siddiqui သည် ဒူဘိုင်းတွင်ကျန်ရစ်ခဲ့သော မိသားစုထံသို့ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ပြန်ရမည်ဖြစ်သောကြောင့် ရာထူးမှနှုတ်ထွက်သွားမည်ဖြစ်သည်။ Zia သည် အက်တမ်မြန်မာ (ATOM Myanmar) နှင့် Investcom Pte Ltd တို့၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ပြီး  သူ၏တာဝန်များကို အဆင်ပြေလွယ်ကူစွာလွှဲပြောင်းပေးနိုင်ရန်အတွက် ၂၀၂၄ နှစ်ကုန်ပိုင်းအထိ အက်တမ် (ATOM) တွင် အကြံပေးသူတစ်ဦးအနေဖြင့်လည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

လွန်ခဲ့သော (၂) နှစ်တာကာလအတွင်း စီမံခန့်ခွဲအုပ်ချုပ်ခဲ့သည့် Zia အား အထူးပင်ကျေးဇူးတင်ရှိကြောင်း အက်တမ် (ATOM) မှ ပြောကြားလိုပါသည်။ Zia ၏လမ်းညွှန်ပြသမှုအောက်တွင် အက်တမ် (ATOM) သည် ဈေးကွက်အတွင်းဦးဆောင်နိုင်သူအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပြီး Zia အနေဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် ခရီးလမ်းတစ်လျှောက်တွင်လည်း အကောင်းဆုံးသောအရာများကို ရရှိပိုင်ဆိုင်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

 

လက်ရှိတွင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် (COO) အဖြစ် တာဝန်ထမ်းဆောင်နေလျက်ရှိသော Ahmad Abdallah သည်အမှုဆောင်အရာရှိချုပ်သစ် (CEO) အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ Ahmad သည် တယ်လီကွန်းနယ်ပယ်နှင့် ပတ်သတ်သောလုပ်သက်အတွေ့အကြုံ (၂၅) နှစ်ကျော်ရှိပြီး မြန်မာနိုင်ငံဈေးကွက်အကြောင်းကို ထဲထဲဝင်ဝင်သိရှိနားလည်ထားသူတစ်ဦးလည်း ဖြစ်သည်။ Ahmad ၏ ကြိုးပမ်းအားထုတ်မှု၊ လုံ့လဝီရီယနှင့် သမာဓိတို့သည် နောင်အနာဂတ်တွင် အက်တမ် (ATOM) ကို ဦးဆောင်လမ်းပြနိုင်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်စေရန် အကောင်းဆုံးပံ့ပိုးပေးလျှက်ရှိသည်။

 

ရုံးတွင်း လုပ်ငန်းဆောင်ရွက်မှု ပိုမိုလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ကာ  လက်ရှိလုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယအမှုဆောင်အရာရှိချုပ် (DCOO) အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းဆွေ သည် ခေတ္တယာယီ ဒုတိယအမှုဆောင်အရာရှိချုပ် (DCEO) ရာထူးကို ပြောင်းလဲ တာဝန်ယူထမ်းဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် Ahsan Syed သည် စျေးကွက်ချဲ့ထွင်ရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် (CMO) အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရင်း စီးပွားကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် (CCO) အဖြစ်လည်း ပူးတွဲတာဝန်ယူ လုပ်ကိုင်သွားမည်ဖြစ်သည်။

Back to top