We'd like to send you notifications of the latest posts and updates
တိုင်ဖုန်း ကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့သော လူမှုအသိုက်အဝန်းများကို ကူညီရန် အက်တမ် သည် ကျပ်ငွေ ၁ ဘီလီယံ လှူဒါန်းခဲ့ပြီး ထိခိုက်မှုအများဆုံး ဒေသများရှိ လူဦးရေ ၇၂,၉၃၈ ဦးကျော် အတွက် အရေးပေါ်အကူအညီများ ပေးအပ်ခဲ့ပါသည်။ အရေးပေါ်လိုအပ်ချက်များအတွက် ဆန်၊ စားသုံးဆီ၊ ငါးသေတ္တာ၊ ငါးခြောက်၊ အသင့်စားခေါက်ဆွဲ၊ ပဲနှင့် လက်ဖက်ခြောက်များကို ဖြန့်ဝေပေးခဲ့ပါသည်။ ထို့အပြင် ပါရာစီတမော၊ ဓာတ်ဆား၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး မီးနှင့် ဖုန်းအားသွင်းစက် များပါဝင်သည့် ဆေးဝါးနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းအိတ်များကိုလည်း အင်းလေး၊ ကလော၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ပျဥ်းမနား၊ တောင်ငူ၊ ထန်းတပင် နှင့် ရေနီ အပါအဝင် ဒေသအများအပြားသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ထိခိုက်ဒေသများရှိ အက်တမ် (ATOM) သုံးစွဲသူများအတွက် အခမဲ့ Voice Call ၅၀၀ မိနစ်နှင့် SMS ၅၀၀ ခု ပေးအပ်ခဲ့ပြီး ထပ်မံ၍ မိနစ် ၃၀၀ နှင့် SMS ၃၀၀ ခု ကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။
ရေရှည်ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း မြို့လှ, ပဲခူးတို့တွင် ကျောင်းအဆောက် အအုံ လှူဒါန်းခြင်း၊ ရှမ်းပြည်နယ်၊ မိုင်းသောက်တို့တွင် ICT Lab လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် နေပြည်တော်၊ တပ်ကုန်းတွင် ၅ ဧကအကျယ်အဝန်း သစ်ပင်စိုက်ပျိုးရေးအစီအစဉ် ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ “Double the Donation with ATOM” SMS Campaign မှတစ်ဆင့် Myanmar Red Cross Society အတွက် စုစုပေါင်း ကျပ်ငွေ ၉,၆၁၉,၀၅၆ ကိုလည်း ရန်ပုံငွေရှာဖွေ ပေးနိုင်ခဲ့ပါသည်။
Back to top
Share