We'd like to send you notifications of the latest posts and updates
ပဲခူးတိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရေကြီးရေလျှံမှုအတွက် ကူညီတုံ့ပြန်သည့်အနေဖြင့် အက်တမ် (ATOM) သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် မြန်မာငွေကျပ် သန်း (၆၀) လှူဒါန်းခဲ့ပြီး ရေဘေးသင့်သုံးစွဲသူများအတွက် အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း ပေးအပ်ခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေး အခက်အခဲများ ရှိနေသော်လည်း ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများရှိ ကျွန်ုပ်တို့၏ အက်တမ် (ATOM) ဝန်ထမ်းများသည် အစားအသောက်နှင့် ရေသန့်စင်ဆေးပြားများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို အိမ်ထောင်စု (၂,၀၀၀) ခန့်ထံသို့ လျင်မြန်စွာ ပို့ဆောင်ပေးခဲ့ပါသည်။
Back to top
Share