We'd like to send you notifications of the latest posts and updates
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆိုးရွားသော ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အက်တမ် (ATOM) သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် (၅၃.၈) သန်းရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့် ပြည်သူ များထံ လှူဒါန်းခဲ့ပါသည်။
အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားများနှင့် ဓာတ်ဆားရည်များကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို အဓိကထား ထောက်ပံ့ပေးခဲ့ရာ အက်တမ် (ATOM) ၏ အကူအညီသည် အိမ်ထောင်စု (၂,၀၀၀) ခန့်ထံသို့ တိုက်ရိုက်ရောက်ရှိခဲ့ပါသည်။ ဤလျင်မြန်သော လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်မှုသည် အကြပ်အတည်းကာလတွင် လူမှုအသိုင်းအဝိုင်း များကို ကူညီပံ့ပိုးလိုသော အက်တမ် (ATOM) ၏ စေတနာကို မီးမောင်းထိုးပြသလျက်ရှိပါသည်။
Back to top
Share