We'd like to send you notifications of the latest posts and updates
Article
31 Jul,2025 - Yangon | 3 mins read
ရေးသားသူ - Ahmad Abdallah (အမှုဆောင်အရာရှိချုပ်)
ဒစ်ဂျစ်တယ်ကမ္ဘာကြီးက အလျင်အမြန်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့အလျောက် ချိတ်ဆက်မှု၊ ဖန်တီးမှု နဲ့ ဝန်ဆောင်မှုတွေအတွက် နည်းလမ်းများစွာ ပွင့်လင်းပေါ်ထွက်လာပါတယ်။ ဒီလိုပြောင်းလဲတိုးတက်မှုတွေကြားထဲ အရာတစ်ခုကတော့ ပုံသေဆက်ရှိလို့နေပါတယ်၊ အဲ့တာကတော့ ကျွန်တော်တို့လူသားတွေပါပဲ။ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှုတစ်ခု၊ တီထွင်ဆန်းသစ်မှုတစ်ခုစီတိုင်းက သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်စေလိုတယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုနဲ့ စတင်ပါတယ်။

သုံးစွဲသူတစ်ယောက်ချင်းစီတိုင်းဟာ သူတို့ရဲ့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို မြင်စေ၊ ကြားစေချင်ကြပြီးတော့ စကားနဲ့ရော အလုပ်နဲ့ပါ ကူညီဖြေရှင်းပေးတာကို လိုလားကြပါတယ်။ ဒါကြောင့် customer service ဆိုတာ ပံ့ပိုးမှုတစ်ခုထက်ပိုတဲ့ ဌာနတစ်ခုဖြစ်လာပါတယ်။ သုံးစွဲသူတွေဟာ ကျွန်တော်တို့အတွက် အရေးကြီးကြောင်းကို သူတို့နဲ့ ထိတွေ့ဆက်ဆံလိုက်တဲ့ မက်စေ့ချ်အတိုလေးကဖြစ်စေ၊ သေချာနားထောင်ပြီး ဖြေရှင်းပေးလိုက်တဲ့ ဖုန်းခေါ်ဆိုမှုကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ သုံးစွဲသူနဲ့ထိတွေ့ဆက်ဆံမှုတိုင်းကို လွယ်ကူအဆင်ပြေစေပြီး စာနာမှုပါ ထပ်မံထည့်ပေါင်းလိုက်မယ်ဆိုရင် စိတ်ချမ်းသာ၊ ယုံကြည်ရတဲ့ customer service ကို ပေးစွမ်းနိုင်ပါတယ်။
အက်တမ် (ATOM) နဲ့ အခိုက်အတန့်တိုင်းကို ကိုယ်ပိုင်အမှတ်တရလေး ဖြစ်စေမယ်
ဉာဏ်ရည်တု AI ဟာ ဆက်သွယ်ချိတ်ဆက်မှု ပြောင်းလဲလာခြင်းရဲ့ ရှေ့ဆုံးမှာရှိနေပြီးတော့ လေ့လာသင်ယူခြင်း၊ လိုက်လျောညီထွေစဉ်းစားခြင်း နဲ့ ပြဿနာဖြေရှင်းခြင်းတွေကို ကောင်းစွာလုပ်ဆောင်နေပြီဖြစ်ပါတယ်။ အလိုအလျောက်လုပ်ဆောင်ချက်တွေက လုပ်ငန်းလည်ပတ်မှုကို ထိရောက်မြန်ဆန်စေတယ်ဆိုပေမယ့် အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့လူသားတွေရဲ့ အထိအတွေ့၊ ချိတ်ဆက်ပြောဆိုမှုတွေ အထူးလိုအပ်နေပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ AI ရယ်၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ ပေါင်းစပ်နားလည်ခြင်းအားဖြင့် ပိုမိုမြန်ဆန်ပြီး သုံးစွဲသူတစ်ဦးချင်းအလိုက် ဝန်ဆောင်မှု ပေးအပ်ခြင်းကို channels အားလုံးကတဆင့် လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ အခုလို နည်းပညာနဲ့လူသား မျှတတဲ့နည်းလမ်း အသုံးပြုလိုက်ရင် သုံးစွဲသူတွေနဲ့ထိတွေ့ဆက်ဆံမှု (customer engagement) နဲ့ သုံးစွဲသူတွေအဖြစ် ဆက်လက်ရှိနေစေခြင်း (retention) တွေကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားနိုင်မှာဖြစ်တာကြောင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာတောင် စာနာနားလည်မှုဟာ မရှိမဖြစ်ဖြစ်တာကို တွေ့မြင်နိုင်ပါတယ်။
လူမှုအသိုင်းအဝိုင်းကို ဦးစားပေးတဲ့ အက်တမ် (ATOM) ဟာ သုံးစွဲသူတွေရဲ့ စကားကို သေချာ နားထောင်၊ ဂရုတစိုက်ဖြေရှင်းပေးပြီး စစ်မှန်တဲ့ယုံကြည်မှုကို customer service အပိုင်းမှာ ထည့်သွင်း တည်ဆောက်ပါတယ်။ Customer service ပေးတဲ့အပိုင်းမှာ ကျွန်တော်တို့က ဒစ်ဂျစ်တယ် နဲ့ AI အကူအညီတွေရယူပြီး သုံးစွဲသူတွေရဲ့ စောင့်ဆိုင်းချိန်ကို လျှော့ချကာ စိတ်ကျေနပ်မှုရရှိအောင် လုပ်ဆောင်နေပါတယ်။ Call Centre မှာ လက်ရှိအသုံးပြုနေတဲ့ Interactive Voice Response (IVR) စနစ်က ဖုန်းခေါ်သူရဲ့ အချက်အလက်တွေကို သေချာစွာစုစည်းပေးပြီး ပြဿနာဖြေရှင်းပေးနိုင်မယ့် agent တွေဆီကို ဆက်သွယ်ချိတ်ဆက်ပေးတာကြောင့် နှောင့်နှေးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ တစ်ချိန်ထဲမှာပဲ Digital Care ပလက်ဖောင်းတွေရဲ့ အလိုအလျောက်စနစ်တွေဟာ ပုံမှန်ဆက်သွယ်မေးမြန်းမှုတွေကို မြန်မြန်၊ မှန်မှန်နဲ့ စီမံနိုင်တဲ့အတွက် သုံးစွဲသူတွေနဲ့ စတင်ထိတွေ့တဲ့အချိန်မှာတင် ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။
အက်တမ် (ATOM) ရဲ့ customer service ဒစ်ဂျစ်တယ်ဂေဟစနစ်မှာ စိတ်ခံစားမှုဉာဏ်ရည်ဉာဏ်သွေးပါ ပါဝင်နေတဲ့အတွက် သာမန်ပြောဆိုဆက်ဆံမှုတွေကို စာနာနားလည်မှုရှိတဲ့ စကားတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အမှတ်တရဖြစ်စေမယ့်အတွေ့အကြုံတွေကို အမြဲဖန်တီးပေးပြီး ပုံမှန်သုံးစွဲသူတွေကနေ ဘဝတစ်သက်တာ ဝန်ဆောင်မှုရယူသူတွေအဖြစ် ပြောင်းလဲလိုတဲ့ ရည်ရွယ်ချက်နဲ့ နည်းပညာကြားမှာ လူသားဆန်မှုကို ထည့်ပေါင်းထားတာဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ အခက်အခဲ၊ ကွဲပြားမှုတွေကို သိရှိခွင့်ရပြီး ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ လူသားဆန်ဆန်၊ စာနာနားလည်မှုအပြည့်နဲ့ ပံ့ပိုးပေးရမလဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။
အကောင်းဆုံးဝန်ဆောင်မှုအတွက် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ခြင်း
သုံးစွဲသူ ၇၃ ရာခိုင်နှုန်းရဲ့ ဖြေကြားချက်အရ ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုဟာ ဈေးနှုန်းနဲ့ ထုတ်ကုန်ထက်ပိုပြီး အမှတ်တံဆိပ်အပေါ်သစ္စာရှိမှုအတွက် အရေးပါတယ်လို့ စစ်တမ်း (PwC, 2018) က ဆိုထားတာနဲ့အညီ သုံးစွဲသူအတွေ့အကြုံရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကို ပိုသတိထားမိလာကြပါတယ်။ ကဏ္ဍအသီးသီးက ထိပ်တန်းအမှတ်တံဆိပ်တွေဟာ ကောင်းမွန်တဲ့အတွေ့အကြုံတွေဖန်တီးနိုင်ဖို့ လုပ်ငန်းခွင်နဲ့ ဝန်ထမ်းတွေက အခရာကျတယ်ဆိုတာကို နားလည်ထားပါတယ်။ ဝန်ထမ်းတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အလေးပေးခြင်းအားဖြင့် ကျွမ်းကျင်မှုအရည်အသွေးတွေ မြှင့်တင်ပေးပြီး သာမန်ထက်ပိုတဲ့ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုတွေကို ရယူလုပ်ကိုင်စေတာကြောင့် သုံးစွဲသူတွေရဲ့ ရှေရှည်သစ္စာရှိမှုကိုလည်း ပိုင်ဆိုင်နိုင်ပါတယ်။
ဒီအချက်ကို နားလည်သဘောပေါက်ပြီး ကောင်းမွန်တဲ့ customer service အလေ့အကျင့်တွေအတိုင်း အက်တမ် (ATOM) က ဝန်ထမ်းတွေကို ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါတယ်။ အက်တမ် (ATOM) ရဲ့ Customer Service Agent တွေဟာ ၂၁ ရက်တာ onboarding သင်တန်းအပြင် ပုံမှန်ပြုလုပ်နေကျ ဝန်ဆောင်မှုထုတ်ကုန်ဆိုင်ရာ အစီအစဉ်၊ customer service mindset နဲ့ အင်္ဂလိပ်ဘာသာရပ် သင်တန်းတွေကို တက်ရောက်ကြရပါတယ်။ ဒီသင်တန်းတွေကတစ်ဆင့် customer complaint ကိုင်တွယ်ဖြေရှင်းမှု၊ သုံးစွဲသူ customer တွေရဲ့ အချက်အလက်စီမံမှု၊ service ticking စနစ်ခန့်ခွဲမှု၊ ထုတ်ကုန်ဆိုင်ရာအချက်အလက်တွေကို သိရှိနားလည်မှု စတဲ့ အရည်အချင်းတွေ လေ့လာသင်ယူနိုင်တဲ့အတွက် ဝန်ဆောင်မှုအရည်အသွေးပိုင်းမှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
အက်တမ် (ATOM) ရဲ့ ကတိကဝတ်တွေဟာ သင်တန်းပို့ချမှုတွေတင် ရပ်မသွားပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ Call Centre၊ ဝန်ဆောင်မှုကောင်တာ၊ အရောင်းပြခန်း နဲ့ လက်ကားဆိုင်တွေကတဆင့် သုံးစွဲသူတွေ နေရာမရွေး ဝန်ဆောင်မှု ရရှိနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အခုလို ခိုင်မာတောင့်တင်းတဲ့ အခြေခံအဆောက်အအုံတွေကို သုံးစွဲသူတွေရဲ့ insights တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ customer service ပေးတဲ့အပိုင်းမှာ ပိုအဆင်ပြေစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ အခက်အခဲတွေကို အချက်အလက်အခြေခံထားတဲ့ စာနာနားလည်ခြင်း ဝန်ဆောင်မှုနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်တာလည်း ဖြစ်ပါတယ်။
လူသား၊ နည်းပညာ နဲ့ ကျယ်ပြန့်တဲ့ကွန်ရက်တွေက ယုံကြည်မှုဆိုတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုကို ပေးစွမ်းပါတယ်။ ဒီယုံကြည်မှုကပဲ သုံးစွဲသူတွေကို အမှတ်တံဆိပ်တစ်ခုအပေါ် ရေရှည်သစ္စာစောင့်သိသူတွေအဖြစ် ပြောင်းလဲစေတာဖြစ်ပါတယ်။
နိဂုံး
ကျွန်တော်တို့ဟာ ပုံသေကားချပ်တွေကို စိန်ခေါ်ပြီး လူမှုအသိုင်းအဝိုင်းကို ဦးစားပေးလုပ်ကိုင်ပါတယ်။ အနာဂတ်ကိုရှေးရှုကာ အဆင့်မြင့် AI နည်းပညာတွေကို ပေါင်းစပ်အသုံးပြုသွားမှာဖြစ်လို့ သုံးစွဲသူတစ်ဦးချင်းစီနဲ့ ထိတွေ့မှုတိုင်းကို သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ပါတယ်။ Intelligent စနစ်ဖြစ်တဲ့ ဘာသာရပ် နဲ့ စိတ်ခံစားမှုကို နားလည်နိုင်စွမ်း Multilingual AI Chatbots with Sentiment Understanding သာမက ကျွန်တော်တို့အဖွဲ့ဝင်တွေကိုပါ အချိန်နဲ့တပြေးညီ အထောက်အကူဖြစ်စေမယ့် AI Co-Pilot နဲ့ Voice of Customer (VOC) အကူအညီတွေကြောင့် သုံးစွဲသူရဲ့ လိုအပ်ချက်ကို သူတို့ ထုတ်မပြောခင်မှာတင် ကြိုတင်ခန့်မှန်းနိုင်စေပြီး ဝန်ဆောင်မှုပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ခဏတာအတွက် ဝန်ဆောင်မှုပေးတာမဟုတ်ပဲ လူသားဆန်တဲ့ စည်းစနစ်ကျသော ရေရှည်ဆက်ဆံရေးကို ပုံဖော်တည်ဆောက်နေတာကြောင့် ဖြစ်ပါတယ်။
Back to top
Share