We'd like to send you notifications of the latest posts and updates
အက်တမ် (ATOM) သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် မိုခါ မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်း များအတွက် မရှိမဖြစ်လိုအပ်သော အသုံးအဆောင် ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ We Love Rakhine နှင့် ပူးပေါင်း၍ အက်တမ် (ATOM) သည် အိမ်ထောင်စု (၂၅၀) အတွက် စားသောက်ကုန်များနှင့် နေအိမ်ပြန်လည်တည်ဆောက်ရေးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အိမ်ထောင်စုတစ်စုစီတိုင်းအတွက် ဆန်နှင့် ပဲ ကဲ့သို့သော စားသောက်ကုန်များအပြင် သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ရေသန့်စင်ဆေးပြား (၃၀) ကိုပါ ပေးအပ်ခဲ့ပါသည်။
ထို့အပြင် နေအိမ်အသစ်များ ဆောက်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် အိမ်ထောင်စုတစ်စုစီသည် (၀.၄၂ mm) အထူရှိ သွပ်ပြား (Aluzinc) အချပ် (၃၀)၊ (၂၄) ပေပတ်လည် တာလပတ်၊ သံနှင့် သွပ်ကြိုးများကိုလည်း ရရှိခဲ့ပါသည်။ အက်တမ် (ATOM) သည် ရခိုင်ပြည်နယ်ရှိ သုံးစွဲသူများ မိမိချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ်စေရန်နှင့် လိုအပ်ပါက အကူအညီတောင်းခံနိုင်ရန်အတွက် အခမဲ့ ဖုန်းခေါ်ဆိုခွင့် မိနစ် (၅၀) နှင့် စာတို SMS (၅၀) ကိုလည်း ပေးအပ်ခဲ့ပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ် သန်း (၂၂၀) ကျော် ရှိပါသည်။
Back to top
Share