We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Press Release

အက်တမ်(ATOM)သည် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အသိအမှတ်ပြုလက်မှတ်အား (၂)နှစ်ဆက်တိုက်ရရှိ

10 Dec,2025 - Yangon | 3 mins read

  • အက်တမ်(ATOM) သည် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ၂၀၂၄-၂၀၂၅ မှ ၂၀၂၅-၂၀၂၆ အထိ (၂)နှစ် ဆက်တိုက် ဆွတ်ခူးရရှိခဲ့သည်။
  • ဝန်ထမ်းများမှ အက်တမ်(ATOM) ၏ ကောင်းမွန်သော ဝန်ထမ်းဦးစားပေး လုပ်ငန်းခွင် အလေ့အကျင့် ကောင်းများအပေါ် စိတ်ကျေနပ်မှုရလဒ် (satisfaction score) ၈၉% အထိ တိုးမြှင့် ပေးအပ်ခဲ့သည်။
  • အက်တမ်(ATOM) ၏ ထူးခြားကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုမှတစ်ဆင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် အတွေ့အကြုံများ (Employee Journey) အား ပိုမိုခိုင်မာလာစေသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့။     ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် အက်တမ်(ATOM) သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အဖြစ် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အသိအမှတ်ပြုခံခဲ့ရသည်။ ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ်ထားရှိသော အလေးထားယုံကြည်မှုကို ထင်ပေါ်စေသည့် ယခုအောင်မြင်မှုနှင့် အညီ ၉၉% သော ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရလဒ် (employee satisfaction score) ၈၉% ကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ခဲ့ရသည်။ ဤကောင်းမွန်သော ရလဒ်များသည် အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော ယဉ်ကျေးမှုကို ဖော်ဆောင်ရန်နှင့် ဝန်ထမ်းများအား ဖွံ့ဖြိုးအောင်မြင်စေလိုသည့် အက်တမ်(ATOM) ၏ ကြိုးစားအားထုတ်မှုများကို သက်သေပြနေခြင်းလည်း ဖြစ်သည်။

 

အက်တမ်(ATOM)၏ ယခင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® အသိအမှတ်ပြုလက်မှတ် ရရှိမှုတွင် ဝန်ထမ်း ၉၈% ပါဝင်ခဲ့ကြပြီး၊ ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရလဒ် ၈၅% ရရှိခဲ့ပါသည်။ အဆိုပါရလဒ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ယခု၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဝန်ထမ်းများ၏စိတ်ကျေနပ်မှုရာခိုင်နှုန်းသည် ၄ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာခဲ့ပြီး သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ပါသည်။ ယခုလို စဉ်ဆက်မပြတ်သော တိုးတက်မှုများသည် ဝန်ထမ်းများအား စိတ်ချ ယုံကြည်မှုနှင့် စိတ်ဓာတ်ခွန်အားများ ပေးစွမ်းနိုင်စေသည့် အက်တမ်(ATOM) ၏ တစ်သမတ်တည်းကျသော လုပ်ငန်းခွင်တန်ဖိုးများကို မီးမောင်းထိုးပြလျက်ရှိပါသည်။ 

 

အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah  မှ  “အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် Great Place to Work® ဆုကို (၂) နှစ်ဆက်တိုက် ရရှိခြင်းဟာ အက်တမ်(ATOM)ရဲ့ ဝန်ထမ်း ဦးစားပေးယဉ်ကျေးမှုကို အခိုင်အမာပြသနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်း စဉ်ဆက်မပြတ် တိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ပါတယ်။ နောက်ပြီး ဝန်ထမ်းတွေအားလုံးနဲ့အတူ ရည်ရွယ်ချက်ပြည့်ဝပြီး ချိတ်ဆက်မှုကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်စေဖို့ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုတွေကို ဆက်လက် ဖန်တီးပုံဖော်သွားဦးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

အက်တမ်(ATOM) သည် ဝန်ထမ်းများ ကိုယ်တိုင်ပါဝင်နိုင်သည့် ရုံးတွင်းလှုပ်ရှားမှုများဖြစ်သော “Our Behaviour, Our Culture Campaign” အစီအစဉ်၊ ကျန်းမာရေးအစီအစဉ်၊ ပုံမှန်ပြုလုပ်နေကျ employee engagement စစ်တမ်းများနှင့် အဖွဲ့လိုက် ပူးပေါင်း‌ဆောင်ရွက်မှုများမှတစ်ဆင့် ဝန်ထမ်းများ၏ အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုခိုင်မာလာစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လျက်ရှိသည်။   အဆိုပါ အစီအစဉ်များကို ဝန်ထမ်းများ၏ စိတ်ရောကိုယ်ပါ ကျန်းမာမှုကိုမြှင့်တင်ရန်၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် ဝန်ထမ်းများ၏ ကိုယ်ပိုင်ဘ၀နှင့် လုပ်ငန်းခွင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုသည့် သမမျှတသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် နည်းဗျူဟာကျစွာ ဖန်တီးထားရှိခြင်းဖြစ်သည်။

 

အက်တမ်(ATOM) ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် ကိုဇာနည်ထွန်း မှလည်း “ထူးခြား ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်းတွေရဲ့ စကားသံကို  နားထောင်တယ်၊ အကြံပြုချက်ကောင်းတွေကို အကောင်အထည်ဖော်ဆောင်ပြီး ပိုမိုထိရောက်တဲ့ဖြေရှင်းနည်းတွေကိုလည်း အစဉ်မပြတ် ရှာဖွေပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းတွေအားလုံး တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိပြီး အကောင်းဆုံးလုပ်ငန်း လုပ်ဆောင် နိုင်ကြစေဖို့ ခွန်အားပေး၊ တိုက်တွန်းမှုတွေ လုပ်ဆောင်ပါတယ်။ ဒါကြောင့်လည်း ဝန်ထမ်းတွေအားလုံးဟာ ကျွန်တော်တို့ ကြိုးစားပုံဖော်နေတဲ့ အပြုသဘောဆောင်ကာ ချိတ်ဆက်မှုကောင်းတဲ့ လုပ်ငန်းခွင်ရဲ့ ပြယုဂ် အစစ်အမှန်တွေဖြစ်လာသလို အက်တမ်(ATOM) ဝန်ထမ်းတွေရဲ့ မတူကွဲပြားတဲ့ ကျွမ်းကျင်မှု အရည်အသွေး၊ အရည်အချင်းတွေက အခုလိုအသိအမှတ်ပြုခံရဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပံ့ပိုးပေး လိုက်တာလည်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့ ဝန်ထမ်းတွေအတွက် ဆန်းသစ်တီထွင်မှု၊ ဦးဆောင်နိုင်မှုနဲ့ နည်းလမ်းသစ်တွေ ဖော်ဆောင်ဖို့အခွင့်အလမ်းများ ပိုမိုရရှိလာစေမယ့် အလေ့အကျင့် ကောင်းတွေကို ဆက်လက်အားပေး ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

 

တစ်ဦးပေါ်တစ်ဦးလေးစားမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ဂရုစိုက်မှုစတဲ့ ယဉ်ကျေးမှုတွေကို အဓိကထားသော အက်တမ်(ATOM) သည် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးလုပ်ငန်းခွင် Great Place to Work® ၏ စည်းကမ်းများနှင့်အညီ အက်တမ်(ATOM) သည် အကျိုးသက်ရောက်မှုကောင်းမွန်သော လုပ်ငန်းခွင်စံညွှန်း (workplace well-being model)အား  ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ထမ်းများနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် (Beyond Better Future) ဆီသို့ ဆက်လက် ခေါ်ဆောင်သွားမည် ဖြစ်ပါသည်။


-ပြီး-


အက်တမ်အကြောင်း
အက်တမ်(ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ်(ATOM) သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။


အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့်  LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။  

 

 Great Place to Work® အကြောင်း 
လုပ်ငန်းခွင်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Great Place to Work® သည် နှစ် ၃၀ ကြာပြုလုပ်ခဲ့သော အများနှင့်မတူကွဲပြားခြားနားသည့် သုတေသနစစ်တမ်းများနှင့် အချက်အလက်များ ပေါ်မူတည် ပြီး လုပ်ငန်းခွင်တိုင်းကို အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်လာစေရန် ကူညီပံ့ပိုးပေးလျက် ရှိပါ သည်။ Great Place to Work® ကိုယ်ပိုင်ပလပ်ဖောင်း (platform) နှင့် For All™ စံပုံစံသည် ကုမ္ပဏီများ၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှ ဝန်ထမ်းတိုင်း၏ အတွေ့အကြုံကို အကဲဖြတ်ပြီး စံသတ်မှတ်ချက်ပြည့်မှီသော လုပ်ငန်းခွင်များကို Great Place to Work® အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အကောင်းဆုံးလုပ်ငန်းခွင်များ (Best Workplaces™) စာရင်းတွင် ပါဝင်နိုင်ရန် ကူညီပေးပါသည်။

 

သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi

Back to top