We'd like to send you notifications of the latest posts and updates
၂၀၂၅ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် လူမှုအသိုင်းအဝိုင်း များကို ကူညီထောက်ပံ့ရန်အတွက် အက်တမ် (ATOM) သည် မြန်မာငွေကျပ် (၃) ဘီလီယံကျော် လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် အခြေခံလိုအပ်သော ပစ္စည်းများ၊ ဆေးဝါးအကူအညီများနှင့် ဆက်သွယ်ရေး အထောက်အပံ့များ ပါဝင်ပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ချိတ်ဆက်ကာ ယာယီခိုလှုံရာနေရာများရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ် (၃၂၅) သန်း တန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင်၊ ငလျင်ဘေးသင့်ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် ဒေတာများကိုလည်း ပေးအပ်ခဲ့ပါသည်။
အက်တမ် (ATOM) သည် နေပြည်တော်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မန္တလေးနှင့် စစ်ကိုင်းဒေသများသို့ မြေပြင်ကွင်းဆင်း၍ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် “အက်တမ်နှင့်အတူ (၂)ဆ လှူ (Double the Donation with ATOM)” အစီအစဉ်မှတစ်ဆင့် သုံးစွဲသူများနှင့် အက်တမ် (ATOM) ၏ ထည့်ဝင်လှူဒါန်းမှု စုစုပေါင်း မြန်မာငွေကျပ် (၅၁.၈) သန်း ရရှိခဲ့ပါသည်။ အဆိုပါ လှူဒါန်းငွေများဖြင့် UN-Habitat နှင့် ပူးပေါင်းကာ မန္တလေးရှိ ငလျင်ဒဏ်သင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တစ်နာရီလျှင် သန့်ရှင်းသောရေ လီတာ (၁,၀၀၀) ထုတ်လုပ်ပေးနိုင်သည့် ရေရှည်ခံ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စနစ်ကို တပ်ဆင်ပေးခဲ့ပြီး လူမှုအသိုင်းအဝိုင်း အတွက် ဘေးကင်းသော သောက်သုံးရေကို ရေရှည်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
Back to top
Share